US က သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပိုမိုရယူလိုနေပါတယ်။ သြစီက ဒါတွေကို ပေးအပ်လိုက်မှာလား

Travellers wait at a Transportation Security Administration checkpoint at San Francisco International Airport (Getty)

Travelers wait in line at a Transportation Security Administration (TSA) checkpoint at San Francisco International Airport (SFO) in San Francisco, California, US, on Tuesday, Nov. 25, 2025. The US faces a hodgepodge of bad weather this week, from chills in Chicago and New York to thunderstorms across Texas, raising the threat of travel delays for the country's busy Thanksgiving holiday. Photographer: David Paul Morris/Bloomberg via Getty Images Source: Bloomberg / Bloomberg/Bloomberg via Getty Images

သြစတြေးလျနိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဇီဝဆိုင်ရာအချက်အလက် (Biometric data) တွေကို အမေရိကန်ထံ လွှဲပြောင်းပေးအပ်ဖို့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေတာကြောင့် ကိုယ်ရေးလုံခြုံမှုနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။


အမေရိကန်နဲ့ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ရထားတဲ့ အခြားနိုင်ငံတွေကလည်း ဒေတာမျှဝေမှု သဘောတူညီချက် တိုးချဲ့ဖို့ အဆိုပြုချက်တွေကို စဉ်းစားနေကြချိန်မှာ သြစတြေးလျအစိုးရဘက်ကတော့ ဒီကိစ္စကို စဉ်းစားနေခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိသေးပါဘူး။

 အမေရိကန်နိုင်ငံမှာတော့ ICE (လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အာဏာပိုင်) အေးဂျင့်တွေဟာ လက်နက်တွေ၊ တိုက်ခိုက်ရေးဝတ်စုံတွေ အပြည့်အစုံနဲ့ လမ်းမတွေပေါ်မှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်‌နေတာကို မြင်နိုင်ပေမယ့် သူတို့လက်ထဲမှာ မမြင်နိုင်တဲ့ အခြားလက်နက်တစ်ခုလည်း ရှိနေပါတယ်။

အဲဒါကတော့ ပစ်မှတ်ထားသူတွေကို ရှာဖွေထောက်လှမ်းဖို့အတွက် ICE အေးဂျင့်တွေရဲ့ နည်းဗျူဟာမြောက် ဝတ်စုံတွေအောက်မှာ ထည့်သွင်းထားတဲ့ ခေတ်မီနည်းပညာတွေပဲ ဖြစ်ပါတယ်။

ကမ္ဘာ့စစ်တပ်အများစုထက်ပိုတဲ့ ဘတ်ဂျက်ကို အသုံးပြုခွင့်ရထားတဲ့ ICE အေးဂျင့်တွေဟာ အဆင့်မြင့် ဇီဝဆိုင်ရာ ခြေရာခံစနစ်တွေကို အသုံးပြုခွင့်ရထားသလို၊ အဲဒီစနစ်တွေကို အသုံးပြုရာမှာလည်း တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ သိပ်မရှိပါဘူး။

အခုအခါမှာတော့ သြစတြေးလျနိုင်ငံသားတွေရဲ့ ဇီဝဆိုင်ရာအချက်အလက်တွေနဲ့ အခြားသတင်းအချက်အလက်တွေကို အမေရိကန်အစိုးရနဲ့ ICE လို အေဂျင်စီတွေဆီ မျှဝေဖို့ သြစတြေးလျက ညှိနှိုင်းနေနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

ကင်ဘာရာတက္ကသိုလ်က AI (ဉာဏ်ရည်တု) နဲ့ ဒေတာစီမံအုပ်ချုပ်မှုဆိုင်ရာ ကထိကတစ်ဦးဖြစ်သူ Tess Rooney က အခုလို ပြောပါတယ်။

 "ဇီဝဆိုင်ရာလက္ခဏာ (Biometric traits) တွေဟာ ခန္ဓာကိုယ်နဲ့ ဆက်စပ်နေတာပါ။ ဒါတွေက အသစ်လဲပစ်လို့ မရပါဘူး။ ခရက်ဒစ်ကတ် ဒါမှမဟုတ် password လို အရာတွေက တစ်ခါ အခိုးခံရရင် အသစ် လဲပစ်လိုက်လို့ ရပါတယ်။ Biometrics ဆိုတာ ကတော့ သင့်ခန္ဓာကိုယ်ကနေ ကောက်ယူထားတဲ့ အချက်အလက်တွေပါ။ ဒါကြောင့် အချို့သော Biometrics တွေကနေတစ်ဆင့် ကျန်းမာရေးအခြေအနေ၊ မျိုးရိုးဗီဇ၊ လူမျိုးစုနောက်ခံ၊ မသန်စွမ်းမှုနဲ့ တစ်ခါတလေ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုပါ သိရှိသွားနိုင်ပါတယ်။ အဲဒါကြောင့် မို့လို့လဲ အဲလို အချက်အလက်တွေကို ထိလွယ်ရှလွယ်တဲ့ အချက်အလက်များ (Sensitive information) အဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်။"

သြစတြေးလျနိုင်ငံမှာလည်း နိုင်ငံတကာ ခရီးသွားလာသူတွေ ဒါမှမဟုတ် သြစတြေးလျကို လာရောက်တဲ့ နိုင်ငံခြားသားတွေဆီကနေ ပြည်ထဲရေးဝန်ကြီးဌာန (Home Affairs) ကနေ ဇီဝဆိုင်ရာအချက်အလက်တွေကို ကောက်ယူလေ့ရှိပါတယ်။

လက်ရှိမှာ သြစတြေးလျနိုင်ငံသားတွေဟာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်အရ အမေရိကန်ကို သွားရောက်နိုင်ပြီး ဒေတာမျှဝေမှုဆိုင်ရာ သဘောတူညီချက်အချို့လည်း ရှိနှင့်ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်တုန်းကတော့ ဒီလိုအချက်အလက်တွေကို အချို့သော အခြေအနေမျိုးတွေမှာပဲ မျှဝေခဲ့တာပါ။

အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရှေ့နေတစ်ဦးဖြစ်ပြီး Globalised ရဲ့ ရှေ့နေချုပ်ဖြစ်သူ Sherwin Noorian က အခုလို ရှင်းပြထားပါတယ်။

"ဒါဟာ တကယ်ကို စိုးရိမ်စရာပါ။ လောလောဆယ်တော့ ညှိနှိုင်းမှုအဆင့်မှာပဲ ရှိနေပုံရပါတယ်။ သြစတြေးလျနဲ့ အမေရိကန်ကြားမှာ ညှိနှိုင်းမှုတွေ ဘယ်လောက်အထိ ရောက်နေပြီလဲဆိုတာ အတိအကျ မသိရသေးပေမဲ့၊ Five Eyes (ထောက်လှမ်းရေးမဟာမိတ် ငါးနိုင်ငံ) အဆင့်မှာတင် မဟုတ်ဘဲ ခရီးသွားလာရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်တွေအတွက် အချို့သော သြစတြေးလျနိုင်ငံသားတွေရဲ့ တစ်ဦးချင်းအချက်အလက်တွေကို အမေရိကန်နဲ့ မျှဝေနေတာတွေ ရှိနှင့်နေပြီဆိုတာကို သတိပြုဖို့ အရေးကြီးပါတယ်။"

၂၀၂၂ ခုနှစ်မှာ အဲဒီတုန်းက အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်က ဗီဇာကင်းလွတ်ခွင့်အစီအစဉ်မှာ ပါဝင်လိုတဲ့ နိုင်ငံတွေအနေနဲ့ "တိုးမြှင့်ထားသော နယ်စပ်လုံခြုံရေး မိတ်ဖက်အစီအစဉ်" (EBSP) ကို အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနနဲ့ သဘောတူလက်မှတ်ထိုးရမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်အရ အမေရိကန်ဟာ တခြားနိုင်ငံတွေရဲ့ Biometric နဲ့ ID ဒေတာဘေ့စ်တွေကို ဝင်ရောက်ကြည့်ရှုခွင့် ရမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ မဖြစ်မနေ အကောင်အထည်ဖော်ရမှာ ဖြစ်ပြီး၊ Trump အစိုးရက ၂၀၂၅ ခုနှစ်မှာ ဒီမိတ်ဖက်အစီအစဉ်ရဲ့ လုပ်ပိုင်ခွင့်နယ်ပယ်ကို ထပ်မံတိုးချဲ့ခဲ့ပါတယ်။

သြစတြေးလျအစိုးရကတော့ ဒီသဘောတူညီချက်အတွက် ညှိနှိုင်းမှုတွေ လုပ်နေသလားဆိုတာကို အခုထိ ထုတ်ဖော်မပြောသေးပေမဲ့ ဗီဇာကင်းလွတ်ခွင့်ရထားတဲ့ နိုင်ငံ ၄၀ ထဲမှာ ဆက်လက်ပါဝင်နိုင်ဖို့အတွက် ဒီကိစ္စကို ညှိနှိုင်းရဖို့ ရှိနေပါတယ်။

ခိုင်မာတဲ့ ကာကွယ်တားဆီးမှုတွေ မရှိဘူးဆိုရင် အမေရိကန်ကို သွားဖို့ စိတ်တောင်မကူးဖူးတဲ့ သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေတောင် အမေရိကန်အစိုးရနဲ့ ICE လို အေဂျင်စီတွေရဲ့ ဒေတာဘေ့စ်တွေထဲ ရောက်သွားနိုင်တယ်လို့ Tess Rooney က ဆိုပါတယ်။

 "ဒါဟာ အခုရှိနေတဲ့ Migration Five ဒေတာမျှဝေမှု မူဘောင်တွေ ဒါမှမဟုတ် ဥပဒေစိုးမိုးရေး မူဘောင်တွေအောက်က မျှဝေမှုတွေနဲ့ အတော်လေး ကွာခြားသွားပြီး သြစတြေးလျနိုင်ငံသား အားလုံးနီးပါးရဲ့ အချက်အလက်တွေ ပါဝင်သွားနိုင်ပါတယ်။ အရင်ကတော့ ဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေမှာပဲ အကန့်အသတ်နဲ့ မျှဝေခဲ့တာပါ။"

ဒါဆို သူတို့က ဘယ်လို ဒေတာတွေကို လိုချင်နေတာလဲ? ဘာကြောင့်လဲ။. နားဆင်နိုင်ပါပြီ။


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now