အကောင်းဆုံး ဓာတ်ပုံတစ်ပုံကို ဥပဒေနဲ့အညီ ဘယ်လိုရိုက်မလဲ

Woman taking photograph.jpg
For many people, photography is a favourite pastime. Credit: Pia Jessen

သင်ဟာ ဆိုရှယ်မီဒီယာအတွက် သတင်းတွေ၊ ဓာတ်ပုံနဲ့ တခြားအကြောင်းအရာတွေကို ဖန်တီးရေးသူတစ်ယောက်ပဲဖြစ်ဖြစ်၊ ကျွမ်းကျင်ဓာတ်ပုံဆရာတစ်ယောက်ပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်တာကို အခုမှ စတင်သူပဲဖြစ်ဖြစ်... ဘယ်နေရာတွေမှာ ဓာတ်ပုံရိုက်ခွင့်ရှိပြီး ဘယ်နေရာတွေမှာ ရိုက်ခွင့်မရှိဘူးလဲဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။


Published

By Phil Tucak

Presented by Melissa Compagnoni, Mu Laing Thein

Source: SBS




Share this with family and friends


သင်ဟာ ဆိုရှယ်မီဒီယာအတွက် သတင်းတွေ၊ ဓာတ်ပုံနဲ့ တခြားအကြောင်းအရာတွေကို ဖန်တီးရေးသူတစ်ယောက်ပဲဖြစ်ဖြစ်၊ ကျွမ်းကျင်ဓာတ်ပုံဆရာတစ်ယောက်ပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်တာကို အခုမှ စတင်သူပဲဖြစ်ဖြစ်... ဘယ်နေရာတွေမှာ ဓာတ်ပုံရိုက်ခွင့်ရှိပြီး ဘယ်နေရာတွေမှာ ရိုက်ခွင့်မရှိဘူးလဲဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။


Key Points

  • You can take photographs of people in public areas, but you can't use the images for commercial purposes without their consent.
  • You must gain permission to photograph private property, including farm paddocks.
  • Photography of military facilities is prohibited.
  • It’s best to follow any signage or local advice regarding photography of Indigenous areas or public memorials.

ဓာတ်ပုံရိုက်ကူးခြင်းဟာ အသက်အရွယ်မရွေး၊ ကျွမ်းကျင်မှုအဆင့်မရွေး လူတိုင်းနှစ်သက်ကြတဲ့ အပန်းဖြေဝါသနာတစ်ခု ဖြစ်ပါတယ်။

အခုခေတ် ဆိုရှယ်မီဒီယာတွေပေါ်မှာ လူတွေ၊ နေရာတွေနဲ့ အရာဝတ္ထုတွေရဲ့ လှပတဲ့ပုံရိပ်တွေ ပျံ့နှံ့နေတာကြောင့်... ဘယ်သူ့ကို၊ ဘယ်နေရာမှာ ဓာတ်ပုံရိုက်ခွင့်ရှိသလဲဆိုတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။

လမ်းပေါ်မှာဖြစ်ဖြစ်၊ ပန်းခြံထဲမှာဖြစ်ဖြစ်၊ ဒါမှမဟုတ် ကမ်းခြေမှာဖြစ်ဖြစ်... အများပြည်သူဆိုင်ရာ နေရာတွေမှာရှိတဲ့ လူတွေကို သင် ဓာတ်ပုံရိုက်လို့ ရပါတယ်။

ဒါပေမဲ့ အဲဒီဓာတ်ပုံတွေကို ကာယကံရှင်ရဲ့ သဘောတူညီချက်မရှိဘဲ စီးပွားရေးလုပ်ငန်းသုံးအတွက် အသုံးပြုလို့တော့ မရပါဘူး။ အဲဒီအကြောင်းကို သြစတြေးလျ ဓာတ်ပုံအသင်းဥက္ကဋ္ဌ ပီယာ ဂျက်ဆင် (Pia Jessen) က အခုလို ရှင်းပြထားပါတယ်။

ယေဘုယျအားဖြင့် ပြောရရင် သြစတြေးလျက အများပြည်သူဆိုင်ရာ နေရာတွေမှာ ကာယကံရှင်ရဲ့ ခွင့်ပြုချက်မလိုဘဲ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးလို့ ရပါတယ်။ ဆိုလိုတာကတော့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာမှာ ရောက်နေတဲ့လူအနေနဲ့ ဓာတ်ပုံအရိုက်မခံချင်ခွင့် မရှိပါဘူး။ အများပြည်သူဆိုင်ရာ နေရာတွေမှာ လူတွေကို ဓာတ်ပုံရိုက်ခွင့် ရှိတယ်ဆိုပေမဲ့လည်း သူတို့ရဲ့ သဘောတူညီချက်မရဘဲ အဲဒီပုံတွေကို စီးပွားရေးလုပ်ငန်းသုံးအတွက် အသုံးပြုလို့ မရပါဘူး။ ပြီးတော့ ဓာတ်ပုံရိုက်တာဟာ နှောင့်ယှက်ဖျက်ဆီးမှု ဖြစ်လာရင် ဥပဒေနဲ့ မညီတော့ပါဘူး။ ဥပမာ - ရိုက်တာကို ငြင်းဆန်နေတဲ့သူတစ်ယောက်ကို ဇွတ်အတင်း လိုက်ရိုက်နေတာမျိုး ဒါမှမဟုတ် အိမ်သာနဲ့ အဝတ်လဲခန်းတွေလိုမျိုး လူတွေရဲ့ သီးသန့်လုံခြုံမှု ရှိရမယ့်နေရာတွေမှာ ရိုက်ကူးတာမျိုး ဖြစ်ပါတယ်။

People on Melbourne street.jpg
You can take photos of people in public spaces, but you can't use the images for commercial purposes without their consent. Credit: Pia Jessen

ဓာတ်ပုံတစ်ပုံကြောင့် တခြားသူတစ်ယောက်ရဲ့ သိက္ခာကို ထိခိုက်နာကျင်စေတာ ဒါမှမဟုတ် မတရား သရုပ်ဖော်သလို ဖြစ်သွားရင် ဘယ်လိုတုံ့ပြန်လာနိုင်လဲဆိုတာ အပါအဝင်... တခြားဥပဒေကြောင်းအရ စဉ်းစားစရာတွေလည်း ရှိပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ ဖန်တီးမှုအနုပညာဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သူ ရှာရွန် ဂျီဗိုနီ (Sharon Givoni) က အခုလို ပြောပြထားပါတယ်။

အကယ်၍ သင်က တစ်စုံတစ်ယောက်ကို သိက္ခာကျစေမယ့် ပုံစံမျိုး၊ ဒါမှမဟုတ် ထိခိုက်နာကျင်စေမယ့် ပုံစံမျိုးနဲ့ ဓာတ်ပုံရိုက်လိုက်မယ်ဆိုရင် သူတို့က သင့်ကို တရားစွဲဆိုနိုင်ခွင့် ရှိပါတယ်။ ကျွန်မတို့ ကိုယ့်အိမ်တံခါးဝကနေ အပြင်ထွက်လိုက်တာနဲ့ နေရာတိုင်းမှာ လိုက်နာရမယ့် ကိုယ်ပိုင်စည်းကမ်းတွေ ရှိပါတယ်။ ဥပမာ - gym အားကစားခန်းမမှာလည်း စည်းကမ်းတွေ ရှိနိုင်သလို၊ ရေကူးကန်မှာလည်း စည်းကမ်းတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး အကြံဉာဏ်ကတော့ ဓာတ်ပုံရိုက်လို့ ရမရ အမြဲတမ်း ကြိုတင်မေးမြန်း စုံစမ်းဖို့ပါပဲ။

With social media, it becomes a colour palette, it becomes fields of gold... We can see this paddock and we can think, 'wow', that's going to be our content. But that's someone's workplace, or it might be a farmer's annual income.
Sharon Givoni

တကယ်လို့ သင်ဟာ နယ်ဘက်တွေမှာ ခရီးသွားရင်း ပန်းတွေ အပြည့်ပွင့်နေတဲ့ ကနိုလာ (Canola) ဆီထွက်သီးနှံစိုက်ခင်းလိုမျိုး လယ်ယာမြေတွေကို ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်... အန္တရာယ်အကင်းဆုံး ဥပဒေကြောင်းအရ ရွေးချယ်မှုကတော့ ဝင်ခွင့်မရမချင်း ခြံစည်းရိုးအပြင်ဘက်ကနေပဲ ဓာတ်ပုံ ရိုက်ဖို့ဖြစ်တယ်လို့ မစ္စ ဂျီဗိုနီ က ဆိုပါတယ်။

A canola field.jpg
Always seek permission before entering a paddock or field. Credit: Agustin Gunawan / Unsplash

ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ စိုက်ခင်းက ဆေးရောင်ခြယ်စုတ်ချက်တစ်ခုလို၊ ရွှေရောင်လွှမ်းနေတဲ့ ကွင်းပြင်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ ဒါက တကယ့်ကို စွဲမက်စရာကောင်းတော့ ကျွန်မတို့က ဒီစိုက်ခင်းကြီးကို မြင်လိုက်တဲ့အခါ ‘ဝါး... ဒါ ငါတို့ ဆိုရှယ်မီဒီယာအတွက် အလန်းစားပုံတွေ ဖြစ်တော့မှာပဲ’ လို့ တွေးမိကြမှာပါ။ ဒါပေမဲ့ ဒါက တစ်စုံတစ်ယောက်ရဲ့ လုပ်ငန်းခွင်ဖြစ်ပြီး လယ်သမားတစ်ဦးရဲ့ တစ်နှစ်တာဝင်ငွေလည်း ဖြစ်နိုင်ပါတယ်။ သင်ကတော့ Like (လိုက်ခ်) တွေ ရတာကိုပဲ မြင်ရနိုင်ပေမယ့် ကျွန်မတို့ မမြင်ရတာ ဒါမှမဟုတ် မတွေးမိတာကတော့ တာဝန်ယူရမှု ဖြစ်ပါတယ်။ သင်ဟာ ခြံစည်းရိုးရဲ့  အတွင်းထဲမှာ ဖြစ်နေရင် မှားယွင်းတဲ့ဘက်ခြမ်းမှာ ရှိနေရုံတင်မကဘဲ ဥပဒေရဲ့ မှားယွင်းတဲ့ဘက်ကိုပါ ရောက်သွားနိုင်ပါတယ်။ ဒါက ပိုင်နက်ကျူးလွန်မှု အထင်အရှား ဖြစ်နိုင်ပြီး သင် စိုက်ခင်းထဲမှာ ချန်ထားခဲ့တဲ့ ခြေရာတွေက အဲဒီသီးနှံကို စိုက်ပျိုးတဲ့သူအတွက် တကယ့်ငွေကြေးဆုံးရှုံးမှု ဖြစ်သွားစေနိုင်ပါတယ်။”

ဂျက်စတင် ဟော့ပ်ဆန် (Justin Hobson) ကတော့ ဗစ်တိုးရီးယားပြည်နယ်ရဲ့ Ballarat (ဘဲလာရက်တ်) မြို့အနီး ရှုခင်းလှပတဲ့ ဒေသတစ်ခုမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူဖြစ်ပါတယ်။

ကျွန်တော်တို့ရှိတဲ့နေရာက နောက်ခံရှုခင်း တော်တော်လှပါတယ်။ ဒါပေမဲ့ လူတော်တော်များများက ကနိုလာပန်းတွေ ပွင့်လာပြီဆိုရင် အထဲကိုဝင်ပြီး ဓာတ်ပုံရိုက်ချင်ကြတယ်... ဒါက ဇီဝလုံခြုံရေးအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ဓာတ်ပုံရိုက်ဖို့အတွက် စိုက်ခင်းထဲကို တစ်ယောက်ယောက် ဝင်သွားလို့ အကယ်၍ တစ်ခုခု ထိခိုက်ဒဏ်ရာရသွားရင် ဘယ်သူက တာဝန်ယူမှာလဲ? ပြီးတော့ အမှိုက်တွေ ချန်ထားခဲ့တာမျိုးနဲ့ ခြံစည်းရိုးတံခါးတွေကို သေချာပြန်မပိတ်ခဲ့တာမျိုးတွေလည်း ရှိပါတယ်။ ဧက ၅၀၀ ကျယ်တဲ့ စိုက်ခင်းကြီး ဖြစ်ချင်ဖြစ်နေမယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါဟာ ကျွန်တော်က ခင်ဗျားရဲ့ အိမ်နောက်ဖေး ဥယျာဉ်ထဲကို ဝင်ပြီး ခင်ဗျားစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်ခင်းကို ဝင်ကြည့်တာနဲ့ အလားတူတဲ့ အပြုအမူပါပဲ။ ကျနော်ကသာ အဲလို လုပ်ရင် ခင်ဗျားလည်း ‘မင်း ငါ့ခြံထဲ ဘာလုပ်နေတာလဲ’ လို့ မေးမှာပဲမဟုတ်လား။ အတူတူပါပဲ၊ စိုက်ခင်း ပမာဏ ပိုကြီးသွားတာပဲ ကွာပါတယ်။ ဒါဟာ တစ်စုံတစ်ယောက်ရဲ့ လယ်ယာမြေထဲကို ပိုင်နက်ကျူးလွန်တာပါပဲ။

At the end of the day, it's no different for me walking into your backyard and looking at your veggie garden and you're going to be like, 'what are you doing?' It's nearly identical on a larger scale – you're trespassing onto someone's farm.
Justin Hobson

ဇီဝလုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုကတော့ လူတွေက သူတို့မသိလိုက်ဘဲ မြေဆီလွှာတွေ၊ မျိုးစေ့တွေ ဒါမှမဟုတ် ပိုးမွှားတွေကို ခြံဝင်းထဲ ယူဆောင်လာမိရာကနေ ရောဂါတွေ ပျံ့နှံ့စေတာ ဒါမှမဟုတ် အန္တရာယ်ပြုနိုင်တဲ့ ပေါင်းပင်တွေ ရောက်လာစေတာမျိုး ဖြစ်နိုင်လို့ပါပဲ။

ဒါကြောင့် အကောင်းဆုံးအကြံပြုချက်ကတော့ စိုက်ခင်းခြံစည်းရိုးရဲ့ အပြင်ဘက်ကနေပဲ ဓာတ်ပုံရိုက်ဖို့နဲ့ စိုက်ခင်းထဲမဝင်ခင် ခွင့်ပြုချက်တောင်းဖို့ ဖြစ်ပါတယ်။ မြေပိုင်ရှင်အများစုကတော့ ရိုရိုသေသေရှိတဲ့ ဧည့်သည်တွေကို ကြိုဆိုတတ်ကြပါတယ်။

Defence comes in a very different category. Access is restricted. Photographing sensitive facilities can raise national security issues, even from outside the fence in some cases.
Sharon Givoni

ယဉ်ကျေးမှုဆိုင်ရာ အကြောင်းပြချက်တွေကြောင့် တချို့နေရာမှာ ဓာတ်ပုံရိုက်လို့မရတာမျိုး ရှိနိုင်ပါတယ်။ ဥပမာ... ဌာနေတိုင်းရင်းသားတွေရဲ့ အထွဋ်အမြတ်ထားရာနေရာတွေနဲ့ ကာကွယ်စောင့်ရှောက်ထားတဲ့ နေရာအချို့မှာ ဓာတ်ပုံရိုက်ကူးခွင့် မပြုတာမျိုးလည်း ရှိနိုင်တယ်လို့ မစ္စ Givoni ဂျီဗိုနီ က ရှင်းပြပါတယ်။

ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စဉ်းစားချက်တွေကြောင့်... ပုဂ္ဂလိကပိုင် သတ္တုတွင်း လုပ်ငန်းခွင်တွေ ဒါမှမဟုတ် အစိုးရရဲ့ ကာကွယ်ရေးဆိုင်ရာ အဆောက်အအုံတွေကို ဓာတ်ပုံရိုက်ဖို့အတွက်လည်း ခွင့်ပြုချက်တွေ လိုအပ်နိုင်ပါတယ်။

“ကာကွယ်ရေးကဏ္ဍကတော့ လုံးဝကွဲပြားတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဝင်ခွင့်ကို ကန့်သတ်ထားပါတယ်။ လုံခြုံရေးအရ ထိလွယ်ရှလွယ်တဲ့ အဆောက်အအုံတွေကို ဓာတ်ပုံရိုက်တာဟာ အချို့ကိစ္စတွေမှာ ခြံစည်းရိုးအပြင်ဘက်ကနေ ရိုက်တာမျိုးဖြစ်ရင်တောင် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။”

Photographer in field.jpg
Keep in mind respect for people and nature when taking photos. Credit: Maureen Gilbert

ဒရုန်း (Drone) တွေဟာလည်း ရေပန်းစားတဲ့ ဓာတ်ပုံရိုက်ကူးရေး ကိရိယာတစ်ခု ဖြစ်လာပါတယ်။

တကယ်လို့ သင်ဟာ ဒရုန်းကို စီးပွားရေးလုပ်ငန်းသုံး ဓာတ်ပုံရိုက်ကူးမှုအတွက် အသုံးပြုဖို့ ရည်ရွယ်ထားရင်... အရပ်ဘက်လေကြောင်းဘေးကင်းလုံခြုံရေးအာဏာပိုင်အဖွဲ့ (Civil Aviation Safety Authority) မှာ ဒရုန်းကို မှတ်ပုံတင်ပြီး လိုင်စင် လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဝါသနာအရ အပျော်တမ်း ဒရုန်းပျံသန်းသူတွေအတွက်တော့ လိုင်စင်မလိုပါဘူး၊ ဒါပေမဲ့ ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်ဖို့အတွက် စည်းကမ်းတွေကိုတော့ လိုက်နာရဦးမှာ ဖြစ်တယ်လို့ မစ္စ ဂျက်ဆင် က ရှင်းပြပါတယ်။

အရေးကြီးတဲ့ ဒရုန်းစည်းကမ်းအချို့မှာ... မြေပြင်အထက် မီတာ ၁၂၀ ထက် ပိုပြီး မြင့်မြင့်မပျံသန်းဖို့၊ တခြားလူတွေနဲ့ အနည်းဆုံး ၃၀ မီတာအကွာမှာ နေဖို့၊ ပြီးတော့ လူတွေ၊ အဆောက်အဦးတွေ ဒါမှမဟုတ် လေယာဉ်တွေအတွက် ဘေးအန္တရာယ်ဖြစ်စေမယ့် ပုံစံမျိုးနဲ့ ဒရုန်းကို ဘယ်တော့မှ မပျံသန်းဖို့ စတာတွေ ပါဝင်ပါတယ်။

တောမီးလောင်ပြင်တွေ အနီးအနား ဒါမှမဟုတ် ဝေလငါးတွေလိုမျိုး သတ်မှတ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အနီးအနားမှာ ဒရုန်းပျံသန်းခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ကန့်သတ်ချက်တွေ ရှိပါတယ်။

ဒါကြောင့် သင်က အကောင်းဆုံး ဓာတ်ပုံတစ်ပုံကို ရရှိဖို့ ကြိုးစားတဲ့အခါ... ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းအပါအဝင် ကောင်းမွန်တဲ့ ဓာတ်ပုံဆရာကျင့်ဝတ်ကို အမြဲတမ်း လိုက်နာဖို့ အရေးကြီးတယ်လို့ မစ္စ ဂျက်ဆင် က ရှင်းပြပါတယ်။

Subscribe to or follow the Australia Explained podcast for more valuable information and tips about settling into your new life in Australia.

Do you have any questions or topic ideas? Email australiaexplained@sbs.com.au


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now