ဧပြီလ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ Australian newspaper ရဲ့ Newspoll စစ်တမ်းအရ နှစ်ပါတီ ကြိုက်နှစ်သက်မှုမှာ အတိုက်အခံ ဖြစ်နေတဲ့ လေဘာပါတီက အစိုးရဖြစ်နေတဲ့ လစ်ဘရယ်၊ နေရှင်နယ် ညွန့်ပေါင်းအစိုးရထက် ၅၄% - ၄၆% နဲ့ မဲ့သာနေကြောင်း ပြသနေပါတယ်။
၀န်ကြီးချုပ် ကြိုက်နှစ်သက်ရေးမှာတော့ ညွန့်ပေါင်းအစိုးရခေါင်းဆောင် ၀န်ကြီးချုပ် Scott Morrison က အတိုက်အခံ လေဘာပါတီခေါင်းဆောင် Anthony Albanese ထက် ၁% သာ အသာရနိုင်ကြောင်း ပြသနေပြီး ၄၃% - ၄၂% မှာ ရှိနေပါတယ်။
စစ်တမ်းရလဒ်အရ အခုအချိန်မှာသာ ရွေးကောက်ပွဲ ကျင်းပလိုက်ရင် လေဘာပါတီက အနိုင်ရမယ်ဆိုတာကို ပြသတာ ဖြစ်ပေမယ့် အတည်မဆိုလိုနိုင်ဘူးလို့ Flinders University က နိုင်ငံရေးနဲ့ အစိုးရဘာသာရပ်ဆိုင်ရာ တွဲဖက်ပါမောက္ခ Haydon Manning က ပြောပါတယ်။