Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဩစတြေးလျမှာ ဗြိတိန်ရဲ့ ဘုရင်စနစ်က ဘယ်လိုကဏ္ဏမှာ ပါဝင်သလဲ

Queen Elizabeth II death
(left to right) The Prince of Wales, the Queen, and King Charles III during the Accession Council at St James's Palace, London, where King Charles III is formally proclaimed monarch. Credit: Jonathan Brady/PA

ဩစတြေးလျနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီရဲ့ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းပြီး ဗြိတိန်ဘုရင်စနစ် ဆက်လက်လိုက်နာကျင့်သုံးတဲ့နိုင်ငံ ဖြစ်ပါတယ်။


Published

By Melissa Compagnoni

Source: SBS


Share this with family and friends


ဩစတြေးလျနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီရဲ့ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းပြီး ဗြိတိန်ဘုရင်စနစ် ဆက်လက်လိုက်နာကျင့်သုံးတဲ့နိုင်ငံ ဖြစ်ပါတယ်။


မြန်မာနိုင်ငံအပါအဝင် ဗြိတိသျှလက်အောက် ကျရောက်ခဲ့တဲ့ နိုင်ငံအများအပြားဟာ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရတာနဲ့ သမ္မတနိုင်ငံ ထူထောင်လိုက်ကြပြီး တချို့က ဓနသဟာရနိုင်ငံထဲ ဆက်နေကြပေမယ့် မြန်မာနဲ့ တချို့နိုင်ငံကတော့ ဓနသာဟာရ နိုင်ငံထဲတောင် မပါဝင်ခဲ့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Caribbean ဒေသက Barbados နိုင်ငံကတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကြမှပဲ သမ္မတနိုင်ငံ အဖြစ်ပြောင်းဖို့ နောက်ဆုံး ဆုံးဖြတ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယမြောက် အဲလိဇဘက် ဘုရင်မ နတ်ရွာစံပြီးတဲ့နောက် ဒီနေ့ခတ် ဩစတြေးလျမှာ ဗြိတိန်ဘုရင်စနစ်ရဲ့ အခန်းကဏ္ဏက ဘယ်လိုရှိနိုင်မလဲ ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။

ဗြိတိန်ရဲ့ ဘုရင် သို့မဟုတ် ဘုရင်မဟာ ဩစတြေးလျနိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင် ဖြစ်ပါတယ်။ ဘုရင်မ အဲလိဇဘက်ဟာ ဗြိတိန်အပြင် ဓနသဟာရနိုင်ငံ ၁၄ ခုရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်ပါတယ်။ဘုရင်မ နတ်ရွာစံပြီးနောက် အခုဆိုရင် သားကြီးဖြစ်သူ မင်းသား ချားလ်စ်က ဘုရင်ဖြစ်လာပြီးတတိယမြောက် ချားလ်စ် ဘုရင်လို့ ခေါ်ကြပါတယ်။

ဗြိတိန်ဘုရင်ဟာ ဩစတြေးလျနိုင်ငံရဲ့ နိုင်ငံတော် ခေါင်းဆောင်ဆိုပေမယ့် ဩစတြေးလျနိုင်ငံရဲ့ နေ့စဥ် လည်ပတ်မှုမှာ တိုက်ရိုက်ပါဝင်မှုမလုပ်သလို ဩစတြေးလျနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ အစိုးရအပေါ်မှာလည်း လွှမ်းမိုးမှု မရှိတော့ဘူးလို့ ပြောပါတယ်။

အပြည့်အစုံ နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now