Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE starting June 12 2026

Voice ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲက ဘာအတွက်လဲ။

Composite image for July must run 1800px.png

ဒီနှစ် နှောင်းပိုင်းကြရင် ဩစတြေးလျနိုင်ငံသားတွေက မေးထားတဲ့ မေးခွန်းကို ကြည့်ပြီး YES သို့မဟုတ် NO လို့ ဖြေဆိုရမယ့် ပြည်လုံးကျွတ်လူထု ဆန္ဒခံယူပွဲမှာ ပါဝင်ပြီး ဆန္ဒပြုကြရမှာ ဖြစ်ပါတယ်။


Published

Updated

By Clarie Slattery

Presented by Mu Laing Thein

Source: SBS



Share this with family and friends


ဒီနှစ် နှောင်းပိုင်းကြရင် ဩစတြေးလျနိုင်ငံသားတွေက မေးထားတဲ့ မေးခွန်းကို ကြည့်ပြီး YES သို့မဟုတ် NO လို့ ဖြေဆိုရမယ့် ပြည်လုံးကျွတ်လူထု ဆန္ဒခံယူပွဲမှာ ပါဝင်ပြီး ဆန္ဒပြုကြရမှာ ဖြစ်ပါတယ်။


မေးခွန်းက ဩစတြေးလျနိုင်ငံမှာ ပထမဦးဆုံး နေထိုင်သည့် Aboriginal နှင့် Torres Strait Islander များကို အသိအမှတ်ပြုသည့်အနေဖြင့် Aboriginal နှင့် Torres Strait Islander Voice ထားရှိရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား အပြောင်းအလဲ လုပ်ရန် သင့်အနေဖြင့် ထောက်ခံပါသလား။

Do you support a change to the constitution to recognise the first peoples of Australia by establishing an Aboriginal and Torres Strait Islander Voice? ဆိုတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ Voice က ဘာကို ဆိုလိုသလဲ၊ အဲဒါကို ထောက်ခံသူတွေက ဘာကို ထောက်ခံပြီး ဆန့်ကျင်သူတွေက ဘာကို ဆန့်ကျင်ကြသလဲ ဆိုတာကို လေ့လာရအောင်။

၂၀၁၇ ခုနှစ်တုန်းက ဩစတြေးလျနိုင်ငံတလွှားက ဌာနေတိုင်းရင်းသား ခေါင်းဆောင် အယောက် ၁၂၀ တို့ဟာ Uluru အူလူယူးမှာ စုရုံးမှု လုပ်ခဲ့ကြပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ သူတို့က ရင်ထဲက လာတဲ့ အူလူယူး ထုတ်ပြန်ကြေညာချက် Uluru Statement from the Heart ကို ထုတ်ပြန်ခဲ့ကြပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာ အချက် ၃ ချက်ကို တောင်းဆိုထားပြီး အဲဒါတွေကတော့ Voice, Treaty နဲ့ Truth တို့ ဖြစ်ကြပါတယ်။

အဲဒီအချက်ကို အကောင်အထည်ဖော်ဖို့ ၆ နှစ်ကြာမြင့်ခဲ့ပြီး ဒီနှစ်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြောင်းအလဲ လုပ်ဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပမှာဖြစ်ပါတယ်။ နိုင်ငံသားများက မေးလာသည့် မေးခွန်းကိုကြည့်ပြီး YES သို့မဟုတ် NO ကို ဖြေဆိုရမှာ ဖြစ်ပါတယ်။

အဲဒီတော့ Voice ဆိုတာဘာလဲ?

အစိုးရရဲ့ First Nations Referendum Working Group ရဲ့ အဆိုအရ Voice ဟာ Aboriginal နဲ့ Torres Strait Islander ရဲ့ အရေးနဲ့ ပတ်သက်လာရင် ဩစတြေးလျ လွှတ်တော်မှာ အမြဲတမ်း ကိုယ်စားပြုမှာဖြစ်ပြီး ဥပဒေပြုရေးမှာလည်း အာဏာရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Referendum Working Group အဖွဲ့ဝင် Pat Anderson ရဲ့ အဆိုအရ ဌာနေတိုင်းရင်းသားနဲ့ ပတ်သက်လာရင် ဩစတြေးလျ အနေနဲ့ ဒီထက်မက လုပ်ဆောင်ဖို့ လိုအပ်တဲ့အတွက် Voice ကို ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ကိုယ်က လူတွေအတွက် ဆုံးဖြတ်ချက် ချတော့မယ်ဆိုရင် အဲဒီလူတွေကို ကိုယ်တိုင် ပါဝင်ဆုံးဖြတ်ပါဝင်စေခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်နဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ပိုမိုကောင်းမွန်စွာ နေရာချထားတာမျိုးတွေ လုပ်နိုင်မှာ ဖြစ်တယ်ဆိုတာ လူတိုင်းသိတဲ့အရာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ချက်ဟာ ဒီမိုကရေစီရဲ့ အခြေခံ အချက်လည်း ဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံဟာ မိမိရဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ ဘာသဘောတူညီချက်၊ ဘာမှမလုပ်ထားတဲ့ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံ တစ်ခုတည်း ပါဝင်နေဆဲပဲလို့ ပြောပါတယ်။

လွှတ်တော်မှာ အရေးဆိုပေးမယ့် အသံ Voice ကို ထားရှိဖို့ အိုင်ဒီယာဟာ အသစ်အဆန်း တစ်ခု မဟုတ်ပါဘူး။ Reconciliation Australia ရဲ့ အဆိုအရ Aboriginal နဲ့ Torres Strait Islanders တွေဟာ သူတို့ကို ကိုယ်စားပြုမယ့် နိုင်ငံရေးအသံ တစ်ခုခုကို ရရှိဖို့ တောင်းဆိုကြတာ နှစ်ပေါင်း ၅၀ နီးပါး ရှိသွားပြီလို့ ပြောပါတယ်။

Indigenous Australians ရေးရာဝန်ကြီး Linda Burney ရဲ့ အဆိုအရ ဒီလို အဆင့်ရောက်ရှိလာဖို့ အချိန်ကြာမြင့်စွာ လုပ်ဆောင်လာခဲ့ပြီး အစိုးရကနေ ကမကထ ပြုလာတာဖြစ်တဲ့အတွက် ဌာနေတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို လိုက်လျောသင့်ပြီလို့ ပြောပါတယ်။

ဩစတြေးလျနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပေါ်ပေါက်ပြီး နှစ်ပေါင်း ၁၂၂ နှစ်၊ ပြီးရင် ဝီလျံ ကူးပါကနေ အသနားခံစာတင်တဲ့ နှစ် ၈၀ ကျော်အချိန်ဖြစ်သလို Burunga ထုတ်ပြန်ကြေညာချက် ၃၅ နှစ်ပြည့်တဲ့နှစ်၊ Keating ရဲ့ Redfern မိန့်ခွန်း နှစ် ၃၀ ပြည့်ချိန်ဖြစ်သလို ဝန်ကြီးချုပ် ဂျွန်ဟောင်းဝဒ်ကနေ အသိအမှတ်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပဖို့ ပြောခဲ့တဲ့ ၁၆ နှစ် နှစ်ပတ်လည်နဲ့ တောင်းပန်မှုလုပ်ပြီး ၁၅ နှစ်အကြာအပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲ ဌာနေတိုင်းရင်းသားတွေကို အသိအမှတ်ပြုရေးအတွက် ကြိုးစားလာတာ ၁၃ နှစ်ကြာပြီး ရင်ထဲက လာတဲ့ အူလူယူးထုတ်ပြန်ကြေညာချက် ထုတ်ပြန်ပြီး ၆ နှစ်အကြာရှိလာတဲ့အချိန်အထိ မေးခွန်းကို မေးရမှာ ဖြစ်ပါတယ်။ Aboriginal နဲ့ Torres Strait Islander တွေအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲ အသိအမှတ် ပြုခံရဖို့ ဘယ်လောက်တောင် ထပ်စောင့်ရမလဲ၊ ဒီမပြီးပြတ်သေးတဲ့ လုပ်ငန်းကို ဘယ်တော့ ဖြေရှင်းပေးမလဲ ဆိုပြီး မေးခွန်းထုတ်လိုက်ပါတယ်။

အဲဒီတော့ Voice က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲ ပါရှိဖို့ ဘာလို့ အရေးကြီးသလဲ။

ဆန့်ကျင်သူတွေကတော့ အရင်အဖွဲ့တွေကို အသိအမှတ်ပြုခဲ့သလိုပဲ လွယ်လွယ်ကူကူ အသိအမှတ်ပြုတာမျိုး လုပ်သင့်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ Voice ဖြစ်မြောက်ရေးမှာ လုပ်ကိုင်ကြတဲ့ ဌာနေတိုင်းရင်းသား ခေါင်းဆောင်တွေကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲ သတ်မှတ်မှသာလျင် အနာဂတ်မှာ အစိုးရတွေကနေ လွှမ်းမိုးဖက်စွက်မှုမလုပ်တာတွေ သို့မဟုတ် ဖျက်သိမ်းလိုက်တာမျိုးတွေ မလုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ အရင်တုန်းက ဌာနေတိုင်းရင်းသား အရေးဆိုပေးတဲ့ Aboriginal and Torres Strait Islander Commission ( ATSIC) အဖွဲ့ ရှိဖူးပေမယ့် နောက်ပိုင်းမှာ မရှိတော့တာမျိုးကို ရည်ရွယ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Marcia Langton ဟာ Voice ဖြစ်မြောက်ရေးရဲ့ အဓိက ဗိသုကာ တစ်ဦးဖြစ်သလို Referendum Working Group ရဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံရစဥ်အတွင်း သေဆုံးရတဲ့ အာဘော်ရီဂျင်နာနဲ့ ဆက်စပ်ပြီး တော်ဝင်စုံစမ်းရေး ကော်မရှင်တွေ ရှိပါတယ်။ အာဘော်ရီဂျင်နယ် ကလေးငယ်တွေ သူတို့ မိသားစုဆီကနေ အတင်းအဓ္ဓမ ဖယ်ရှားခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေလည်း ရှိခဲ့ပါတယ်။ Don Dale တော်ဝင် စုံစမ်းရေး ကော်မရှင်လည်း ရှိခဲ့ပါတယ်။ အဲလို အရာတွေ မပြီးနိုင် မဆုံးနိုင်အောင်ကို ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဲလို အရာတိုင်းက သေဆုံးမှုတွေ၊ ဖမ်းဆီးမှုတွေ၊ စောစီးသေဆုံးမှုတွေနဲ့ ဘဝပျက်သုံးမှုတွေနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေရှိပေမယ့် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြပါဘူး။ ဒါကြောင့်မို့လည်း တခြားဩစတြေးလျတွေနဲ့ ဌာနေတိုင်းရင်းသားတွေအကြား ကွာဟမှုတွေကို စေ့စပ်မှုလုပ်တဲ့အခါမှာ တိုးတက်မှု များများစားစား မတင်ပြနိုင်တာ ဖြစ်ပါတယ်။ ကျမတို့က အလုပ်မဖြစ်တော့တာတွေ ရပ်တန့်ကရပ်သင့်ပြီ လူတွေရဲ့ ဘဝ တိုးတက်အောင် ဆောင်ရွက်သင့်ပြီ၊ လူတွေက သူတို့ ဘဝအတွက် ပြောရေးဆိုခွင့်ရှိရင် ဘဝတိုးတက်တဲ့ သက်သေအထောက်အထားတွေရှိတာတွေ့ရတဲ့အတွက် အဲဒီလို လုပ်ဖို့ ကြိုးစားတာလို့ ပြောပါတယ်။

အူလူယူး ထုတ်ပြန်ကြေညာချက်ထဲမှာ Voice, Treaty နဲ့ Truth ဆိုပြီး ၃ ချက် ပြောဆိုခဲ့ကြပေမယ့် Voice က ဘာဖြစ်လို့ Treaty နဲ့ Truth ရှေ့မှာ ရောက်ပြီး ဦးစားပေး အကောင်အထည်ဖော်နေရပါသလဲ။

အဆိုပြုသူတွေရဲ့ အဆိုအရ သဘောတူညီချက် treaty ကို ဖော်ဆောင်နိုင်ဖို့အတွက် အစိုးရက ကိုယ်စားပြု အဖွဲ့တစ်ခုနဲ့ ဆွေးနွေးမှု လုပ်ရမှာဖြစ်ပြီး လောလောဆယ် အနေအထားမှာ အဲဒီလို အဆိုပြုပေးမယ့် အဖွဲ့မရှိသေးတဲ့အတွက် ဖြစ်ပါတယ်။

စစ်တမ်းတွေအရ ဩစတြေးလျနိုင်ငံသားတွေက ဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲ အသိအမှတ်ပြုဖို့ ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြောင်း ပြသထားပါတယ်။

ဒါပေမဲ့ အခုဆိုရင် Voice ကိစ္စကို အပြန်အလှန် ငြင်းခုန် ပြောဆိုကြရာက Voice ကိစ္စမှာ လျှော့ရဲမှုတွေ ဖြစ်လာနေပါတယ်။

အစိုးရက အတိုက်အခံပါတီကလည်း ထောက်ခံဖို့ မျှော်လင့်ထားပေမယ့် အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ကတော့ No မထောက်ခံနိုင်တဲ့ဖက်ကနေ ကမ်ပိန်းဝင်နေပါတယ်။

အတိုက်အခံခေါင်းဆောင် Peter Dutton က ဒီကိစ္စကို "the Canberra Voice" လို့ ခေါ်ဝေါ်ထားပါတယ်။

အကယ်၍ Voice ကသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ထည့်သွင်းထားရင် လွှတ်တော်က Voice ကို ပြောင်းနိုင်မှာ မဟုတ်သလို အဲဒါကို ကျော်ဖြတ်ဖို့ ဥပဒေတွေနဲ့လည်း ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ လွှတ်တော်ကနေ ဖွဲ့စည်းပုံကို ကျော်ပြီး လုပ်လို့မရပါဘူး။ အကယ်၍ ဩစတြေးလျနိုင်ငံသားတွေက မလိုချင်တော့ဘူးဆိုရင်တောင် Voice ဟာ နောက်ပြန်လှည့်လို့မရတော့ အရာ ဖြစ်ပါတယ်။ ဒီအရာကို အရင် စမ်းသပ်ကြည့်တာမျိုးလည်း မရှိပါဘူး။ South Australia မှာ လုပ်သလို ဥပဒေအရင်ပြုပြီး လုပ်တာမျိုးလည်း မရှိပါဘူး။ အဲလို လုပ်ဖို့ အယ်လ်ဘာနီဇီ အစိုးရမှာ ရွေးချယ်စရာရှိပြီး အဲလို လုပ်ဖို့ သူတို့အတွက် ဖွင့်လှစ်ထားပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စကို ဆန့်ကျင်သူ နောက်တစ်ဦးကတော့ အတိုက်အခံပါတီရဲ့ Indigenous Affairs ပြောခွင့်ရသူ Jacinta Nampijinpa [[NUM-buh-jim-puh]] Price ဖြစ်ပြီး သူမဟာ Northern Territory ရဲ့ အထက်လွှတ်တော် အမတ် တစ်ဦးလည်း ဖြစ်ပါတယ်။

Voice က လက်တွေ့မှာ အကျိုးပြုပါ့မလားလို့ မေးခွန်းထုတ်လိုက်ပြီး ဒီကိစ္စက ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းတွေ ကြုံတွေ့ရတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ပြောဆိုမှုကနေ အလှမ်းဝေးစေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီပြည်လုံးကျွတ်လူထု ဆန္ဒခံယူပွဲ ပြီးမှ ကျမတို့အရေးကို ပြောဆိုဆွေးနွေးကြမယ့် အနေအထားမျိုးဖြစ်ပြီး အဓိက issues တွေကို ကိုင်တွယ်ခြင်းမရှိပဲ အယ်လ်ဘာနီဇီ အစိုးရက Voice to Parliament ကသာလျင် ခက်ခဲတဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးမယ့် ပုံစံမျိုး လုပ်နေတဲ့အတွက် ဖြစ်ပါတယ်။ တကယ်တော့ အဲလိုလုပ်ဆောင်ချက်က မမှန်ပါဘူး။ ပြဿနာတွေ ဖြေရှင်းဖို့ သူ့မှာ တာဝန်ရှိပါတယ်။ ဌာနေတိုင်းရင်းသား ရေးရာ ဝန်ကြီးကနေ ဒီပြဿနာတွေကို ချက်ခြင်း လက်ငြင်း ဖြေရှင်မှု လုပ်ပေးရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တခြား ဝေဖန်သူတွေကတော့ Voice နဲ့ ပတ်သက်ပြီး အသေးစိတ် ဖော်ပြခြင်း နည်းပါးသလို လူမျိုးရေး ခွဲခြားမှုတွေလည်းရှိလို အနာဂတ်မှာ တရားရေးရာ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောဆိုကြပါတယ်။

Warren Mundine ဟာ "no" campaign ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဖြစ်ပါတယ်။

ကျနော့်ရဲ့ အမြင်အရ Voice to Parliament ဟာ ငွေဖြုန်းရုံသက်သက် လုပ်ဆောင်ချက်ပါပဲ၊ ဒီအတွက် ဒေါ်လာ မီလီယံ ၃၀၀ လောက် အသုံးပြုမှာဖြစ်ပြီး အဲဒီငွေတွေကို နယ်စွန်နယ်ဖြားက ကွန်မြူနီတီ ပရောဂျက်တွေအတွက် အသုံးပြုသင့်ပါတယ်။ ဒီလုပ်ဆောင်ချက်က အာဘော်ရီဂျင်နာတွေမှာ Voice မရှိဘူးလို့ ဆိုရာ ရောက်ပါတယ်။ ကျနော်တို့မှာ အသံအမြဲတမ်းရှိပြီး ခိုင်မာတဲ့ အသံက ၁၉၇၃ ခုနှစ်ကတည်းက ရှိနေတာပါ။ ကျနော့်အနေနဲ့မြင်ချင်တာက အဲဒီလူမှုအသိုင်းအဝိုင်းအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်၊ ပညာရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိပြီး စီးပွားရေး တည်ဆောင်ခြင်းတွေဖြစ်ပါတယ်။ အဲဒါတွေ ရှိမှသာလျင် အပြောင်းအလဲ ဖြစ်လာနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

Voice ကို ဆန့်ကျင်သူတွေ တစ်ဖွဲ့ထက်မက ရှိပြီး သူတို့တွေအကြား အမြင်တွေလည်း မတူညီကြပါဘူး။

တသီးပုဂ္ဂလ လွှတ်တော်အမတ် Lidia Thorpe ကတော့ Voice နဲ့ မလုံလောက်သေးဘူးလို့ ပြောပါတယ်။

ဂရင်းပါတီက Voice ကို ထောက်ခံတဲ့အတွက် Lidia Thorpe ဟာ ဂရင်းပါတီကနေ နှုတ်ထွက်လိုက်ပြီး အခုဆိုရင် Voice ကို ဆန့်ကျင်တဲ့ Blak Sovereign Movement ကို ကိုယ်စားပြုလိုက်ပါတယ်။

သူကတော့ Treaty ကို အကောင်အထည်ဖော်ပေးဖို့နဲ့ ထိန်းသိမ်းခံရစဥ်အတွင်း သေဆုံးမှုဖြစ်ရတဲ့ အာဘော်ရီဂျင်နာကိစ္စနဲ့ ပတ်သက်ပြီး ၁၉၉၁ ခုနှစ် တော်ဝင်စုံစမ်းရေးရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုထားပါတယ်။

အကယ်၍ ကျမတို့ကို ထပ်ပြီး ကားစင်တင်မယ်ဆိုရင် ကျမတို့မှာ ဘာအာဏာမှ ရှိမှာ မဟုတ်ပါဘူး။ ကျမတို့အပေါ် သဘောထား မှန်ကန်ရင်တော့ နယူးဇီလန်မှာ လုပ်သလိုမျိုးကျမတို့ကို လွှတ်တော်မှာ နေရာပေးဖို့ လိုပါတယ်၊၊ သူတို့ လုပ်သလို သဘောတူစာချုပ် treaty ထိုးဖို့ လိုပါတယ်၊ အဲဒါတွေကို ဘာလို့ မလုပ်နိုင်ရတာလဲ။ လေဘာပါတီအနေနဲ့ ဘာကို ကြောက်နေရတာလဲ။ Hawke တုန်းက treaty လုပ်နိုင်ဖို့ ကြိုးစားပေမယ့် ဘေးဖယ် ခံခဲ့ရတယ်ဆိုတာ သိကြပါတယ်။ Keating လက်ထက်မှာ ကြိုးစားခဲ့ပေမယ့် ပိတ်ပင်ခံခဲ့ရပါတယ်။ အယ်လ်ဘိုကတော့ အဲလို လုပ်ဖို့ သတ္တိတောင် မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။

လူထုဆန္ဒခံယူပွဲကို အောက်တိုဘာလနဲ့ နိုဝင်ဘာလကြားမှာ ကျင်းပမှာဖြစ်ပြီး ဘယ်နေ့လဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

တစ်နိုင်ငံလုံးအဆင့်မှာ လူအများစုရဲ့ ထောက်ခံမှုလိုအပ်သလို ပြည်နယ်အဆင့်မှာလည်း ပြည်နယ်အများစုရဲ့ ထောက်ခံမှုရရှိမှသာ လူထုဆန္ဒယူပွဲ အောင်မြင်တာဖြစ်ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now