အသက် ၅၀ ကျော်သူတွေကို AstraZeneca ကာကွယ်ဆေး ထိုးပေးတာဖြစ်ပြီး အသက် ၅၀ အောက် သမားကို Pfizer ကာကွယ်ဆေး ထိုးပေးနေပါတယ်။
တချို့နေရာမှာ ကြိုတင်ဘွတ်ကင်လုပ်ရပေမယ့် တချို့နေရာမှာ ဘွတ်ကင်မလိုပဲ ကာကွယ်ဆေးထိုးနိုင်ပါတယ်။
မနေ့တုန်းက မဲလ်ဘုန်းမြို့ အနောက်ပိုင်း Sunshine ဆေးရုံမှာ ကာကွယ်ဆေးထိုးခဲ့တဲ့ ကိုစောထိုက်ရဲ့ အတွေ့အကြုံကို မေးမြန်းထားပါတယ်။ ကိုစောထိုက်က နောက် ၃ ပတ်ကြရင် ဒုတိယမြောက် ကာကွယ်ဆေး ထိုးရမှာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံမှာ အသိအမှတ်ပြုထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေက နှစ်ချောင်းထိုးတွေသာ ဖြစ်ပါတယ်။
ဗစ်တိုးရီးယား ပြည်နယ်မှာ အရင်က ရရှိထားတဲ့ ကာကွယ်ဆေးအပြင် နောက်ထပ် Pfizer ကာကွယ်ဆေး ၁၀၀ ၀၀၀ ကို ရရှိဖို့ ရှိနေပါတယ်။
နားဆင်နိုင်ပါပြီ။




