SKIP TO MAIN CONTENT

ကရင်နီဒေသမှာ ဖြစ်နေတာတွေကို ပင်လယ်မှာ မျောနေတဲ့ ရေခဲတုံးရဲ့ ထိပ်ပိုင်းလောက်သာ သိနိုင်လို့ဆို

Internally Displaced Persons in Shan-Kayah State
Internally Displaced Persons in Shan-Kayah State Source: CJ

ကရင်နီလူမျိုးစုတွေ နေထိုင်ရာ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းစွန်းတွေမှာ တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး အဆိုးဆုံးကတော့ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့ နာနတ်တော ရပ်ကွက်အပြင် ရှမ်းပြည်နယ် မိုးဗြဲမြို့လည်း ပါဝင်ပါတယ်။


Published

By Mu Laing Thein

Source: SBS


Skip to podcast episode content

ကရင်နီလူမျိုးစုတွေ နေထိုင်ရာ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းစွန်းတွေမှာ တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး အဆိုးဆုံးကတော့ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့ နာနတ်တော ရပ်ကွက်အပြင် ရှမ်းပြည်နယ် မိုးဗြဲမြို့လည်း ပါဝင်ပါတယ်။


ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားသူ လူငယ်တစ်ဦးနဲ့ ဒီမနက်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်ရှောင်သူတွ အများအပြား ရှိနေပြီး အကူအညီ လိုအပ်နေတဲ့အကြောင်း၊ စစ်ရှောင်တွေကို ကူညီတဲ့ ရွာသားတွေလည်း သိုလှောင်ထားတဲ့ အစားအသောက်တွေပါ မျှဝေစားတဲ့အတွက် အတူတူ ဒုက္ခရောက်နေရတယ်လို့ ပြောပါတယ်။

ကောလဟာလ သတင်းတွေ၊ ချဲ့ကားသတင်းတွေ များပြားလွန်းနေပြီး မြေမြင်မှာ အစစ်အမှန် ဖြစ်နေတာက အွန်လိုင်းပေါ် ပြန့်နှံ့နေတဲ့ သတင်းရဲ့ အစိတ်အပိုင်းအနည်းငယ်သာရှိပြီး သတင်းအခု ၅၀ မှာ ၂ လောက်သာ မှန်ကန်တဲ့အနေအထား ရှိတယ်လို့ ပြောပါတယ်။

ကယားပြည်နယ်မှာ ဖြစ်နေတဲ့အရာတွေကို ပင်လယ်ထဲ မျောနေတဲ့ ရေခဲတုံးကြီးရဲ့ အထိပ်ပိုင်းလောက်ကိုသာ သိနိုင်ပြီး

ရေခဲတုံးအောက်မှာ တောင်ကြီးလို ဖြစ်နေပြီး ဘယ်လိုမှ မသိနိုင်အောင် ဖြစ်နေတယ်လို့ ပြောပါတယ်။ 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now