SKIP TO MAIN CONTENT

ဩစတြေးလျစစ်ဆိုတာ ဘာလဲ၊ ဘာဖြစ်လို့ သမိုင်းမှာ အသိအမှတ်မပြုထားတာလဲ

Mounted_police_and_blacks - Australian frontier wars – Wikipedia.
Mounted_police_and_blacks - Australian frontier wars – Wikipedia.

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်တုန်းက ဗြိတိသျှကိုလိုနီနယ်ချဲ့တဲ့အနေနဲ့ ဩစတြေးလျကို ရောက်ရှိ အခြေချနေထိုင်တဲ့ လူဖြူတွေနဲ့ ဌာနေတိုင်းရင်းသားတွေအကြား ဖြစ်ခဲ့တဲ့ စစ်တွေကို ရည်ညွန်းတဲ့အခါမှာ Frontier Wars ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းလေ့ရှိပါတယ်။

Published

By Claudianna Blanco

Source: SBS

Skip to podcast episode content

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်တုန်းက ဗြိတိသျှကိုလိုနီနယ်ချဲ့တဲ့အနေနဲ့ ဩစတြေးလျကို ရောက်ရှိ အခြေချနေထိုင်တဲ့ လူဖြူတွေနဲ့ ဌာနေတိုင်းရင်းသားတွေအကြား ဖြစ်ခဲ့တဲ့ စစ်တွေကို ရည်ညွန်းတဲ့အခါမှာ Frontier Wars ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းလေ့ရှိပါတယ်။

Captain James Cook ဦးဆောင်တဲ့ အဖွဲ့တွေ အခု ဩစတြေးလျလို့ ခေါ်ဆိုတဲ့ မြေပေါ်ကို စရောက်ခါစတုန်းက သူတို့က ဩစတြေးလျလို့ မခေါ်ပဲ “Terra Nullius” လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

အဓိပ္ပာယ်ကတော့ ဘယ်သူ့ရဲ့ မြေမဟုတ်ဘူး ဖြစ်ပါတယ်။ အမှန်မှာတော့ ဒီမြေဟာ ဘယ်သူမှ မပိုင်တဲ့မြေမဟုတ်ပါဘူး။ ဌာနေတိုင်းရင်းသား အာဘော်ရီဂျင်နာနဲ့ Torres Strait Islander တွေက ဒီကျွန်းပေါ်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းရာနဲ့ချီကတည်းက အခြေချနေထိုင်လာခဲ့တဲ့မြေ ဖြစ်ပါတယ်။

ဌာနေတိုင်းရင်းသားတွေနဲ့ ရက်စက်ကြမ်းကြုတ်စွာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေက ဩစတြေးလျရဲ့ အုတ်မြစ်လို ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီလို ရုပ်ဆိုးတဲ့ သမိုင်းကို အရင်တုန်းက ပြောဆိုခြင်းမရှိခဲ့ပဲ အခုအခါမှသာ စတင်အသိအမှတ်ပြုလာကြတာ ဖြစ်ပါတယ်။

နားဆင်နိုင်ပါပြီ။

Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now