SKIP TO MAIN CONTENT

အသက်မပြည့်သေးတဲ့ လူငယ်တွေ အလုပ်လုပ်လို့ ရပါသလား

Australia Explained - First Job
Knowing where to reach out for information can help parents ensure their child is treated fairly and has a positive first job experience. Credit: SrdjanPav/Getty Images

အချိန်ပိုင်းအလုပ်တစ်ခု စတင်လုပ်ကိုင်တာဟာ အသက် ၁၆-၁၇ နှစ်အရွယ် လူငယ်တွေအတွက် သင့်တော်တဲ့ အတွေ့အကြုံတွေ ရရှိစေနိုင်ပါတယ်။


Published

By Zoe Thomaidou

Presented by Melissa Compagnoni, Mu Laing Thein

Source: SBS



Skip to podcast episode content

အချိန်ပိုင်းအလုပ်တစ်ခု စတင်လုပ်ကိုင်တာဟာ အသက် ၁၆-၁၇ နှစ်အရွယ် လူငယ်တွေအတွက် သင့်တော်တဲ့ အတွေ့အကြုံတွေ ရရှိစေနိုင်ပါတယ်။


Key Points

  • There is no national minimum working age in Australia.
  • Child employment laws set limits on types of jobs allowed and working hours.
  • Make sure your child receives payslips and also keeps their own records.
  • Parents can reach out to the Fair Work Ombudsman or get legal advice to help their child resolve a workplace issue.

အလုပ်အတွေ့အကြုံကနေ မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာစေပြီး အရည်အချင်းအသစ်တွေ သင်ယူနိုင်သလို၊ ဘဝရဲ့ ပထမဆုံး ဝင်ငွေလည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေဟာ အကန့်အသတ်တွေနဲ့ လုပ်ခလစာရတဲ့ အလုပ်တွေကို လုပ်ကိုင်ခွင့်ရှိပါတယ်။ ဒီအစီအစဉ်မှာတော့ သင့်ကလေးဟာ မတရား ခေါင်းပုံဖြတ်မခံရပဲ အလုပ်ခွင်မှာ အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ မိဘတစ်ယောက်အနေနဲ့ သိထားသင့်တဲ့ အချက်တွေကို ပြောပြပေးသွားမှာပါ။

ဩစတြေးလျမှာ လူငယ်အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ အလုပ်ခွင် ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေနဲ့၊ သူတို့ လုပ်ကိုင်နိုင်တဲ့ အလုပ်အမျိုးအစားနဲ့ အလုပ်စတင် လုပ်ကိုင်နိုင်တဲ့ အသက်အရွယ် စတဲ့ အသေးစိတ် ဥပဒေပြဋ္ဌာန်းချက်တွေ ရှိပါတယ်။

ပြည်နယ် အသီးသီးမှာ အလုပ်စတင်လုပ်ကိုင်နိုင်တဲ့ အနိမ့်ဆုံး အသက်အရွယ်နဲ့ ပတ်သက်ပြီး မတူညီတဲ့ ဥပဒေပြဋ္ဌာန်းချက် အသီးသီး ရှိကြပါတယ်။

သင့်ကလေးအတွက် ဘယ်လို စည်းမျဉ်းတွေ အကျုံးဝင်သလဲဆိုတာ သိရှိနိုင်ဖို့ Fair Work Ombudsman (တရားမျှတသော အလုပ်ခွင်ရေးရာ အရာရှိရုံး) ရဲ့ ဝက်ဘ်ဆိုက်မှာ စတင်ကြည့်ရှုနိုင်တယ်လို့ Anastasia Coroneo က ပြောပါတယ်။

သူမဟာ အသက် ၂၅ နှစ်အောက် ကလေးသူငယ်တွေနဲ့ လူငယ်တွေကို အခမဲ့ ဥပဒေအကြံဉာဏ် ပေးနေတဲ့ Youth Law Australia ရဲ့ အကြီးတန်း ရှေ့နေတစ်ဦး ဖြစ်ပါတယ်။

Australia Explained - First Job
Employees should get a payslip within one day of payment, even when paid in cash. Source: Moment RF / Traceydee Photography/Getty Images

ကျောင်းတက်ချိန်တွေမှာ အလုပ်လုပ်ခွင့်ရှိလား

အလုပ်စတင် လုပ်နိုင်တဲ့ အသက်အရွယ်ဟာ နေထိုင်ရာ ဒေသအပေါ် မူတည်ပြီး ကွဲပြားပေမဲ့၊ ပြည်နယ်နဲ့ နယ်မြေအားလုံးမှာ ပညာရေးနဲ့ အလုပ်အကိုင်ကို မျှမျှတတ လုပ်ဖို့အတွက် စည်းမျဉ်းတွေ ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဩစတြေးလျ တစ်ဝန်းလုံးမှာ ကျောင်းပညာရေးကို အနှောင့်အယှက် မဖြစ်စေဖို့အတွက် လူငယ်အလုပ်သမားတွေရဲ့ အလုပ်ချိန်နဲ့ ရက်တွေကို ကန့်သတ်ထားတာတွေ ရှိပါတယ်။

ယေဘုယျအားဖြင့် မဖြစ်မနေ ကျောင်းတက်ရမယ့် အရွယ် ကလေးတွေကို ပုံမှန် ကျောင်းတက်ချိန်တွေမှာ အလုပ်လုပ်ခွင့်မပေးတာတွေ ဒါမှမဟုတ် ကျောင်းတက်ရမယ့် ရက် မတိုင်မီမှာ ညပိုင်း သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး အလုပ်လုပ်ခွင့် မရှိပါဘူး။

ဒါပေမဲ့ ကျောင်းပိတ်ရက်တွေ ဒါမှမဟုတ် အခြား အခြေအနေတွေမှာ အကန့်အသတ်မရှိ အလုပ်လုပ်ခွင့် ရှိတယ်လို့ Coroneo က ဆက်လက်ရှင်းပြပါတယ်။

အချို့ ပြည်နယ်နဲ့ အထူးဒေသတွေမှာတော့ အသက် ၁၈ နှစ်အောက် အလုပ်သမားတွေကို မငှားရမ်းမီ အလုပ်ရှင်တွေအနေနဲ့ ကလေးအလုပ်သမား ငှားရမ်းခွင့် လိုင်စင် ရယူထားဖို့ လိုအပ်ပါတယ်။

ကလေးသူငယ်များ လုပ်ကိုင်ခွင့် မရှိတဲ့ အလုပ်အမျိုးအစား အချို့ ရှိပေမယ့် ကင်းလွှတ်ခွင့်တွေလည်း ရရှိနိုင်ပါတယ်။

Children must be only allowed to perform light duties, so they can't work in the construction industry for example.
Professor Kerry Brown

ပုံမှန်အားဖြင့် အသက် ၁၈ နှစ်အောက် အလုပ်သမားတွေဟာ ဆေးလိပ် ဒါမှမဟုတ် အရက်သေစာတွေ ရောင်းချခွင့် မရှိပါဘူး။ ကလေးတွေကို ပေါ့ပါးတဲ့ အလုပ်တွေကိုပဲ လုပ်ကိုင်ခိုင်းရမှာ ဖြစ်တာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်လို့ မရပါဘူး။ ဒါပေမယ့် မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေမှာတော့ ကလေးတွေ ကန့်သတ်ချက်မရှိ အလုပ်လုပ်နိုင်ဖို့ ကင်းလွှတ်ခွင့်အချို့ ရှိပါတယ်။

Australia Explained - First Job
Some jurisdictions require child employment licences from businesses hiring workers under 18. Source: Moment RF / Darya Komarova/Getty Images

ဖျော်ဖြေရေး လုပ်ငန်းဟာ ကလေးသူငယ်တွေ အလုပ်လုပ်ဖို့ အသက်အရွယ် သတ်မှတ်ချက်မရှိ

ဖျော်ဖြေရေး လုပ်ငန်းဟာ ကလေးသူငယ်တွေ အလုပ်လုပ်ဖို့ အသက်အရွယ် သတ်မှတ်ချက် မရှိတဲ့ တစ်ခုတည်းသော ကဏ္ဍ ဖြစ်ပါတယ်။

ဘယ်အသက်အရွယ်မဆို ဖျော်ဖြေတင်ဆက်သူတွေ၊ သရုပ်ဆောင်တွေနဲ့ မော်ဒယ်တွေအဖြစ် လုပ်နိုင်ပြီး ကလေးကအစ ငှားရမ်းနိုင်ပါတယ်။ ဒါပေမဲ့ စနစ်တကျ လိုင်စင်ရယူဖို့နဲ့ ကဏ္ဍအလိုက် တင်းကြပ်တဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။

ပါမောက္ခ Brown က ဖျော်ဖြေရေး ကဏ္ဍမှာ အလုပ်လုပ်နေတဲ့ ကလေးတွေအတွက် ရရှိနိုင်တဲ့ ကာကွယ်စောင့်ရှောက်ရေးတွေကို မိဘအများစု မသိကြဘူးလို့ ဆိုပါတယ်။

ပြဇာတ်အတွက်၊ ရုပ်ရှင် ဒါမှမဟုတ် ဓာတ်ပုံရိုက်ကူးရေး ပရောဂျက်တစ်ခုခုမှာ ပါဝင်ရမယ်ဆိုရင်၊ ကလေး ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာကို မိဘတွေအနေနဲ့ အလုပ်ရှင်ကို မေးမြန်းနိုင်ပါတယ်။ ဖျော်ဖြေရေး ကဏ္ဍမှာ မိဘတွေဟာ မေးခွန်းထုတ်ဖို့ တွန့်ဆုတ်နေတတ်ကြပေမဲ့ မိမိရဲ့ သားသမီးတွေ ဒီအလုပ်လုပ်ရင် ဘာတွေ မြင်ရမလဲ၊ ဘာတွေကြားရပြီး၊ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကို ကြိုတင်မေးမြန်းပိုင်ခွင့် ရှိပါတယ်။

If your shift starts at 10am, and your boss says I need you to come in at 9.45 to get ready or open the shop, you need to be paid for that time as well.
Matthew Raggatt

သင့်ကလေးအနေနဲ့ လုပ်ငန်းခွင် ပြဿနာတစ်ခုခု ကြုံတွေ့ရရင် Fair Work Ombudsman ကို ကူညီတောင်းခံနိုင်ပါတယ်။ သူတို့ဟာ ဩစတြေးလျနိုင်ငံရဲ့ အလုပ်ခွင် ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းအဖြစ် အလုပ်ခွင် နစ်နာကြေးတွေနဲ့ အထွေထွေ အလုပ်အကိုင် အနေအထားတွေနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။

Matthew Raggatt ဟာ Fair Work Ombudsman ရဲ့ မီဒီယာ ဒါရိုက်တာ ဖြစ်ပါတယ်။

မိဘတွေ ပထမဆုံး လုပ်ဆောင်သင့်တာက သင့်ကလေးဟာ ရသင့်ရထိုက်တဲ့ လုပ်ခလစာကို တရားမျှတစွာ ရရှိနေရဲ့လား၊ အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာ (Award rates) ထက် လျော့နည်းမနေဘူးဆိုတာ သေချာအောင် လုပ်ဖို့ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် သင့်ကလေး လုပ်အားခလစာ ရရှိတိုင်း အလုပ်ရှင်က စာဖြင့်ဖြစ်စေ၊ အီးမေးလ်နဲ့ဖြစ်စေ လစာပေးချေမှု အထောက်အထား (Payslip) ထုတ်ပေးတာမျိုး လုပ်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

Australia Explained - First Job
Children working in a family business are largely exempt from restrictions including age licensing and strict work hour rules. Credit: Halfdark/Getty Images/fStop

ရရှိသင့်တဲ့ လုပ်ခလစာတွေကို ရှင်းလင်းစွာ ဖော်ပြထားပြီး နာရီအလိုပ် ဘယ်လောက်ရသင့်သလဲ စတာတွေ၊ အချိန်ပို လုပ်ရင်၊ ဒါမှမဟုတ် စနေ၊ တနင်္ဂနွေမှာ လုပ်ရင် ဘယ်လောက်ရသင့်တယ်ဆိုတဲ့ နာရီအလိုက် လုပ်ခလစာတွေကို အတိအကျ သတ်မှတ်ထားတာ ရှိပါတယ်။ အလုပ်သမား တိုင်းဟာ လစာရတိုင်း pay slip လစာစာရင်း မဖြစ်မနေ ရရှိပိုင်ခွင့် ရှိပါတယ်။ အလုပ်ရှင်တွေဘက်က ဒါတွေကို မလိုက်နာရင် ဒဏ်ရိုက်နိုင်ပါတယ်။ ပိုပြီး ပြင်းထန်တဲ့ ဥပဒေချိုးဖောက်မှုတွေ ဖြစ်လာရင်တော့ တရားရုံးအထိ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သင့်ကလေးဖက်ကလည်း အလုပ်ဘယ်နှစ်နာရီ လုပ်ကိုင်ခဲ့သလဲ ဆိုတာကို မှတ်တမ်းတင်သင့်ပြီး အလုပ်ချိန်တွေကို သက်သေပြဖို့ လိုအပ်လာရင် အသုံးပြုဖို့အတွက် ဖြစ်ပါတယ်။

အဲဒီလို မှတ်တမ်းတင်ဖို့အတွက် Fair Work Ombudsman ရဲ့ Record My Hours အက်ပလီကေးရှင်းကို အသုံးပြုနိုင်တယ်လို့လည်း Mr Raggatt က ဆက်လက်ရှင်းပြပါတယ်။

အလုပ်လုပ်ခဲ့တဲ့ နာရီတိုင်းအတွက် လုပ်ခလစာ ရရှိရပါမယ်။ ဒါဟာ ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ အလုပ်အတွက် training ဆင်းတဲ့ ကာလတွေအတွက်လည်း ရရှိရမှာ ဖြစ်ပါတယ်။ အထက်လူကြီးက မနက် ၁၀ နာရီ အလုပ်စမယ်၊ ဒါပေမဲ့ ဆိုင်ပြင်ဖို့ ၉:၄၅ အရောက်လာခဲ့ပါဆိုရင် အဲဒီ ကြိုလာရတဲ့ အချိန်အတွက်ပါ လစာ ရရှိရမှာ ဖြစ်ပါတယ်။ နောက်ထပ် လွဲမှားနေတဲ့ အချက်တစ်ခုကတော့ အခကြေးငွေမယူဘဲ အစမ်းခန့် အလုပ်လုပ်ရတာ ဖြစ်ပါတယ်။ အချို့ အခြေအနေတွေမှာ အခကြေးငွေမပါဘဲ အစမ်းခန့် စေခိုင်းခွင့် ရှိပေမဲ့ ဒါဟာ ၁ နာရီ ဒါမှမဟုတ် အလုပ် ၁ ဆိုင်း (Shift) စာ စတဲ့ အချိန်တိုအတွင်းအတွက်ပဲ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

Subscribe to or follow the Australia Explained podcast for more valuable information and tips about settling into your new life in Australia.

Do you have any questions or topic ideas? Email australiaexplained@sbs.com.au


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now