SBS မြန်မာပိုင်းကို ဘယ်အချိန်မှာ စတင်ခဲ့သလဲ၊ ဘယ်လိုကနေ ဘယ်လို စတင်ဖြစ်သလဲ ဆိုတဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး SBS မြန်မာပိုင်းရဲ့ ဌာနမှူးအဖြစ် ၃၂ နှစ်ကြာ ထမ်းဆောင်နေတဲ့ ကိုတယ်ရာလ်အွန် ကို ဆက်သွယ်မေးမြန်းထားတဲ့အခါမှာ သူက အခုလို ရှင်းပြထားပါတယ်။
SBS မြန်မာပိုင်းကို ဘယ်အချိန်မှာ ဘယ်လို စတင်ခဲ့သလဲ။

Supplied: Terrell Oung
၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ဟာ SBS ရဲ့ နှစ် ၅၀ ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ စတင်အသံထုတ်လွှင့်တဲ့ SBS ရဲ့ အမှတ်ရဖွယ်ရာ အကြောင်းတွေကို တင်ဆက်ပြီးတဲ့နောက်မှာတော့ SBS မြန်မာပိုင်းရဲ့ အကြောင်းကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
Share