Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

လစ်ဘရယ် ပါတီက ဘယ်သူလဲ၊ ဘယ်လိုဖြစ်ပေါ်လာသလဲ

MARGINAL SEAT PRE POLLING

Federal Defence Minister Peter Dutton (centre) is seen outside the Strathpine Australian Electoral Commission early voting centre in the Federal electorate of Dickson in Brisbane, Thursday, May 19, 2022. Sitting member, Federal Defence Minister Peter Dutton is facing a challenge from Labor candidate Ali France. (AAP Image/Darren England) NO ARCHIVING Credit: DARREN ENGLAND/AAPIMAGE

လေဘာပါတီအကြောင်းကို တင်ဆက်ပြီးတဲ့နောက် အခုတခါ အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ လစ်ဘရယ်ပါတီအကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။


Published

Updated

Source: SBS


Share this with family and friends


လေဘာပါတီအကြောင်းကို တင်ဆက်ပြီးတဲ့နောက် အခုတခါ အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ လစ်ဘရယ်ပါတီအကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။


အခုလောလောဆယ် လစ်ဘရယ်ပါတီကို ပီတာဒါတန်က ဦးဆောင်နေတာဖြစ်ပါတယ်။ လစ်ဘရယ်ပါတီဟာ ဩစတြေးလျနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်း တလျှောက်လုံးမှာ အများဆုံး အနိုင်ရဖူးတဲ့ ပါတီ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ပါတီကနေ ပေါက်ဖွားလာတဲ့ ဝန်ကြီးချုပ် နှစ်ဦးဟာဆိုရင်လည်း ဩစတြေးလျနိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ် သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူတွေ ဖြစ်ကြပါတယ်။

အဲဒီပါတီကို ၁၉၄၄ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းတာဖြစ်ပြီး လစ်ဘရယ်ပါတီဟာ လေဘာပါတီ ထွက်ပေါ်လာတာကို တန်ပြန်ဖို့အတွက် ဖွဲ့စည်းဖြစ်တဲ့ ပါတီဖြစ်ပါတယ်။

လစ်ဘရယ်ပါတီကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ Sir Robert Menzies ဟာ လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ ရွေးချယ်မှုကို အလေးထားတဲ့ အိုင်ဒီယာကို စွဲစွဲမြဲမြဲ ကိုင်စွဲသူ ဖြစ်ပါတယ်။

လေဘာပါတီက သမဂ္ဂတွေရဲ့ လှုပ်ရှားမှုတွေကနေ ပေါ်ပေါက်လာတဲ့ပါတီဖြစ်ပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းပိုင်တဲ့ တစ်ဦးတစ်ယောက်ခြင်းစီအတွက် ကိုယ်စားပြုမှုတွေနဲ့ အလယ်အလတ် လူတန်းစာကို ကိုယ်စားပြုမှု မရှိဘူးလို့ သူက ခံယူသူ ဖြစ်ပါတယ်။

တခြားလူ အများအပြားကလည်း သူ့လိုပဲ ခံယူရာကနေ လူတွေ စုမိရာကနေ လစ်ဘရယ်ပါတီကို တည်ထောင်လိုက်တာ ဖြစ်တယ်လို့ အဲဒီပါတီရဲ့ လွှတ်တော်အမတ် တစ်ဦးဖြစ်ဖူးသူ George Brandis က ပြောပါတယ်။

လစ်ဘရယ်ပါတီဟာ ၁၉၄၉ ခုနှစ် ရွေးကောက်ပွဲမှာ Country Party of Australia နဲ့ လက်တွဲပြီး ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့လို့ Robert Menzies က ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

Menzies ရဲ့ ပြောကြားချက်အရ လူချမ်းသာတွေက သူတို့ကို သူတို့ ကြည့်ရှု စောင့်ရှောက်နိုင်စွမ်းရှိတယ်၊ လက်လုပ်လက်စား သမားတွေကြတော့ သူတို့ကို ကြည့်ရှုစောင့်ရှောက်တဲ့ သမဂ္ဂတွေ ရှိတယ်။ ဒါပေမဲ့ လူလတ်တန်းစားနဲ့ အသေးစား စီးပွားရေးသမားတွေ၊ ပရော်ဖက်ရှင်နာတွေ၊ စိုးပျိုးမွေးမြူရေးသမားတွေ၊ အနုပညာရှင်တွေ စတဲ့ လူတွေကိုတော့ ဘယ်သူမှ ကြည့်ရှုစောင့်ရှောက်မှုမရှိဘူးလို့ ပြောပါတယ်။ အဲလူတွေကို ကိုယ်စားပြုဖို့ လစ်ဘရယ်ပါတီကို တည်ထောင်ဖြစ်တာလို့ ရှင်းပြခဲ့ပါတယ်။

လစ်ဘရယ်ပါတီဟာ လေဘာပါတီနဲ့ ယှဥ်လိုက်ရင် ပိုပြီး ရှေးရိုးစွဲတဲ့ ပါတီဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

လစ်ဘရယ်ပါတီမှာ အဓိက နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမ တစ်မျိုးက လစ်ဘရယ် လို့ခေါ်ပေမယ့် l စာလုံးအငယ်နဲ့ ပေါင်းတဲ့ လစ်ဘရယ်ဖြစ်ပါတယ်။ ဘာကို ဆိုလိုသလဲ ဆိုရင်တော့ အဲဒီလစ်ဘရယ် အမျိုးအစားက အစိုးရဆိုတာ သင့်ကို ကူညီဖို့မဟုတ်ဘူး၊ သင့်ကိုယ်သင်တာ ကိုယ်စားပြု ကြိုးစားအားထုတ်ရမယ်၊ သင့်ဘဝအတွက် အကောင်းဆုံးအရာတွေကို သင်ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာဖြစ်ပြီး အစိုးရက ပါဝင်မှုနည်းပါးလေလေ သင့်အတွက် ကောင်းမွန်လေလေပဲလို့ ခံယူတဲ့ အမျိုးအစားဖြစ်ပါတယ်။ ပိုပြီး ရှေးရိုးစွဲတဲ့ လစ်ဘရယ်တွေကြတော့ အစိုးရကို ပိုအကောင်းမြင်တဲ့ အတွေးမျိုးရှိပြီး အစိုးရအနေနဲ့ ပြဿနာတချို့ကို ဖြေရှင်းပေးနိုင်တယ်ဆိုတာကို အကြောက်အကန် ငြင်းဆိုမှုမလုပ်တဲ့ အုပ်စုဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ မကြိုက်တဲ့အရာတွေက လိင်တူခြင်း လက်ထပ် ထိမ်းမြားခြင်းကို လက်မခံတာတွေ၊ နိုင်ငံတကာ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး နယ်စပ်ကို ဖွင့်ထားတဲ့ပေါ်လစီတွေကို ကြိုက်နှစ်သက်လေ့မရှိပါဘူး။ သူတို့က ပိုသေးငယ်ပြီး ပိုတိတ်ဆိတ်မှုရှိတဲ့ ၁၉၆၀ ခုနှစ်ဝန်းကျင်က ဩစတြေးလျနိုင်ငံအနအေထားမျိုးကို လိုချင်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်ကာလ မတူညီမှုအပေါ် မူတည်ပြီး လစ်ဘရယ်ပါတီအတွင်း စီမံခန့်ခွဲမှုတွေလည်း မတူညီကြပါဘူး။ ပီတာဒါတန်လက်ထက် အတွင်းမှာ လစ်ဘရယ်ပါတီက အတော် ရှေးရိုးဆန်ပါတယ်။ သူတို့က အေးအေးလူလူ အနေအထားပဲ လိုချင်ပြီး ဘာမှ ထွေထွေထူးထူး ဖြစ်တာမျိုးကို မလိုချင်တဲ့ ပုံစံ ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

လစ်ဘရယ်ပါတီရဲ့ တခြား လူသိများတဲ့ ပေါ်လစီတွေထဲမှာ ၁၉၇၆ ခုနှစ်တုန်းက ဗီယက်နမ်စစ်အပြီးမှာ ဗီယက်နမ်ဒုက္ခသည်တွေကို ပြန်လည်အခြေချတဲ့ပေါ်လစီ။ Yours truly ပေါ်လစီ၊ နဲ့ ၁၉၈၇ခုနှစ်မှာ Special Broadcasting Service SBS အသံလွှင့်ဌာနကို တည်ထောင်ပေးတဲ့ ပေါ်လစီအပြင် ၁၉၉၆ ခုနှစ်တုန်းက Port Arthur မှာ လူအများအပြား ပစ်သတ်ခံရပြီးနောက် တင်းကြပ်တဲ့ သေနတ်ကိုင်ဆောင်ခွင့် ပေါ်လစီ ချမှတ်တဲ့အပြင် ၂၀၁၄ ခုနှစ်တုန်းက Operation Sovereign Borders ကို ချမှတ်တဲ့ ပေါ်လစီတို့ ဖြစ်ကြပါတယ်။

Dr Sheppard ရဲ့ အဆိုအရ လစ်ဘရယ်ပါတီအနေနဲ့ သူတို့ရဲ့ စီးပွားရေးစီမံနိုင်မှုအပေါ် ဂုဏ်ယူသင့်တယ်လို့ ပြောပါတယ်။

လစ်ဘရဘ်ပါတီ ခေါင်းဆောင်ထဲမှာ လူသိများတဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးကတော့

Harold Holt ဖြစ်ပြီး သူဟာ ပင်လင်ပြင်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

နောက်လူသိများသူတစ်ဦးကတော့ ဝန်ကြီးချုပ်ဟောင်း John Howard ဖြစ်ပြီး သူဟာ ဩစတြေးလျသမိုင်းတလျှောက် ဝန်ကြီးချုပ်အဖြစ် ဒုတိယ သက်တမ်းအရှည်ဆုံး ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

လစ်ဘရယ်ပါတီဟာ ၂၀၂၂ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် အစိုးရဖြစ်ခဲ့ဖူးပြီး ဝန်ကြီးချုပ်က စကော့တ်မော်ရီဆန် ဖြစ်ပါတယ်။

အခုလောလောဆယ် လစ်ဘရယ်ပါတီရဲ့ ခေါင်းဆောင်ဟာ ပီတာဒါတန်ဖြစ်ပြီး သူတို့ကသာ ဒီရွေးကောက်ပွဲမှာ အနိုင်ရရင် သူက ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

သူဟာ နိုင်ငံရေးသမားအဖြစ် လုပ်ကိုင်လာတာ ၂၅ နှစ်ရှိသွားပြီး အရင်တုန်းက ရဲအရာရှိ တစ်ဦးဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ လစ်ဘရယ်ပါတီဟာ နေရှင်နယ်ပါတီနဲ့ ပူးပေါင်းနေပြီး အနိုင်ရရင် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့အတွက် ဖြစ်ပါတယ်။

Mr Brandis က နေရှင်နယ်ပါတီရဲ့ လမ်းကြောင်းဟာ လစ်ဘရယ်နဲ့ ကွာခြားပေမယ့် ပူးပေါင်းဖို့ လိုအပ်တဲ့အတွက် ပူးပေါင်းမှု လုပ်နေကြတာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

လစ်ဘရယ်ပါတီရဲ့ ဒီရွေးကောက်ပွဲ ဆောင်ပုဒ်က ဩစတြေးလျကို လမ်းမှန်ပေါ် ပြန်ရောက်ရေး

'get Australia back on track' ဖြစ်ပြီး သူတို့ရဲ့ အဓိကပေါ်လစီက

ဩစတြေးလျရဲ့ ပထမဆုံးသော နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး

ရာဇာဝတ်မှုကို တင်းကြပ်စွာ ကိုင်တွယ်ရေး

အစိုးရဝန်ထမ်းတွေ လျှော့ချရေးအပါအဝင် အသုံးအဖြုန်းတွေကို လျှော့ချသွားရေးနဲ့

ပြည်ပက လူဝင်ရောက်မှုကို လျှော့ချရေးတို့ ပါဝင်တဲ့အကြောင်း ရေးထားတဲ့

Rania ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now