Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

တက်လာမယ့် ဒလိုင် လားမားက ဘယ်သူ ဖြစ်မလဲ။

dalai lama, tibetan uprising day, human rights
Dalai Lama Source: AAP

ဘုန်းတော်ကြီး ဒလိုင်လားမားဟာ လာမယ့် ဇူလိုင်လ ၆ ရက်နေ့ကြရင်အသက် ၉၀ ပြည့်မှာ ဖြစ်ပါတယ်။


Published

By Essam Al-Ghalib, Hannah Kwon

Presented by Mu Laing Thein

Source: SBS



Share this with family and friends


ဘုန်းတော်ကြီး ဒလိုင်လားမားဟာ လာမယ့် ဇူလိုင်လ ၆ ရက်နေ့ကြရင်အသက် ၉၀ ပြည့်မှာ ဖြစ်ပါတယ်။


ဩစတြေးလျမှာ ရောက်ရှိနေတဲ့ တိဘက်လူမျိုးတွေက ဒလိုင်လားမားရဲ့ နှစ်ကိုးဆယ်ပြည့် မွေးနေ့အတွက် ရိုးရာယဥ်ကျေးမှုဆိုင်ရာ အကတွေ< ပွဲတွေ ကျင်းပနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

ဒီနိုင်ငံကို ရောက်လာတဲ့ တိဘက် ကျောင်းသူ ကျောင်းသား တွေအတွက်လွတ်လပ်မှုရှိကြပေမဲ့ တိဘက်လူမျိုး ဗုဒ္စဘာသာဝင်တွေကတော့ နောက်တက်လာမယ့်သူတို့ရဲ့ ဝိဥာဥ်ရေးရာ ခေါင်းဆောင် ဘယ်သူ ဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး မသေခြာမရေရာမှုတွေ ဖြစ်နေရပါတယ်။

တိဘက်လူမျိုးတွေက သူတို့ရဲ့ ဝိဥာဥ်ရေးရာခေါင်းဆောင်ကို ဒလိုင်လားမားလို့ ခေါ်ကြတာဖြစ်ပြီး လက်ရှိ ဘုန်းတော်ကြီး ဒလိုင်လားမားပျံလွန်သွားရင် ဘယ်သူ ဖြစ်လာမလဲ ဆိုတာကို တွေးပူနေကြတာပါ။

ဘုန်းတော်ကြီး ဒလိုင်လားမားကတော့ သူ့အနေနဲ့ မကြာခင် သူ့ရဲ့ အရိုက်အရာကို ဘယ်သူဆက်ခံမလဲ ဘယ်သူ ဝင်စားမလဲ ဆိုတာကို ကြော်ငြာမယ်လို့ ပြောပါတယ်။ ဒလိုင်လားမားဆိုတာ ရိုးရာယဥ်ကျေးမှုနဲ့ နိုင်ငံရေး ပုဂ္ဂိုလ်ဖြစ်ပြီး တာဝန်ကြီးမားလှတဲ့ ဂုဏ်ပုဒ်ဖြစ်ပါတယ်။

ဒလိုင်လားမားကိုလည်း ခေတ်အဆက်ဆက် အသေအခြာ ရွေးချယ်ကြပေမယ့်လောလောဆယ် တက်လာမယ့် ဒလိုင်လားမားနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်နေပါတယ်။

ဘုန်းတော်ကြီး ဒလိုင်လားမားကတော့ သူ့ကို ဝင်စားမယ့်လူ၊ သူ့အရိုက်အရာကို ခံမယ့်လူဟာလွတ်လပ်တဲ့ နေရာကလူ ဖြစ်ရမယ်လို့ ပြောဆိုနေချိန်မှာပဲ တရုတ်အာဏာပိုင်တွေကတော့ဒလိုင်လားမား ဘယ်သူဖြစ်မလဲ ဆိုတာက သူတို့ရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ပြောဆိုနေပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ဒလိုင်လားမား နှစ်ပါး ဖြစ်နိုင်ပြီး တစ်ပါးက တိဘက်တွေထောက်ခံတဲ့ အပါးဖြစ်ပြီး နောက်တစ်ပါးက တရုတ်က တင်မြောက်တဲ့ တစ်ပါးဖြစ်လိုတိဘက်တွေရဲ့ စည်းလုံးညီညွတ်ရေးအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်နိုင်တယ်လို့ Monashတက္ကသိုလ်က တရုတ်ရေးရာ အကြီးတန်း စာပြပုဂ္ဂိုလ် Kevin Carrico က ပြောပါတယ်။

၁၉၅၀ ပြည့်နှစ်တွေက စပြီး တိဘက်ကို တရုတ်ပြည်သူ့ သမ္မတရဲ့ လက်အောက်ထဲထားရှိမယ်လို့ ပြောတဲ့အချိန်တုန်းက တရုတ်အနေနဲ့ တိဘက်ရဲ့ နိုင်ငံရေးနဲ့ဘာသာရေးစနစ်မှာ ဝင်ရောက်စွက်ဖက်မှု မလုပ်ဘူးလို့ ပြောဆိုထားပေမယ့်လည်း တိဘက်ရဲ့နိုင်ငံရေးနဲ့ ဘာသာရေးစနစ်မှာ တရုတ်ဝင်ရောက်စွက်ဖက်မှုတွေက ရှိနေတယ်လို့ပြောသွားခဲ့ပါတယ်။

၁၉၉၅ ခုနှစ်တုန်းက တိဘက် ဗုဒ္စဘာသာရဲ့ ဒုတိယအဆင့်အမြင့်ဆုံး ဖြစ်တဲ့ Panchen Lamaပျံလွန်သွားတဲ့အခါတုန်းက ဒလိုင်လားမားက Panchen Lama ရဲ့ အရိုက်အရာ ခံမယ့်သူ၊Panchen Lama ကို ဝင်စားမယ့်သူအဖြစ် အသက် ၆ နှစ်အရွယ် ကောင်လေး တစ်ယောက်ကိုသတ်မှတ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အဲဒီအချိန်ကစပြီး အဲဒီကလေးကို တရုတ်က ဖယ်ရှားလိုက်ပြီး အခုအချိန်အထိဘယ်နားမှာ ရှိသလဲ ဆိုတာ မသိရပါဘူး။ အဲဒီလို အနေအထားကြောင့် အနာဂတ်မှာ တရုတ်အစိုးရ မနှစ်မြို့တဲ့လူကို ဒလိုင်လားမားအဖြစ် ရွေးချယ်ရင် အဲဒီလူအတွက် လုံခြုံရေးကိုစိုးရိမ်ရတယ်လို့Ms Bedford က ပြောပါတယ်။

ရိုးရာအစဥ်အလာအရ လက်ရှိ ဒလိုင်လားမား ပျံလွန်သွားတဲ့အခါ ဘယ်ကလေးကဒလိုင်လားမားကို ဝင်စားသလဲ ဆိုတာကို ဘုန်းတော်ကြီးတွေက အိပ်မက်တွေ၊အမြင်အာရုံတွေနဲ့ ရိုးရာ စမ်းသပ်မှုတွေ လုပ်ပြီး နောက်ဒလိုင်လားမားကို တင်မြောက်ကြတာဖြစ်ပါတယ်။

Tenzin Gyatso လို့ခေါ်တဲ့ အသက် ၂ နှစ် အရွယ် ကလေးငယ်ဟာ ၁၉၃၅ ခုနှစ်တုန်းကပျံလွန်သူ ဒလိုင်လားမားကို ဝင်စားတဲ့ ကလေးလို့ သတ်မှတ်ခံရရာကနေ လက်ရှိဘုန်းတော်ကြီး ဒလိုင်လားမား ဖြစ်လာပါတယ်။ ဒါပေမဲ့ သူကွယ်လွန်သွားတဲ့အခါ ဘယ်သူဒလိုင်လားမား ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်နေကြပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now