Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ကမ္ဘာ့ဖလားရဲ့ အံ့အားသင့်စရာပွဲ - ကာဘိုဗာဒီအသင်းက စပိန်ကို သရေ ကစားနိုင်

FIFA World Cup match - FOOTBALL - WORLD CUP 2026 - SPAIN v CABO VERDE - WC Daily
Cabo Verde estreou com um empate contra a Espanha, pelo grupo H no estádio de Atlanta, nos Estados Unidos. Source: SIPA USA / Jose Breton/DPPI/IPA Sport 2/ipa-agency.net//Sipa USA/AAP Image

ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး အဓိကအလှည့်အပြောင်း ရလဒ်ထွက်ပေါ်လာခဲ့ပြီး၊ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်တဲ့ ကိတ်ဗာဒီအသင်းရဲ့ ဟန့်တားမှုကို ခံခဲ့ရပါတယ်။ မယုံနိုင်စရာကောင်းတာကတော့ ပြိုင်ပွဲရဲ့ ပဉ္စမမြောက်နေ့မှာ ကစားခဲ့တဲ့ ပွဲစဉ် ၄ ပွဲစလုံး သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာဖြစ်ပြီး၊ ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ၆၈ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာပါ။ 'World Cup Daily Update' အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်မက မူလှိုင်းသိမ့် ဖြစ်ပြီး၊ ဒါကတော့ ဖီဖာကမ္ဘာ့ဖလား ၂၀၂၆ ပြိုင်ပွဲရဲ့ ပဉ္စမမြောက်နေ့ သုံးသပ်ချက် ဖြစ်ပါတယ်။


Published

Updated

By Yumi Oba

Presented by Mu Laing Thein

Source: SBS



Share this with family and friends


ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး အဓိကအလှည့်အပြောင်း ရလဒ်ထွက်ပေါ်လာခဲ့ပြီး၊ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်တဲ့ ကိတ်ဗာဒီအသင်းရဲ့ ဟန့်တားမှုကို ခံခဲ့ရပါတယ်။ မယုံနိုင်စရာကောင်းတာကတော့ ပြိုင်ပွဲရဲ့ ပဉ္စမမြောက်နေ့မှာ ကစားခဲ့တဲ့ ပွဲစဉ် ၄ ပွဲစလုံး သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာဖြစ်ပြီး၊ ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ၆၈ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာပါ။ 'World Cup Daily Update' အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်မက မူလှိုင်းသိမ့် ဖြစ်ပြီး၊ ဒါကတော့ ဖီဖာကမ္ဘာ့ဖလား ၂၀၂၆ ပြိုင်ပွဲရဲ့ ပဉ္စမမြောက်နေ့ သုံးသပ်ချက် ဖြစ်ပါတယ်။


အာဖရိကတိုက်က ကမ္ဘာ့ဖလားခြေလှမ်းသစ် ကိတ်ဗာဒီအသင်းဟာ အတ္တလန်တာမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ စပိန်အသင်းကို ဂိုးမရှိသရေရလဒ်နဲ့ ထိန်းချုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းမှာ အကြီးမားဆုံး အံ့အားသင့်စရာ ရလဒ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သမျှ နိုင်ငံတွေထဲမှာ အသေးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ကိတ်ဗာဒီအသင်းဟာ အသက် ၄၀ အရွယ် ဂိုးသမား ဗိုဇင်ညာရဲ့ လက်စွမ်းပြမှုနဲ့အတူ အားတက်ခဲ့ရပြီး၊ သူဟာ အရေးကြီးတဲ့ ကာကွယ်မှု ၇ ကြိမ် ပြုလုပ်ခဲ့လို့ 'ပွဲစဉ်အကောင်းဆုံးကစားသမား' ဆုကို ရရှိခဲ့ပါတယ်။

__

တစ်ချိန်တည်းမှာပဲ ဘယ်လ်ဂျီယံနဲ့ အီဂျစ်တို့ရဲ့ Seattle ပွဲစဉ်ဟာလည်း ၁ ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

အီဂျစ်အသင်းရဲ့ အီမမ် အာရှောဟာ ပွဲကစားချိန် ၁၉ မိနစ်မှာ အဝေးကန်ချက်နဲ့အတူ အလွန်လှပတဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူပြီး သူရဲ့ ကမ္ဘာ့ဖလားပွဲဦးထွက်ကို မှတ်တမ်းတင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ရိုမယ်လူ လူကာကူကတော့ ပွဲကစားချိန် ၆၆ မိနစ်မှာ လူစားလဲဝင်ရောက်လာပြီးနောက် ချက်ချင်းဆိုသလို သက်ရောက်မှုရှိခဲ့ပြီး၊ သူ ကွင်းထဲဝင်ရောက်ပြီး ၂၃ စက္ကန့်အကြာမှာပဲ အီဂျစ်အသင်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှုကို ဖြစ်ပေါ်စေဖို့ တွန်းအားပေးနိုင်ခဲ့ပါတယ်။

Results.jfif

အုပ်စု (H) မှာတော့ ဆော်ဒီအာရေဗျနဲ့ ဥရုဂွေးတို့ မိုင်ယာမီမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ဒီဂိုးတွေဟာ တစ်ဖက်ဂိုးသမားတွေဆီကနေ လျှံထွက်လာတဲ့ ဘောလုံးတွေကို ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ပိတ်သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။

အစောပိုင်းပွဲစဉ်မှာ စပိန်နဲ့ ကိတ်ဗာဒီတို့ သရေကျခဲ့တာကြောင့် အုပ်စု (H) ရဲ့ အခြေအနေဟာ အားလုံးအတွက် လမ်းပွင့်သွားခဲ့ပြီး၊ ပွဲဦးထွက်ပွဲစဉ်တွေအပြီးမှာ ၄ သင်းစလုံး ၁ မှတ်စီ ရရှိထားကြပါတယ်။

--

လော့စ်အိန်ဂျလိစ်မှာတော့ နယူးဇီလန်အသင်းဟာ ဧလိယရဲ့ သွင်းဂိုးတွေနဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမဲ့၊ အီရန်အသင်းက နှစ်ကြိမ်စလုံး ပြန်လည်ချေပနိုင်ခဲ့ပြီး၊ ၆၄ မိနစ်မှာ မိုဟာမက် မိုဟက်ဘီရဲ့ ချေပဂိုးကြောင့် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ပဉ္စမမြောက်နေ့ရဲ့ ပွဲစဉ် ၄ ပွဲစလုံး သရေကျခဲ့တာဖြစ်ပြီး၊ ဒါဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆၈ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တူရကီအသင်းကို အနိုင်ရရှိခဲ့ပြီးနောက်၊ ဆော်ကာရူးစ် (သြစတြေးလျ) အသင်းဟာ အိမ်ရှင် အမေရိကန်အသင်းနဲ့ ရင်ဆိုင်ရမယ့် အဓိကစိန်ခေါ်မှုအတွက် ပြင်ဆင်နေပြီး၊ ကွင်းလယ်လူ ကွန်နာ မက်ကော့ဖ်ကတော့ အသင်းရဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ယုံကြည်ချက်အပြည့် ရှိနေပါတယ်။

ဒီပွဲကို တက်လှမ်းဖို့အတွက် ဒါဟာ ကျွန်တော်တို့ ရရှိနိုင်မယ့် အကောင်းဆုံး အစပြုခြင်းလို့ ထင်ပါတယ်။ ပွဲမစခင်မှာ ကျွန်တော်တို့ ဒီအကြောင်းကို ပြောခဲ့ကြတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့နဲ့ ဒီအခိုက်အတန့်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ပေါ့။ ပြီးတော့ ကစားသမား အများစုအတွက် ပွဲအစမှာ လုံးဝ စိုးရိမ်စိတ်မရှိခဲ့သလို ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ ပွဲအစကောင်းခဲ့တာက အမှန်တကယ်ပဲ အခြေအနေကောင်းကို ဖန်တီးပေးခဲ့တာပါ။ နောက်ပွဲကိုလည်း ခွန်အားအပြည့်၊ ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်သွားမှာပါ။

ဆော်ကာရူးစ်နဲ့ အမေရိကန်အသင်းတို့ဟာ ဇွန်လ ၂၀ ရက်၊ သြစတြေးလျစံတော်ချိန် မနက် ၅ နာရီမှာ SBS ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး၊ ဇွန်လ ၂၆ ရက်မှာတော့ ပါရာဂွေးအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

FWC Tomorrow LineUp.png

ဆဋ္ဌမမြောက်နေ့ရဲ့ ပွဲစဉ်တွေကို ကြည့်ရမယ်ဆိုရင်တော့၊ ပြင်သစ်အသင်းဟာ အာဖရိကရဲ့ အင်အားကြီး ဆီနီဂေါအသင်းနဲ့ ပွဲဦးထွက် ကစားမှာဖြစ်ပြီး၊ သြစတြေးလျနည်းပြ ဂရေဟမ် အာနိုးရဲ့ အီရတ်အသင်းကတော့ နော်ဝေအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက အယ်လ်ဂျီးရီးယားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ သြစတြီးယားကတော့ ဂျော်ဒန်နဲ့ ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

——

သင့်အနေနဲ့ မ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပဉ္စမမြောက်နေ့အတွက် 'World Cup Daily Update' ကို နားဆင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန််် မူလှိုင်းသိမ့် ဖြစ်ပါတယ်။

ဖီဖာကမ္ဘာ့ဖလား ၂၀၂၆ ပြိုင်ပွဲရဲ့ မိနစ်တိုင်းကို SBS နဲ့ SBS On Demand တို့မှာ တိုက်ရိုက်နဲ့ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now