Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

Omicron COVID-19 မျိုးကွဲ ဆစ်ဒနီမြို့ကို ရောက်ရှိ

Words that say Omicron COVID-19 variant is seen on a mobile phone
WHO says governments need to reassess their responses to COVID-19 & speed up vaccination programs to tackle new Omicron variant. Source: AAP

တောင်အာဖရိကမှာ စတင်တွေ့ရှိတဲ့ Omicron COVID-19 မျိုးကွဲပိုးကို ပြည်ပကနေ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို ရောက်ရှိလာတဲ့ လူနှစ်ဦးမှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။


Published

Source: SBS


Share this with family and friends


တောင်အာဖရိကမှာ စတင်တွေ့ရှိတဲ့ Omicron COVID-19 မျိုးကွဲပိုးကို ပြည်ပကနေ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို ရောက်ရှိလာတဲ့ လူနှစ်ဦးမှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။


အဆိုပါခရီးသည်နှစ်ဦးဟာ စနေညတုန်းက ဆစ်ဒနီမြို့ကို ရောက်ရှိလာတာဖြစ်ပြီး အထူးကျန်းမာရေးဆောင် တစ်ခုမှာ သီးသန့်ခွဲခြားနေထိုင်ခိုင်းထားပါတယ်။ အဲဒီနှစ်ဦးစလုံးဟာ ကာကွယ်ဆေး အပြည့်အဝထိုးပြီးကြသူတွေ ဖြစ်ပါတယ်။

တောင်အာဖရိကကနေ ခရီးသည် ၁၄ ဦး ရောက်ရှိလာတာဖြစ်ပြီး ဒိုဟာကနေ ဆစ်ဒနီမြို့ကို ပြေးဆွဲတဲ့ Qatar Airways QR908 နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ တခြား ၁၂ ယောက်ကတော့ ဟိုတယ်မှာ ၁၄ ရက်ကြာ ကွာရန်တင်းဝင်နေပါတယ်။

တခြားလူ ၂၉ ဦးကတော့ ရောဂါကူးစက်မှု ဖြစ်နေတဲ့ အာဖရိကနိုင်ငံ ၉ ခုထဲက နိုင်ငံတစ်ခုကနေ ပြန်ရောက်လာတာဖြစ်ပြီး ဟိုတယ်မှာ ကွာရန်တင်းဝင်နေကြပါတယ်။

New South Wales ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet ကတော့ ဒီလို ကူးစက်မှုကို ကြည့်ခြင်းအားဖြင့် ကပ်ရောဂါက မပြီးဆုံးသေးဘူးဆိုတာကို ပြသနေတယ်လို့ ပြောပါတယ်။ မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ်က ကမာ္ဘတစ်ခုလုံးကို ပျံ့နှံ့သွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

န်ိုင်ငံတကာကနေ ရောက်လာတဲ့ လူတွေအနေနဲ့ နေအိမ်မှာ ၇၂ နာရီကြာ ကွာရန်တင်း ဝင်ရမှာ ဖြစ်ပေမယ့် ပြည်နယ်ရဲ့ နယ်စပ်ကို ဖွင့်လှစ်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

South Africa, Lesotho, Botswana, Zimbabwe, Mozambique, Namibia, Eswatini, Malawi နဲ့ Seychelles ကနေ ရောက်လာသူတွေကတော့ ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။

သြစတြေးလျ ဖက်ဒရယ်အစိုးရက South Africa, Namibia, Zimbabwe, Botswana, Lesotho, Eswatini, the Seychelles, Malawi နဲ့ Mozambique နိုင်ငံက လေယာဉ်တွေကို နှစ်ပတ်ကြာ ဝင်ခွင့်ပိတ်မယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံသားတွေကသာ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်အတွင်း အဲဒီနိုင်ငံတွေကနေ ဝင်လာသူတွေကလည်း ရောဂါရှိမရှိ စစ်ဆေးခံရမှာဖြစ်ပြီး ချက်ခြင်း ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။

 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now