အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရင် ဒေါ်လာ ၂၀၀၀၀ ရပေမယ့် Paralympian တွေ ဘာမှမရ

အပေါ်ယံကို ကြည့်လိုက်ရင် သြစတြေးလျနိုင်ငံက အိုလံပစ်အားကစားသမားတွေနဲ့ မသန်စွမ်းသူ ပါရာလံပစ် ကစားသမားတွေ အနိုင်ရတဲ့အခါ အတူတူပဲလို့ ထင်ရပေမယ့် အိုလံပစ်ကစားသမားတွေ ရွှေတံဆိပ်ရရင် ဆုကြေးငွေတွေ ရရှိပေမယ့် ပါရာလံပစ်သမားတွေတော့ ဆုငွေတွေ ရရှိခြင်း မရှိပါဘူး။

Australian paralympians Scott Reardon and Meg Lemon are calling for the discrepancy in cash prizes between athletes to be addressed.

Australian paralympians Scott Reardon and Meg Lemon are calling for the discrepancy in cash prizes between athletes to be addressed. Source: AAP

၂၀၂၀ တိုကျိုမြို့ရဲ့ အိုလံပစ် ခေါင်းစဉ်က မတူကွဲပြားမှုတွေအကြား စည်းလုံးညီညွတ်ခြင်း လို့အဓိပ္ပာယ်ဆောင်တဲ့ ‘unity in diversity' ဖြစ်တာကြောင့် တန်းတူညီမျှမှုနဲ့ လက်ခံမှုတွေကို အခြေခံထားတာလို့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ သြစတြေးလျနဲ့ အိမ်ရှင် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတချို့မှာတော့ အိုလံပစ်ကစားသမားတွေနဲ့ ပါရာလံပစ် ကစားသမားတွေအကြား မတူညီမှုတွေ ရှိနေပါတယ်။

နိုင်ငံအများအပြားလိုပဲ သြစတြေးလျနိုင်ငံမှာ အားကစားသမားတွေအတွက် ကုန်ကျစရိတ်တွေနဲ့ ဆုကြေးတွေကို Olympic and Paralympic ကော်မတီအဖွဲ့က စီမံခန့်ခွဲဆုံးဖြတ်ရတာဖြစ်ပါတယ်။

ဒါပေမဲ့ သြစတြေးလျနိုင်ငံက ပါရာလံပစ်သမားတွေအတွက် ဆုတံဆိပ် ဆွတ်ခူးပေးနိုင်ရင် ငွေကြေးဆုချတာမျိုးတွေ မလုပ်ပေးထားပါဘူး။ ဒါပေမဲ့ အိုလံပစ်ကစားသမားတွေ ရွှေတံဆိပ် ဆွတ်ခူးနိုင်ရင် အပိုဆုအနေနဲ့ ဒေါ်လာ ၂၀၀၀၀၊ ငွေတံဆိပ်ဆိုရင် ဒေါ်လာ ၁၅၀၀၀ နဲ့ ကြေးတံဆိပ်ဆိုရင် ဒေါ်လာ ၁၀၀၀၀ ပေးလေ့ရှိပါတယ်။

အပြေးသမား Scott Reardon ဟာ ပါရာလံပစ်ပွဲတွေမှာ အမြဲတမ်း ဆုတံဆိပ်ရရှိသူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် Paralympian of the year အဖြစ် သတ်မှတ်ခံရသလို ၂၀၁၂ ခုနှစ် လန်ဒန်မြိုက အိုလံပစ်ပြိုင်ပွဲရဲ့ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ငွေတံဆိပ်ရရှိပြီး ၂၀၁၆ ခုနှစ် Rio မြို့ အိုလံပစ်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့သလို တိုကျိုးအိုလံပစ်ပွဲမှာလည်း ရှေ့ပြေးနေသူ ဖြစ်ပါတယ်။

Scott Reardon says many para-athletes work full-time while also being a full-time athlete.
Scott Reardon says many para-athletes work full-time while also being a full-time athlete. Source: AAP

အပြင်ပန်းကို ကြည့်လိုက်ရင် အမျိုးသား အားကစားသမား၊ အမျိုးသမီးအားကစားသမားနဲ့ မသန်စွမ်း ကစားသမားတွေအကြား တန်းတူညီမျှမှု ရှိတယ်လို့ ထင်ရပေမယ့် တကယ်တော့ တန်းတူညီမျှမှုမရှိပဲ သူတို့ကို နောက်မှာ ထားလေ့ရှိတယ်လို့ Reardon က ပြောပါတယ်။

ကနေဒါနိုင်ငံမှာလည်း ဆုတံဆိပ် ဆွတ်ခူးနိုင်သူတွေအတွက် ဆုကြေးတွေ ချန်ထားပေမယ့် ပါရာလံပစ်သမားတွေ ဆုကြေးတွေ မရကြဘူးလို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာတော့ ပါရာလံပစ် သမားတွေ ရွှေ့ဆံဆိပ် ဆွတ်ခူးနိုင်ရင် ဒေါ်လာ ၃၈၀၀၀ ရပေမယ့် သာမာန် အိုလံပစ်ကစားသမားတွေနဲ့ယှဉ်ရင် ဒေါ်လာ ၂၅၀၀၀ ပိုအရနည်းနေတာ ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံက အိုလံပစ်ကစားသမားတွေနဲ့ ပါရာလံပစ် ကစားသမားတွေ ဆုတံဆိပ်ရတဲ့အခါ ဆုငွေတွေ မရပေမယ့် အားကစားသင်တန်းအတွက် တူညီတဲ့ ပံ့ပိုးကူညီမှုတွေ ရရှိကြပါတယ်။

ပါရာလံပစ် ကစားသမားတွေဟာ သူတို့နိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ တခြား အားကစားသမားတွေလိုပဲ ကြိုးကြိုးစားစား လေ့ကျင့်ရပြီး တခါတရံပိုလို့တောင် ကြိုးစားရပေမယ့် မသန်စွမ်းသူတွေကို အထင်မကြီးတာမျိုးက ရှိနေဆဲပဲလို့လည်း Physical Disability Council of NSW ရဲ့ အကြီးအကဲ Serena Ovens က ပြောပါတယ်။

မကြာခင် နှစ်တွေအတွင်း ကစားသမားတွေအကြား တန်းတူညီမျှမှုတွေ ရှိလာမယ်လို့ မျှော်လင့်မိတယ်လို့ Reardon က ပြောပါတယ်။

Australian Para-cyclist Meg Lemon says she hopes the spotlight on the performance of athletes at the Tokyo Paralympics results in the pay gap being addressed.
Australian Para-cyclist Meg Lemon says she hopes the spotlight on the performance of athletes at the Tokyo Paralympics results in the pay gap being addressed. Source: AAP

၂၀၁၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ အိုလံပစ်နဲ့ ပါရာလံပစ် ကော်မတီကနေ တိုကျို အိုလံပစ်ကစားပွဲကြရင် ပါရာလံပစ် ကစားသမားတွေကို အိုလံပစ်ကစားသမားတွေလိုပဲ ဆုကြေးတွေ ပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် အဲဒီတုန်းက ၈ ကြိမ်မြောက် ရွှေတံဆိပ်ဆုရှင် Oksana Masters က ဝမ်းသာမျက်ရည်တွေ ကျခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပါရာလံပစ် ကစားသမားတွေဟာ ကမာ္ဘ့ချန်ပီယံပွဲမှာ အနိုင်ရမှသာ လေ့ကျင့်မှုတွေအတွက် ငွေကြေးထောက်ပံ့မှုရတာဖြစ်ပြီး အဲလိုမှ မစွမ်းဆောင်နိုင်ရင် အလုပ်တဖက်လုပ်၊ သင်တန်တွေ၊ လေ့ကျင့်မှုတွေလုပ်ရတယ်လို့ ပြောပြကြပါတယ်။

ဒီပါရာလံပစ် ပြိုင်ပွဲမှာ သြစတြေးလျ ကစားသမားတွေ အနိုင်ရတာကို ကြည့်ပြီး ဒီအထဲမှာ နည်းနည်းထပ်ပြီး ရင်းနှီးမြုပ်နှံရင်ကောင်းမယ်လို့ တွေးလာကြဖို့ မျှော်လင့်နေကြပါတယ်။

ဒီကိစ္စတွေနဲ့ ဆက်စပ်ပြီး Paralympics Australia ကို ဆက်သွယ်ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုထားပါတယ်။

SOURCE SBS NEWS


Share

2 min read

Published

By Michelle Elias

Source: SBS News



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now