SKIP TO MAIN CONTENT

သြစီရဲ့ နိုင်ငံတကာနယ်စပ်ဂိတ်ကို ၂၀၂၂ အထိ ပိတ်ချထားမယ်လို့ဆို

သြစတြေးလျနိုင်ငံရဲ့ နယ်စပ်ကို လာမယ့်နှစ်၊ ၂၀၂၂ ခုနှစ်အထိ ပိတ်ချထားမှာဖြစ်ပြီး ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်အရ လုပ်ရမယ့်အနေအထား ရှိတယ်လို့ သြစတြေးလျ အစိုးရက ပြောပါတယ်။

A file photo of travellers at Sydney Airport.
A file photo of travellers at Sydney Airport. Source: AAP

1 min read

Published

By Anna Henderson



Skip to article content

SBS News နဲ့ အင်တာဗျူးမှာ ဘဏ္ဏာရေးဝန်ကြီး Josh Frydenberg က ပြောခဲ့တာ ဖြစ်ပြီး ကျန်းမာရေး အာဏာပိုင်တွေက လုံခြုံဘေးကင်းပြီလို့ ပြောမှသာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အင်္ဂါနေ့ကြရင် သြစတြေးလျနိုင်ငံရဲ့ ဘတ်ဂျက် အစီအစဉ်ကို အစိုးရက ချပြမှာ ဖြစ်ပြီး ဒီဘတ်ဂျက်မှာ ပြည်ပက လူတွေ ဝင်ရောက်မယ့် ကိစ္စကို ၂၀၂၂ ခုနှစ်မှ ထည့်တွက်ထားတာလို့ ပြောပါတယ်။

သြစတြေးလျ အစိုးရက ကျန်းမာရေး ပညာရှင်တွေရဲ့ အကြံပြုချက်အတိုင်း လုပ်ဆောင်မယ့်အကြောင်း ဒီအကြံပြုချက်တွေကို လိုက်နာခဲ့လို့ သြစတြေးလျအနေနဲ့ လုံခြုံဘေးကင်းနေတာဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆိုးဆိုးဝါးဝါး မဖြစ်တာ ဖြစ်ပြီး ကျန်းမာရေး အနေအထားမှာ သြစတြေးလျက တောင့်တင်းခိုင်မာတဲ့အနေအထားမှာ ရှိသလို စီးပွားရေးလည်း ပြန်လည်ဦးမော့လာနေတဲ့အတွက် ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်ကို လိုက်နာဖို့က အရေးကြီးတယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် Scott Morrison ကလည်း နယ်စပ်ကို ပြန်ဖွင့်ဖို့ လုံခြုံဘေးကင်းမှသာ ပြန်ဖွင့်ပေးနိုင်မယ်လို့ ပြောဆိုထားပါတယ်။

သြစတြေးလျအနေနဲ့ ရောဂါကို အပြီးသတ်ချေမှုန်းတိုက်ဖျက်နိုင်တဲ့အနေအထားမှာ မရှိသေးသလို ဒီအခြေအနေဟာ မသေခြာ မရေရာမှုတွေ များပြားတဲ့အခြေအနေမှာ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

သြစတြေးလျနိုင်ငံသား အများအပြား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးအောင် လုပ်ဆောင်သွားရဦးမယ်လို့လည်း ပြောပါတယ်။

အတိုက်အခံ ကျန်းမာရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Mark Butler ကတော့ သြစတြေးလျနိုင်ငံရဲ့ လက်ရှိ ကာကွယ်ဆေးထိုးတဲ့နှုန်းက တစ်ပတ်မှာ ၃၅၀၀၀၀ သာ ရှိတဲ့အတွက် အသက်အရွယ် ရောက်သူ လူတိုင်း ကာကွယ်ဆေး ထိုးဖို့ဆိုတာ ၂၀၂၃ ခုနှစ်မှ ဖြစ်နိုင်မယ်လို့ ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၃ ပတ်တုန်းက ဝန်ကြီးချုပ်က ဇူလိုင်လလောက်ကစပြီး နိုင်ငံတကာ ခရီးသွားလာတာတွေ၊ အိမ်မှာ ကွာရန်တင်းဝင်တာမျိုးတွေ ပြောဆိုပေမယ့် ဒီနေ့မှာတော့ ဒါတွေမဖြစ်နိုင်ဘူးဆိုတာ ပြောနေပြန်ပြီလို့ Mr Butlerက ဝေဖန်ထားပါတယ်။

ဘဏ္ဏာရေးဝန်ကြီးကလည်း အတိုက်အခံဖက်ကတော့ မိုးပြိုတော့မယ်ဆိုတာမျိုး ပြောခဲ့ပေမယ့် ပြောသလို အခြေအနေမဆိုးတဲ့အတွက် ဒီအချိန်မှာ တောင်းပန်မှု လုပ်သင့်ပြီလို့ တုန့်ပြန်ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အခြေအနေ စိုးရိမ်တဲ့အတွက် သြစတြေးလျက အိန္ဒိယနိုင်ငံက လေယာဉ်တွေကို ဝင်ခွင့်မပေးခဲ့ပေမယ့် လာမယ့် စနေနေ့ကစပြီး ပြန်ဝင်လာခွင့်ပေးမှာ ဖြစ်ပြီး မေလမကုန်ခင် အိန္ဒိယနိုင်ငံက လေယာဉ် အနည်းဆုံး ၆ စင်း ဝင်လာဖို့ ရှိနေပါတယ်။

အခုလောလောဆယ် သြစတြေးလျနိုင်ငံသား အယောက် ၉ ၀၀၀ လောက် အိန္ဒိယနိုင်ငံမှာ သောင်တင်နေဆဲ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now