SKIP TO MAIN CONTENT

သြစတြေးလျရဲ့ Paralympic ဆုတံဆိပ်ရှင်တွေကို Olympic ကစားသမားတွေနည်းတူ ဆုချမယ်

သြစတြေးလျနိုင်ငံက ဆုတံဆိပ်ရှင် ပါရာလံပစ် မသန်စွမ်း ကစားသမားတွေကို သာမာန် အိုလံပစ် ကစားသမားတွေလိုပဲ တန်းတူ ဆုကြေးတွေ ချီးမြင့်သွားမှာ ဖြစ်တယ်လို့ ဖက်ဒရယ်အစိုးရက ကြေညာလိုက်ပါတယ်။

Australian paralympians Scott Reardon and Meg Lemon are calling for the discrepancy in cash prizes between athletes to be addressed.
Australian paralympians Scott Reardon and Meg Lemon are calling for the discrepancy in cash prizes between athletes to be addressed. Source: AAP

1 min read

Published

Updated

By SBS News

Source: SBS



Skip to article content

သာမာန် အားကစားသမားတွေနဲ့ ပါရာလံပစ် အားကစားသမားတွေအကြား မတူညီမှုတွေကို လျှော့ချတဲ့အနေနဲ့ ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် ဆုရှင်တွေကို အိုလံပစ်ကစားသမားနည်းတူ တူညီတဲ့ ဆုကြေးတွေ ပေးသွားမှာဖြစ်ပြီး ပါရာလံပစ်အားကစားတွေအတွက် ရံပုံငွေ တိုးချဲ့ချပေးမယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံက အိုလံပစ် အားကစားသမားတွေဟာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ရင် ဆုငွေ ဒေါ်လာ ၂၀၀၀၀ ချီးမြင့်ခံရပေမယ့် ပါရာလံပစ်သမားတွေမှာ ရံပုံငွေအရ နည်းပါးလို အဲလို ခံစားချက်တွေ မရှိပါဘူး။

အဲလို ကွာဟမှုတွေကို ပြောင်းလဲမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Scott Morrison က ဒီကနေ့မှာပဲ အတည်ပြု ပြောဆိုလိုက်ပါတယ်။

အိုလံပစ်ကစားသမားတွေ ရွှေတံဆိပ် ဆွတ်ခူးနိုင်ရင် အပိုဆုကြေးအနေနဲ့ ဒေါ်လာ ၂၀၀၀၀၊ ငွေတံဆိပ်အတွက် ဒေါ်လာ ၁၅၀၀၀၊ ကြေးတံဆိပ်အတွက် ဒေါ်လာ ၁၀၀၀၀ အပိုဆုကြေး ပေးအပ်ခံရတာ ဖြစ်ပါတယ်။

တခါတရံမှာ ကားထုတ်လုပ်ရေးကုမ္ပဏီတွေက ဆုတံဆိပ် ဆွတ်ခူးနိုင်တဲ့ ကစားသမားတွေကို ကားတစ်စီး ဆုချတာမျိုးလည်း ရှိခဲ့ပါတယ်။

၂၀၂၀ တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲမှာ သြစတြေးလျ အိုလံပစ်ကစားသမားတွေ စုစုပေါင်း ရွှေတံဆိပ် ၁၇ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၂၂ ခုနဲ့ အဆင့် ၆ ရရှိခဲ့ပါတယ်။

အခုလောလောဆယ် ပါရာလံပစ် အားကစားပွဲမှာ သြစတြေးလျ အသင်းက

ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆိပ် ၂၃ ခု၊ ကြေးတံဆိပ် ၂၄ ခုနဲ့ အဆင့် ၈ မှာ ရှိနေပါတယ်။ ပါရာလံပစ်အားကစားပွဲတော်ရက် မပြီးသေးပဲ စက်တင်ဘာလ ၅ ရက်ကြမှ ပြီးဆုံးမှာ ဖြစ်ပါတယ်။

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now