ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေ။ ။ NSW အတွင်း ရောဂါကူးစက်ခံရတဲ့လူသစ် ၃ပုံ ၂ပုံဟာ အသက် ၄၀အောက်အရွယ်တွေဖြစ်

ဇွန်လိုင်လ ၃၁ရက်နေ့ သြစတြေးလျားနိုင်ငံအတွင်း သင့်အတွက် ကိုရိုနာဗိုင်းရပ်ဆိုင်ရာ နောက်ဆုံးအခြေအနေကို အောက်ပါအတိုင်းဖော်ပြပေးထားပါတယ်။

NSW police check identifications at George St in front of the Sydney Town Hall in anticipation of an anti-lockdown rally in Sydney Sydney, Saturday, July 31, 2021. (AAP Image/Mick Tsikas) NO ARCHIVING

NSW police check identifications at George St in front of the Sydney Town Hall in anticipation of an anti-lockdown rally in Sydney. Source: AAP Image/Mick Tsikas

  • ဆစ်ဒနီ အနောက်ဘက်ခြမ်းနဲ့ အနောက်တောင်ဘက်ခြမ်းတွေမှာ ရောဂါကူးစက်ခံရတဲ့လူဦးရေ တိုးမြှင့်လာနေဆဲ
  • ဗစ်တိုးရီးယားပြည်နယ်မှာ Pfizer ကာကွယ်ဆေးထိုးတဲ့ ရက်ခြားသတ်မှတ်ချိန် တိုးမြှင့်
  • ဒီကနေ့ ညနေ ၄နာရီကစပြီး ကွင်းစလန်း အရှေ့တောင်ဘက်ခြမ်းဒေသ ပိတ်ချမှုစတင်
  • ထက်စမေးနီးယားက ကွင်းစလန်းပြည်နယ်နဲ့ နယ်စပ်ပိတ်ချ

နယူးဆော့သ်ဝေး

နယူးဆော့သ်ဝေးပြည်နယ်မှာ ရောဂါရှိသူ ၂၁၀ ဦးတိုးလာပြီး ဆစ်ဒနီအနောက်တောင် ဘက်ခြမ်းမှာနေထိုင်တဲ့ အသက် ၆၀ အရွယ်အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။

ရောဂါကူးစက်ခံရတဲ့လူသစ် ၃ပုံ ၂ပုံဟာ အသက် ၄၀ အောက် အရွယ်တွေဖြစ်ကြတယ်လို့ ကျန်းမာရေးဝန်ကြီး Brad Hazzard ကပြောပါတယ်။ အထူးကြပ်မှတ်ကုဌာန (intensive care) မှာဆေးရုံတင်ထားရသူ ၆ဦးဟာ အသက် ၂၀ အရွယ်တွေဖြစ်ကြပါတယ်။

ဇွန်လ ၁၆ရက်ကနေ စတင်ဖြစ်ပွားတဲ့ Delta မျိုးကွဲကူးစက်မှုဟာ အခုဆိုရင် နယူးဆော့သ်ဝေးအတွင်း ရောဂါကူးစက်ခံရသူ ၃၁၉၀ ရှိသွားပြီဖြစ်ပါတယ်။

ဗစ်တိုးရီးယား

ဗစ်တိုးရီးယားပြည်နယ်အတွင်း ရောဂါရှိသူ ၂ဦးတိုးလာပြီး သူတို့နှစ်ဦးစလုံး ရောဂါဖြစ်ပွားတဲ့နေရာနဲ့ ဆက်စပ်မှုရှိသူတွေဖြစ်ပါတယ်။ ကျန်တခြားရောဂါရှိသူတဦးကတော့ ဟိုတယ် ကွာရင်တင်းမှာနေထိုင်သူဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးဝန်ကြီး Martin Foley က Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး တလုံးနဲ့တလုံးအကြားထိုးတဲ့ အချိန်သတ်မှတ်ချက်ကို ၃ပတ်ကနေ ၆ပတ်အထိ တိုးလိုက်ပါတယ်။

လက်ရှိကိုဗစ် ဘေးကင်းလုံခြုံရေးနဲ့ဆိုင်တဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သြစတြေးလျားတခွင်အခြေအနေ

  • ဒေသတွင်းမှာ Delta မျိုးကွဲ ကူးစက်ခံရသူ ၆ဦးတိုးလာတဲ့နောက် ကွင်းစလန်း အရှေ့တောင်ဘက်ခြမ်းမှာရှိတဲ့ ဒေသန္တရအစိုးရအုပ်ချုပ်ရေးနယ်မြေ ၁၁နေရာကို ဒီကနေ့ညနေ ၄နာရီကနေစပြီး ၃ရက်တာ ပိတ်ချလိုက်ပါတယ်။
  • Astra Zeneca ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှုန်း တိုးမြှင့်ဖို့ Australian Medical Association က နောက်ကွယ်ကနေ ပံ့ပိုးမှုတွေပေးနေပါတယ်။
  • ဒီကနေ့ ညနေ ၄နာရီကနေစပြီး ထက်စမေးနီးယားပြည်နယ်က ကွင်းစလန်း အရှေ့တောင်ဘက်ခြမ်းနဲ့ နယ်စပ်ပိတ်ချလိုက်ပါတယ်။

ကွာရင်တင်း၊ ခရီးသွားလာရေး၊ ရောဂါစစ်ဆေးမှုဆေးခန်းတွေနဲ့ ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေး

ကွာရင်တင်းနဲ့ ရောဂါစစ်ဆေးမှုဆေးခန်းအတွက် လိုအပ်ချက်တွေကို ပြည်နယ်နဲ့ territory အစိုးရတွေက စီစဉ်ပြီး ဥပဒေချမှတ်တာဖြစ်ပါတယ်။

NSWTravel & transportandQuarantine

VICTravel permit,Overseas travellersandQuarantine

ACTTransportandQuarantine

NTTravelandQuarantine

QLDTravelandQuarantine

SATravelandQuarantine

TASTravelandQuarantine

WATravelandQuarantine

သင့်အနေနဲ့ နိုင်ငံခြားကိုခရီးသွားလိုပါက ချွင်းချက်အနေနဲ့ အွန်လိုင်းကဆင့် လျောက်ထားလို့ ရကောင်းရနိုင်ပါတယ်။ သြစတြေးလျားနိုင်ငံကနေထွက်ခွာဖို့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်ပိုမိုသိရှိလိုပါကဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ယာယီကန့်သတ်ချက်တွေရှိပြီး အစိုးရကနေ ပုံမှန်ပြန်လည်သုံးသပ်ပြီး နောက်ဆုံးအခြေအနေတွေကိုSmart Travellerအင်တာနက်စာမျက်နှာပေါ်မှာ နောက်ဖော်ပြထားပါတယ်။


  • သတင်းနဲ့အကြာင်းအရာတွေကို ဘာသာပေါင်း ၆၀ ကျော်နဲ့sbs.com.au/coronavirusမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
  • သင့်ရဲ့ပြည်နယ် ဒါမှမဟုတ် territory နဲ့သက်ဆိုင်တဲ့ လမ်းညွန်မှု။ ။NSW,Victoria,Queensland,Western Australia,South Australia,Northern Territory,ACT,Tasmania.
  • ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်တွေကိုCOVID-19 vaccine in your languageမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

NSW Multicultural Health Communication Service ရဲ့ဘာသာပြန်ဆိုချက်တွေကို အောက်ပါအတိုင်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်နဲ့ territory တခုစီအတွင်း ရောဂါစစ်ဆေးတဲ့ဆေးခန်းများ။

NSW

Victoria

Queensland

South Australia

ACT

Western Australia

Tasmania

Northern Territory


ပြည်နယ်နဲ့ territory တခုစီအတွင်း ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေးအချက်အလက်များ။

NSW

Victoria

Queensland

South Australia

ACT

Western Australia

Tasmania
Northern Territory


Share

2 min read

Published

By SBS/ALC Content

Presented by Shah Paung

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now