သြစီရဲ့ တစ်နာရီ အနိမ့်ဆုံးလုပ်အားခ ၂၀.၃၃ ဒေါ်လာဖြစ်ရမယ်လို့ သတ်မှတ်ပေး

သြစတြေးလျနိုင်ငံရဲ့ အနိမ့်ဆုံးလစာက တစ်နာရီကို ၂၀.၃၃ ဒေါ်လာ ဒါမှမဟုတ် တစ်ပတ်ကို ၇၇၂.၆၀ ဒေါ်လာ ပေးရမယ်လို့ Fair Work ကော်မရှင်က ဗုဒ္ဒဟူးနေ့မှာ သတ်မှတ်ပေးလိုက်ပါတယ်။

The Fair Work Commission has determined minimum wages will rise by $18.80 a week in its annual decision affecting 2.3 million workers across Australia.

The Fair Work Commission has determined minimum wages will rise by $18.80 a week in its annual decision affecting 2.3 million workers across Australia. Source: Getty Images AsiaPac

ဒီလို အခြေအနေကြောင့် အနိမ့်ဆုံးလစာ ရရှိသူတွေဟာ အရင်တုန်းကထက် တစ်ပတ်ကို ၁၈.၈၀ ပိုမို ရရှိကြမှာ ဖြစ်ပါတယ်။ 

ဒါဟာ အနိမ့်ဆုံးလစာကို ၂.၅% တိုးပေးလိုက်တာဖြစ်ပေမယ့် ချက်ခြင်း လစာတိုးပေးတာမဟုတ်ပါဘူး။

လေကြောင်းဆိုင်ရာလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ fitness လုပ်ငန်းနဲ့ ဈေးဆိုင်လုပ်ငန်းမှာ လုပ်သူတွေက နိုဝင်ဘာလ ၁ ရက်နောက်ပိုင်းမှ လစာတိုးမှာဖြစ်ပါတယ်။

အထွေထွေ အရောင်းဆိုင်က အမှုထမ်းတွေကတော့ စက်တင်ဘာလ ၁ ရက်နေ့အထိ လစာတိုးဖို့ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်ချက်က အလုပ်သမားအယောက်ပေါင်း ၂.၃ သန်းကို အထောက်အကူပြုစေမှာဖြစ်ပြီး တခြားလုပ်ငန်းမှာ လုပ်ကိုင်သူတွေကတော့ ဇူလိုင်လ ၁ ရက်ကစပြီး လစာတိုးလာမှာ ဖြစ်ပါတယ်။

အလုပ်သမား သမဂ္ဂတွေက အနိမ့်ဆုံးလစာကို ၃.၅% တိုးပေးဖို့ တောင်းဆိုပေမယ့် Fair Work ကော်မီရှင်က ၂.၅% သာ တိုးပေးတာ ဖြစ်ပါတယ်။

လစာတိုးပေးပေမယ့် တချို့ အရောင်းဆိုင်က အလုပ်သမားတွေ နောက်ကျမှ လစာတိုးပေးမယ့်အပေါ် စိတ်ပျက်မိတယ်လို့

Australian Council of Trade Unions ရဲ့ အတွင်းရေးမှူး Sally McManus က ပြောပါတယ်။

ဒီလို လစာတိုးပေးဖို့ သမဂ္ဂအနေနဲ့ တောင်းဆိုပေးမှ ဖြစ်ပေါ်လာတာလို့လည်း သူက ပြောပါတယ်။

လစာအနည်းငယ် တိုးလာပေမယ့် တဖက်မှာလည်း ကုန်ဈေးနှုန်းနဲ့ နေထိုင်စရိတ်တွေ ထိုးတက်နေတဲ့အတွက် ကာမိမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ကုမ္ပဏီတွေက အမြတ်တွေ များပေမယ့် အလုပ်သမားတွေအတွက် လုပ်အားခတွေကို နောက်ကျမှ တိုးပေးတာကတော့ တရားမျှတမှု မရှိဘူးလို့လည်း ဝေဖန်လိုက်ပါတယ်။

အရင်နှစ်တုန်းက အနိမ့်ဆုံးလစာကို တစ်နာရီ ၁၉ .၈၄ ဒေါ်လာ ဒါမှမဟုတ် တစ်ပတ်ကို ၇၅၃.၈၀ သတ်မှတ်ပေးပေမယ့် အလုပ်သမားအများစုက ၃ လ ကျော်လောက်မှ လစာတိုးရကြတာ ဖြစ်ပါတယ်။

သြစတြေးလျ ဖက်ဒရယ်အစိုးရကတော့ လုပ်အားခ လစာ သိသိသာသာ တိုးပေးတာမျိုး မလုပ်ဖို့ သတိပေးထားပြီး အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အသေးစား စီးပွားရေးလုပ်ငန်းမှာ လုပ်ကိုင်တဲ့ အလုပ်သမားတွေ အလုပ်အကိုင် မရတော့တာမျိုး ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

လေဘာပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Tony Burke ကတော့ ဒီလို လစာတိုးပေးဖို့ မနည်းကို ကြိုးစားခဲ့ကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရဖက်က လစာတိုးပေးတာကို သတိပေးထားသလို လုပ်ငန်းရှင်များအသင်းကလည်း လစာကို ၁.၁% ဒါမှမဟုတ် တစ်ပတ်မှာ ၈.၂၉ ဒေါ်လာသာ တိုးပေးဖို့ အလိုရှိကြတာ ဖြစ်ပါတယ်။

Fair Work ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အသေးစား စီးပွားရေးလုပ်ငန်း ၂၃၀ ၀၀၀ အတွက် အခက်အခဲ ဖြစ်စေတယ်လို့

Australian Chamber of Commerce and Industry ရဲ့ အကြီးအကဲချုပ် Jenny Lambert က ပြောပါတယ်။

ကိုဗစ်ကာလအတွင်း လော့ခ်ဒေါင်းချတာတွေကြောင့် စီးပွားရေးလောကမှာ မတည်ငြိမ်မှုတွေ၊ ခန့်မှန်းလို့ မရတာမျိုးတွေ ဖြစ်ပေါ်နေသလို နိုင်ငံတကာ နယ်စပ်ကို ပိတ်ချထားတဲ့အတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်းနဲ့ ကမာ္ဘလှည့်ခရီးသွား လုပ်ငန်းတွေ ထိခိုက်နစ်နာနေရတယ်လို့ ပြောပါတယ်။

ဒီလိုကာလအတွင်း စီးပွားရေး ဆက်လက် ရှင်သန်အောင် မနည်း လုပ်ဆောင်နေရချိန်မှာပဲ လုပ်အားခလစာ တိုးပေးရမှာ ဖြစ်လို့ အခက်အခဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အနိမ့်ဆုံး လုပ်အားခ လစာကို ၂.၅% တိုးမြင့်ပေးတာဟာ အချိန်မတန်တဲ့ လုပ်ရပ်ဖြစ်သလို တာဝန်ယူမှု တာဝန်သိတတ်မှုလည်း မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

 


Share

2 min read

Published

Source: AAP, SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now