SKIP TO MAIN CONTENT

နောက်ဆုံးကိုဗစ်-၁၉ ပိတ်ချမှုကြောင့် ဗစ်တိုးရီးယားပြည်နယ်သားတွေ ငွေသားထောက်ပံ့ကြေးဘယ်လိုရရှိနိုင်ပါသလဲ။

A person crosses a quiet Bourke Street in Melbourne, Friday.
A person crosses a quiet Bourke Street in Melbourne, Friday. Source: AAP

1 min read

Published

Updated

By Tom Stayner

Presented by Shah Paung

Source: SBS News



Skip to article content

နောက်ဆုံး ၅ရက်တာပိတ်ချမှုကြောင့် ဝင်ငွေထိခိုက်ရတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဗစ်တိုးရီးယားအလုပ်သမားတွေအနေနဲ့ ငွေသားထောက်ပံ့ကြေးရရှိကြမှာဖြစ်ပါတယ်။

ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်ပိတ်ချမှုကြောင့် နစ်နာရတဲ့ ဗစ်တိုးရီးယားအလုပ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ငွေသားထောက်ပံ့ကြေး လက်ဝယ်ပေးဝေသွားမှာဖြစ်ပါတယ်။

Delta မျိုးကွဲဗိုင်းရပ် ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပမ်းမှုအပေါ် တုန့်ပြန်တဲ့အနေနဲ့ ပြည်နယ်တခုလုံးကို ၅ရက်တာ ပိတ်ချလိုက်တာဖြစ်ပါတယ်။ ဒီကနေ့ သောကြာနေ့ စာရင်းအရ ရောဂါကူးစက်ခံရသူ ၆ဦးထပ်မံတိုးလာပါတယ်။

ပြည်နယ်တခုလုံးမှာရှိတဲ့အလုပ်သမားတွေ ပိတ်ချမှုအတွင်း အလုပ်ချိန်နာရီပေါင်း ၂၀ ကျော် နစ်နာဆုံးရှုံးရတဲ့သူတွေအနေနဲ့ ဒေါ်လာ ၆၀၀ ရရှိကြမှာဖြစ်ပါတယ်။

အလုပ်ချိန် ၈နာရီနဲ့ နာရီ ၂၀ နစ်နာဆုံးရှုံးရတဲ့သူတွေကတော့ ထောက်ပံ့ကြေး ၃၇၅ ဒေါ်လာ ရရှိမှာဖြစ်ပါတယ်။

အခုထောက်ပံ့ကြေးဟာ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရ အကြား သဘောတူညီထားတဲ့ ဝန်ထုတ်ဝန်ပိုး မျှဝေကူညီမှုတရပ်ဖြစ်ပါတယ်။

ပိတ်ချမှုရဲ့ကန့်သတ်ချက်တွေကြောင့် နစ်နာရတဲ့ စီးပွားရေးလုပ်ငန်း ၉၀၀၀၀ အတွက် ပြည်နယ်အစိုးရက ဒေါ်လာ ၃၀၀၀ နဲ့ ဒေါ်လာ ၂၀၀၀ ထောက်ပံ့ကြေးပေးဝေသွားမှာ ဖြစ်ပါတယ်။

ကြာဿပတေးနေ့ ညကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနဲ့ ဗစ်တိုးရားပြည်နယ်အစိုးရအကြား အရေးပေါ်ထောက်ပံ့ကူညီမှုအစည်းအဝေးအပြီးမှာ အခုလို ထောက်ပံ့ကြေးပေးမယ့်အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

ရောဂါကူးစက်ပြန့်ပွားတဲ့နေရာတွေမှာရှိကြတဲ့လူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဒီထောက်ပံ့ကြေးအစီအစဉ်အောက်ကနေ ပြည်ထောင်စုအစိုးရရဲ့ထောက်ပံ့မှုကို ရရှိကြမှာဖြစ်ပါတယ်။

အဲဒီနေရာတွေဟာ ဗစ်တိုးရီးယားပြည်နယ်အတွင်းရှိ မဲလ်ဘုန်း၊ Geelong နဲ့ Surf Coast Shire တွေလည်း ပါဝင်ပါတယ်။

ထောက်ပံ့ကြေးတွေကို အတတ်နိုင်ဆုံး တပြိုင်နက်တည်းပေးဝေသွားမှာဖြစ်ပြီး အစောဆုံးအနေနဲ့ ရှေ့လာမယ့်သီတင်းပတ်အတွင်းမှာပေးနိုင်အောင် စီစဉ်လုပ်ဆောင်သွားမယ်လို့ Mr Andrews က ကတိပေးပြောသွားခဲ့ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now