၂၀၂၂ ဖီဖာကမ္ဘာ့ဖလားပွဲကို SBS Radio မှာ ဘယ်လို တိုက်ရိုက်နဲ့ အခမဲ့ နားဆင်မလဲ

ကာတာနိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပွဲစဥ်တိုင်းကို SBS Radio ရဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်တွေကနေ ဩစတြေးလျတခွင်မှာ နားဆင်နိုင်ပါတယ်။

QATAR SOCCER FIFA WORLD CUP 2022

Cameroon's goalkeeper Gael Ondoua (L) and Brazil's Neymar (R) on office buildings in Doha, Qatar. Source: EPA / NOUSHAD THEKKAYIL/EPA/AAP Image

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲက နိုဝင်ဘာလ ၂၁ ရက်မှာ စတင်မှာဖြစ်ပြီး ဩစတြေးလျနိုင်ငံမှာ SBS က အခမဲ့ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ ၆၄ ပွဲစလုံးကို တိုက်ရိုက်နဲ့ အခမဲ့အောက်ဖော်ပြပါ နေရာတွေမှာလည်း နားဆင်နိုင်ပါတယ်။

ဘယ်လို နားဆင်မလဲ

၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားအတွက် သီးသန့်ထားရှိပေးထားတဲ့ SBS Football 1, 2 and 3 မှာ သင့်ရဲ့ DAB ရေဒီယိုကနေ နားဆင်နိုင်သလို SBS Radio ဝဘ်ဆိုက် သို့မဟုတ်SBS Radio mobile app ကနေလည်း နားဆင်နိုင်ပြီး ဘာသာ စကား ၁၂ မျိုးနဲ့ ပွဲစဥ်တိုင်းကို အခမဲ့ နားဆင်နိုင်ပါတယ်။

  • SBS Football 1 : ကမ္ဘာ့ဖလား ဘောလုံးပွဲ ကာလအတွင်း အင်္ဂလိပ်ဘာသာနဲ့ တိုက်ရိုက် အစီရင်ခံထုတ်လွှင့်မှာဖြစ်သလို တခြားအချိန်တွေမှာ ကမ္ဘာ့ဖလားနဲ့ဆိုင်တဲ့ ဂီတတွေကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
  • SBS Football 2 and 3 ဘောလုံးကန်တဲ့ အချိန်တွေမှာ တခြားဘာသာစကားတွေနဲ့ တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
  • SBS Arabic24 မှာ အာရဘိ ဘာသာစကားနဲ့ ပွဲတိုင်းကို တိုက်ရိုက်အစီရင်ခံ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

အချိန်ဇယားအပြည့်အစုံကို ဒီနေရာမှာ ရှာကြည့်နိုင်ပါတယ်။

တိုက်ရိုက် ထင်မြင်ယူဆချက်တွေ သုံးသက်ချက်တွေနဲ့ တိုက်ရိုက် အစီရင်ခံချက်တွေကို ကမ္ဘာတလွှားက ဖီဖာရဲ့ broadcast partners တွေကနေ ပြောဆိုကြတာဖြစ်ပြီး SBS မှာ Arabic, Spanish, Portuguese, French, German, Dutch, Croatian, Polish, Japanese, Korean, Persian အပြင် Englishဘာသာစကားနဲ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ပွဲစဥ်ကာလအတွင်းမှာ SBS Radio 3 က SBS Football 2 အဖြစ် ဆောင်ရွက်ပြီး တခြားဘာသာစကားတွေနဲ့ ဖီဖာပွဲစဥ်တွေကို တင်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ BBC World Service ကို ဆက်လက် နားဆင်ချင်ရင် SBS Radio website မှာ နားဆင်နိုင်ပါတယ်။

Football fever anthems

ပွဲစဥ်တွေကို တိုက်ရိုက် မထုတ်လွှင့်တဲ့ အချိန်တွေမှာ ဘောလုံးနဲ့ဆိုင်တဲ့ တေးသီချင်းတွေကို non-stoနားဆင်နိုင်ပြီး ယခင် ဖီဖာပွဲရဲ့ ဘောလုံးသီချင်းအပြင် အသင်းတစ်သင်းစီတိုင်းရဲ့ နိုင်ငံတော် သီချင်းတွေကိုလည်း ထုတ်လွှင့်ဖို့ ရှိပါတယ်။ အဲဒီတော့ အခုကတည်းက SBS Football 1 နဲ့DAB radio ဒါမှမဟုတ်e SBS Radio website မှာ နားဆင်မှု လုပ်နိုင်ပါပြီ။

၂၀၂၂ ဖီဖာကမ္ဘာ့ဖလားရဲ့ ဘောလုံးပွဲရဲ့ အစီအစဥ်မျ

တခြားဘာသာစကားနဲ့ ထုတ်လွှင့်ချက်တွေကို SBS Radio ရဲ့ ဒီနေရာမှာ နားဆင်နိုင်ပါတယ်။

  • Group Stage: November 21 - December 3
  • Round of 16: December 4 - 7
  • Quarter-Finals: December 10 - 11
  • Semi-Finals: December 14 - 15
  • 3rd vs 4th playoff: December 18
  • World Cup Final: December 19

တခြားဘာသာစကားနဲ့ ထုတ်လွှင့်မယ့် ပါတနာတွေထဲမှာ BBC, Radio Nacional de España, Radio France Internationale, BAND, beIN, RTP, ARD, SRF, RNE, Radio Oriental Montevideo, HRT, RFI, NHK, NOS, VRT, Polskie Radio, Seoul Broadcasting System တို့ ပါဝင်ပါတယ်။

ဘောလုံးပွဲတွေကို ဘယ်လို ကြည့်ရှုမလဲ

၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ပွဲစဥ်တိုင်းကို SBS နဲ့ SBS On Demand မှာ အခမဲ့နဲ့ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

World Cup 2022 devices.png

၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပွဲကို ရုပ်မြင်သံကြားမှာ တိုက်ရိုက်ကြည့်ရှုခြင်

SBS နဲ့ SBS VICELAND ဟာ ကမ္ဘာ့ဖလား ပွဲစဥ် ၆၄ ပွဲစလုံးကို ဩစတြေးလျနိုင်ငံမှာ အခမဲ့ ထုတ်လွှင့်ခွင့် ရထားတဲ့ နေရာဖြစ်ပြီး ဖီဖာကမ္ဘာ့ဖလားနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို နာရီပေါင်း ၅၀၀ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ဖီဖာကမ္ဘာ့ဖလားပွဲစဥ်တိုင်းကို SBS On Demand မှာ တိုက်ရိုက်ကြည့်ရှုခြင်း

မိမိရဲ့ SBS On Demand account တစ်ခုလုပ်ပြီး ကမ္ဘာ့ဖလားပွဲ ၆၄ ပွဲစလုံးကို သင်ကြိုက်ရာနေရာကနေ အခမဲ့နဲ့ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို SBS On Demand website မှာ ကြည့်နိုင်သလို ရုပ်မြင်သံကြား ဒါမှမဟုတ် c Apple App Store နဲ့ Google Play Store မှာ ဒေါင်းလုပ်ဆွဲပြီး ကြည့်ရှုနိုင်ပါတယ်။


2 min read

Published

By SBS Radio

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now