SKIP TO MAIN CONTENT

နိုင်ငံတကာကလူတွေ RAT ကိုဗစ် စမ်းသပ်မှုမှာ ရောဂါမရှိကြောင်း ပြသရင်လည်း သြစီက လက်ခံတော့မယ်

သြစတြေးလျဖက်ဒရယ် အစိုးရက နိုင်ငံတကာကနေ သြစတြေးလျနိုင်ငံထဲ ဝင်လာမယ့် လူတွေအတွက် ရောဂါစစ်ဆေးမှုဆိုင်ရာမှာ ဖြေလျှော့မှုတွေ လုပ်ပေးမှာဖြစ်တယ်လို့ ဒီသောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

People entering Australia only need to present a negative RAT upon arrival in a new government announcement.
People entering Australia only need to present a negative RAT upon arrival in a new government announcement. Source: AAP

1 min read

Published

By Rayane Tamer

Source: SBS News



Skip to article content

အရင်တုန်းက သြစတြေးလျနိုင်ငံကို ဝင်မလာခင် ၃ ရက်အလိုမှာ PCR စမ်းသပ်နည်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ရှိမရှိ စမ်းသပ်ရမယ်လို့ သတ်မှတ်ထားပေမယ့် ဒီနောက်ပိုင်းမှာတော့ မိမိဖာသာ အမြန်နည်းနဲ့ စစ်ဆေးလို့ရတဲ့ rapid antigen test (RAT) နည်းနဲ့ စစ်ဆေးပြီး ဝင်မလာခင် ၂၄ နာရီအတွင်း ရောဂါမရှိကြောင်း ပြသရင် ဝင်လာခွင့်ရမယ်လို့ ပြောပါတယ်။

RAT စမ်းသပ်မှု ရလာဒ်ကို ပြည်နယ်နဲ့ ဒေသ အစိုးရလည်း အသိအမှတ်ပြုတာကြောင့် အခုဆိုရင် သြစတြေးလျနိုင်ငံ ပြည်တွင်း ခရီးသွားတွေအတွက်သာမက နိုင်ငံတကာကနေ ဝင်ရောက်လာသူတွေအတွက် အတူတူ ဖြစ်သွားတာ ဖြစ်ပါတယ်။

PCR စမ်းသပ်မှုကတော့ အဆင့်အမြင့်ဆုံးသော စမ်းသပ်နည်း ဖြစ်ပေမယ့် RAT နဲ့ စစ်ဆေးပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါ မရှိဘူးလို့ ပြသရင် နိုင်ငံတကာက ခရီးသွားတွေအနေနဲ့ သြစတြေးလျနိုင်ငံထဲကို ဝင်ခွင့်ရတယ်လို့ ကျန်းမာရေးဝန်ကြီး Greg Hunt နဲ့ ပြည်ထဲရေးဝန်ကြီး Karen Andrews တို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီ ရလာဒ်တွေကို လာမယ့် တနင်္ဂနွေနေ့ကစပြီး လက်ခံမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါရှိသူတွေ ၁၄ ရက်အကြာမှ သြစတြေးလျနိုင်ငံထဲကို ဝင်လာခွင့်ရမယ်လို့ သတ်မှတ်ထားပေမယ့် အခုဆိုရင် ၇ ရက်အထိ လျှော့ချပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒီသောကြာနေ့ စာရင်းအရ သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးသူ ၈၈ ဦး ရှိပါတယ်။ အခုဆိုရင် သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ချိန်ကစပြီး ရောဂါ ကူးစက်သူ စုစုပေါင်း အယောက် ၂ သန်း ကျော်သွားပြီ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now