SKIP TO MAIN CONTENT

မဲလ်ဘုန်းမြို့မှာ တစ်ပတ်ကြာ lockdown ထပ်တိုး၊ နယ်ဒေသမှာတော့ လျှော့ပေး

မဲလ်ဘုန်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆ ဦးရှိပြီး ဒီကနေ့မှာပဲ လော့ခ်ဒေါင်းကို တစ်ပတ်ကြာ တိုးချဲ့ ချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ နယ်ဒေသတွေမှာတော့ တင်းကြပ်မှုတွေ ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။

Near empty streets in Melbourne after six new community COVID-19 cases were recorded in the state.
Near empty streets in Melbourne after six new community COVID-19 cases were recorded in the state. Source: AAP

2 min read

Published

Source: SBS News



Skip to article content

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးခံယူသူ ၅၁ ၀၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ ၆ ဦး ကူးစက်ခံရတာ ဖြစ်ပါတယ်။ အခုဆိုရင် ဗစ်တိုးရီးယားပြည်နယ်မှာ ရောဂါကူးစက်ခံရသူ အယောက် ၆၀ ရှိနေတာ ဖြစ်ပါတယ်။

ဒီလို ပြန့်နှံ့မှုကို မထိန်းချုပ်ရင် မနိုင်မနင်းဖြစ်ကုန်မှာဖြစ်လို့ လော့ခ်ဒေါင်း သက်တမ်းတိုးရတာဖြစ်ပြီး အဲဒီလိုမှမလုပ်ရင် လူတွေ သေရလိမ့်မယ်လို့ ပြောပါတယ်။

ဒီလို အခြေအနေကြောင့် မဲလ်ဘုန်းမြို့ပေါ်မှာ ဇွန်လ ၁၀ ရက် ညသန်းခေါင်အချိန်အထိ လော့ခ်ဒေါင်း ချတားမှာဖြစ်ပြီး လိုအပ်တာတွေ ဝယ်ဖို့၊ အလုပ်လုပ်ခွင့်ပါမစ်ရသူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ သို့ ခံယူဖို့၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့နဲ့ ကာကွယ်ဆေးထိုးဖို့အတွက်သာ အိမ်အပြင် ထွက်ခွင့်ရှိတာ ဖြစ်ပါတယ်။

မဲလ်ဘုန်းမြို့မှာ ဇွန်လ ၃ ရက်နောက်ပိုင်း အပြင်ထွက်တဲ့အခါ အိမ်ရဲ့ ၅ ကီလိုမီတာ ပတ်လည်အစား ၁၀ ကီလိုမီတာ အထိ သွားလာနိုင်မှာဖြစ်ပြီး ၁၁ တန်းနဲ့ ၁၂ တန်း ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့် ရမှာ ဖြစ်ပါတယ်။

နယ်ဒေသမှာတော့ ဇွန်လ ၃ ရက်နောက်ပိုင်း အိမ်မှာပဲ နေရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဖယ်ရှားပေးမှာဖြစ်ပြီး သွားလာနိုင်တဲ့ အကွာအဝေးကို သတ်မှတ်မထားပေမယ့် အိမ်မှာ လူစုဝေးခွင့်ရဦးမှာမဟုတ်ပဲ အပြင်မှာ တွေ့ရင်တော့ ၁၀ ဦးအထိ တွေ့ဆုံခွင့် ရှိပါတယ်။

နယ်ဒေသကလူတွေ မဲလ်ဘုန်းမြို့ကို အကြောင်းပြချက် ၅ ချက်ကြောင့်သာ လာခွင့်ရမှာဖြစ်ပြီး အဲဒီအထဲမှာ အစားအသောက်အတွက်၊ ဖျော်ဖြေရေး၊ ဈေးဝယ်ထွက်ရေး၊ ဘာသာရေးအခမ်းအနားအတွက်သာ လာခွင့်ရမှာဖြစ်ပါတယ်။

မဲလ်ဘုန်းကလူတွေတော့ နယ်ဒေသကို သွားခွင့်မရှိဘူးလို့ ဆိုပါတယ်။

အခုလောလောဆယ် ရောဂါရှိသူတွေ သွားလာခဲ့တဲ့ နေရာ အခုပေါင်း ၃၅၀ လောက်ရှိနေပြီး လူပေါင်း ၅၂၀၀ လောက် ရောဂါ ရှိသူတွေ သွားလာတဲ့နေရာနဲ့ ထိတွေ့ဆက်ဆံမှု ရှိပါတယ်။

အဲဒီလူတွေကို ရောဂါ ရှိမရှိ စစ်ဆေးတဲ့အခါ ၇၈% မှာ ရောဂါမရှိကြောင်း သိခဲ့ရပါတယ်။

လူတစ်ယောက်ဟာ Great Ocean Road ပေါ်က Anglesea မြို့ကို မိသားစုနဲ့ သွားလည်ခဲ့တဲ့အတွက် ရောဂါနဲ့ ထိတွေ့မှုရှိတဲ့ နေရာတွေ ထပ်တိုးလာပါတယ်။ အဲဒီ မိသားစု ဘယ်လိုကနေ ဘယ်လို ရောဂါ ကူးစက်သလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

အခုတစ်ကြိမ် ဖြစ်ပေါ်တဲ့ ရောဂါ ကူးစက်မှုမှာ သူစိမ်းတွေအကြားကူးစက်မှုနဲ့ ဆက်စပ်လို့ မရတာမျိုး ရှိတဲ့အတွက် အာဏာပိုင်တွေက ပိုစိုးရိမ်ကြတာ ဖြစ်ပါတယ်။

သက်ကြီးရွယ်အို စောင့်ရှောက်ရေးစင်တာ တစ်ခုက အမှုထမ်း ၂ ဦး COVID-19 ကူးစက်ခံရတဲ့အတွက် စိုးရိမ်နေကြပြီး လွှတ်တော်မှာ ကြားနာမှု လုပ်ခဲ့ကြပါတယ်။

ကြားနာမှုအရ သြစတြေးလျတခွင်က အမှုထမ်း ၁၀% လောက်သာ ကာကွယ်ဆေး ထိုးကြတာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

အခုဆိုရင် သက်ကြီးစင်တာက အမှုထမ်းတွေဆေးထိုးဖို့နဲ့ မသန်စွမ်းသူတွေ အမြန်ဆုံး ကာကွယ်ဆေး ထိုးနိုင်ဖို့အတွက် လုပ်ဆောင်နေကြပါတယ်။

With AAP


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now