ကုန်စျေးနှုန်းတက်လာတာ ကာမိအောင် လူ ၄.၇ သန်းအတွက် ထောက်ပံ့ကြေး တိုးမြင့်မယ်

ဒီလကုန်ပိုင်းလောက်ကစပြီး ဩစတြေးလျ အစိုးရဆီကနေ ထောက်ပံ့ကြေးရတဲ့ လူပေါင်း ၅ သန်းနီးပါး ထောက်ပံ့ကြေးအနည်းငယ် တိုးမြင့်ရရှိမှာဖြစ်ပြီး ကုန်စျေးနှုန်းတက်လာတာတွေ ကာမိစေဖို့ ဖြစ်ပါတယ်။

Social Services Minister Amanda Rishworth

Social Services Minister Amanda Rishworth says an indexation increase to welfare payments set to kick in on 20 September. Source: AAP / Morgan Sette

Key Points

  • Soaring cost of living pressures for almost five million Australians will be eased with welfare payments.
  • More than 4.7 million Australians struggling to cope with cost of living pressures.

လူမှုဖူလုံရေးရာဝန်ကြီး Amanda Rishworth ရဲ့ အဆိုအရ စက်တင်ဘာလ ၂၀ ရက်ကစပြီး ထောက်ပံ့ကြေးတွေ တိုးမြင့်ပေးမယ်လို့ ပြောပါတယ်။

အောက်ပါ ထောက်ပံ့ကြေးရရှိသူတွေကို တိုးမြင့်ပေးဖို့ ရှိပါတယ်။

  • Age Pension, Disability Support Pension နဲ့ Carer Payment ထောက်ပံ့ကြေးတွေအတွက် ပေးနေကြထောက်ပံ့ကြေးအပြင် နှစ်ပတ်မှာ နောက်ထပ် ၃၈.၉၀ ဒေါ်လာ (တစ်ယောက်တည်းသမားအတွက်) တိုးမြင့်ပေးမှာဖြစ်ပြီး လင်မယားဆိုရင် ၅၈.၈၀ ဒေါ်လာ တိုးမြင့်ရရှိမှာ ဖြစ်ပါတယ်။
  • တစ်ယောက်တည်းသမား ပင်စင်စားတွေက နှစ်ပတ်မှာ ၁၀၂၆.၅၀ ဒေါ်လာ ထောက်ပံ့ကြေးရရှိမှာဖြစ်ပြီး လင်မယားတွေကတော့ နှစ်ပတ်မှာ ၇၇၃.၈၀ ဒေါ်လာစီ ဒါမှမဟုတ် နှစ်ဦးပေါင်း ၁၅၄၇.၆၀ ဒေါ်လာ ထောက်ပံ့ကြေးရရှိမှာ ဖြစ်ပါတယ်။
  • JobSeeker, Parenting Payment, ABSTUDY နဲ့ Rent Assistance တွေလည်း အနည်းငယ်စီ တိုးမြင့်ပေးမှာ ဖြစ်ပါတယ်။
  • JobSeeker အလုပ်ရှာဖွေနေဆဲ့ တစ်ယောက်တည်းသမား (ကလေးမရှိသူ) တွေအနေနဲ့ ရနေကြထောက်ပံ့ကြေးအပြင် နှစ်ပတ်မှာ ၂၅.၇၀ ဒေါ်လာ ထပ်မံရရှိမှာဖြစ်လို့ နှစ်ပတ်စာ ထောက်ပံ့ကြေးက ၆၇၇.၂၀ ဒေါ်လာရရှိမှာ ဖြစ်ပါတယ်။ Parenting Payment Single (အိမ်ထောက်ဖက်မရှိတဲ့ မိဘတစ်ဦးဦး) အနေနဲ့ နှစ်ပတ်မှာ ၃၅.၂၀ ဒေါ်လာပိုရမှာဖြစ်လို့ နှစ်ပတ်မှာ စုစုပေါင်း ၉၂၇.၄၀ ရရှိမှာ ဖြစ်ပါတယ်။
  • အိမ်ထောင်ဖက်ရှိသူ JobSeeker Payment နဲ့ Parenting Payment တွေက နှစ်ပတ်မှာ ၂၃.၄၀ တိုးမြင့်မှာဖြစ်လို့ စုစုပေါင်း နှစ်ပတ်မှာ ၆၁၆.၆၀ ဒေါ်လာ ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဩစတြေးလျနိုင်ငံ လုပ်ငန်းခွင်မှာ အလုပ်သမား လိုအပ်မှုတွေကြောင့် ပင်စင်သမားတွေလည်း ထောက်ပံ့ကြေး မနစ်နာစေပဲ အလုပ်ဆက်လုပ်နိုင်ဖို့အတွက်လည်း အစိုးရက ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။


Share

1 min read

Published

Source: AAP




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now