ဒီဇင်ဘာ ၁ ရက်နောက်ပိုင်း နိုင်ငံတကာကျောင်းသား၊ ဒုက္ခသည်နဲ့ အရည်အချင်းရှိရွှေ့ပြောင်းလုပ်သားတွေ ပြန်လက်ခံမယ်

သြစတြေးလျနိုင်ငံဝင်လာဖို့ ဗီဇာရရှိထားသူတွေအနေနဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး သြစတြေးလျနိုင်ငံထဲကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

Passengers who travelled on Flight SQ237 from Singapore are seen exiting the international arrivals terminal at Tullamarine Airport in Melbourne.

Passengers who travelled on Flight SQ237 from Singapore are seen exiting the international arrivals terminal at Tullamarine Airport in Melbourne. Source: AAP

ဗီဇာရရှိထားတဲ့ နိုင်ငံတကာ ကျောင်းသားတွေ၊ ဒုက္ခသည်တွေ၊ မိသားစုဗီဇာ၊ working holiday maker တွေအပြင် အရည်အချင်းရှိ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ သြစတြေးလျနိုင်ငံ ဝင်လာဖို့ ၂ နှစ်နီးပါးအတွင်းမှာ ပထမဆုံးအကြိမ် ချွင်းချက်လျှောက်စရာမလိုတော့ပဲ ဝင်လာခွင့်ရတော့မှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး အပြည့်အဝ ထိုးထားသူတွေသာ ဝင်လာခွင့်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Scott Morrison က ဒီကနေ့မှာ ကြေညာခဲ့ပါတယ်။

အဆိုပါ ဗီဇာတွေကို ကိုင်ဆောင်ထားသူ လူပေါင်း ၂၀၀၀၀၀ လောက် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်း လာရောက်နိုင်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်း ပြည်ပနိုင်ငံသားတွေအနေနဲ့ သြစတြေးလျနိုင်ငံထဲ ဝင်လာချင်ရင် အစိုးရဆီ ဝင်ခွင့်ရဖို့ ချွင်းချက်ခွင့် လျှောက်ထားရသလို ဝင်ရောက်လာတဲ့အခါ မဖြစ်မနေ ကွာရန်တင်း ဝင်ရတာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံရဲ့ နယ်စပ်ကို နိုဝင်ဘာလကတည်းက ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပေမယ့် ပြည်ပမှာ ရှိနေပြီး ကာကွယ်ထိုးထားတဲ့ သြစတြေးလျနိုင်ငံသားနဲ့ အမြဲတမ်း နေထိုင်ခွင့်ရရှိသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကသာ ဝင်ရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံသားတွေအနေနဲ့ သြစတြေးလျနိုင်ငံ ဝင်လာဖို့အတွက် Australian Therapeutic Goods Administration က လက်ခံတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပြည့်အဝ ထိုးထားရမှာဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေအထောက်အထားလည်း ပြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံဆီ ထွက်ခွာမှုမလုပ်ခင် ၃ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရမှာဖြစ်ပြီး ရောဂါမရှိကြောင်းလည်း သက်သေပြရမှာ ဖြစ်ပါတယ်။

ရောက်လာတဲ့အခါမှာတော့ ရောက်လာတဲ့ ပြည်နယ်နဲ့ ဒေသရဲ့ ကွာရန်တင်းဥပဒေအတိုင်း လိုက်နာရမှာ ဖြစ်ပါတယ်။

လူသားခြင်း စာနာမှု ထောက်ထားရေးဗီဇာတွေမှာ အာဖဂန်နစ္စတန်နိုင်ငံက ဒုက္ခသည်တွေကို အဓိက ဦးစားပေးခေါ်ယူမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ကိုဗစ်ကြောင့် နယ်စပ်တွေ ပိတ်ချထားရတဲ့အတွက် လိုအပ်တဲ့ အလုပ်သမားတွေ မလုံလောက်မှု ဖြစ်နေတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်အဖွဲ့တွေက ပြည်ပက လူတွေကို များများစားစား လက်ခံဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။

Mauricio Salazar.
Mauricio Salazar. Source: Supplied

အခုလောလောဆယ် ဗီဇာရရှိပြီးသား နိုင်ငံတကာ ကျောင်းသား ၁၃၀၀၀၀ လောက် သြစတြေးလျနိုင်ငံ ပြင်ပမှာ ရှိနေတုန်းပဲလို့ Universities Australia ရဲ့ အကြီးအကဲ Catriona Jackson က ပြောပါတယ်။

ငွေရေးကြေးရေးဝန်ကြီးလည်းဖြစ် ဆီးနိတ်လွှတ်တော် ခေါင်းဆောင်လည်းဖြစ်သူ Simon Birmingham ကတော့ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အမှီ လူတွေ ဝင်လာနိုင်အောင် လုပ်ဖို့ မျှော်လင့်ထားပေမယ့် မြန်ဆန်မှုရှိသလို လုံခြုံဘေးကင်းတဲ့ နည်းတွေနဲ့လည်း လုပ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံဟာ တနင်္ဂနွေနေ့ကစပြီး စင်္ကာပူနိုင်ငံက အလည်အပတ် လာရောက်သူတွေကိုပါ လက်ခံနေပြီး စင်္ကာပူနဲ့ သြစတြေးလျ နိုင်ငံသားတွေအကြား ကွာရန်တင်းဝင်စရာ မလိုအောင် နှစ်နိုင်ငံ အစိုးရက လုပ်ဆောင်ထားပါတယ်။

ဒီဇင်ဘာလ ၁ ရက်ကစပြီး ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံသားတွေကိုလည်း ကွာရန်တင်းဝင်စရာ မလိုတော့ပဲ စတင် ဝင်ခွင့်ပေးမှာ ဖြစ်ပါတယ်။

ပြည်ပက လူတွေကို သြစတြေးလျနိုင်ငံထဲ ပြန်လည်ဝင်ခွင့်ပေးခြင်းအားဖြင့် စီးပွားရေးကို တိုးတက်မှု ဖြစ်စေနိုင်တယ်လို့လည်း ဘဏ`ဏာရေးဝန်ကြီး Josh Frydenberg က ပြောပါတယ်။

နိုင်ငံတကာက ကျောင်းသားတွေ သြစတြေးလျနိုင်ငံမှာ လာရောက်ပညာသင်ယူတဲ့ လုပ်ငန်းဟာ ဒေါ်လာ ၄၀ ဘီလီယံ တန်ဖိုးရှိတဲ့လုပ်ငန်းဖြစ်ပါတယ်။

ဘယ်လို ကာကွယ်ဆေးတွေကို သြစတြေးလျနိုင်ငံက လက်ခံသလဲ၊ ဘယ်လို ဗီဇာအမျိုးအစားတွေကို လက်ခံနေသလဲ ဆိုတာကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။


Share

2 min read

Published

Updated

By Tom Stayner, Anna Henderson

Source: SBS News




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now