လူပေါင်း ၈၂၆၀၀၀ ဦးလောက် အစိုးရပေးတဲ့ ထောက်ပံ့ကြေးအပေါ် တစ်နှစ်ကျော် မှီခိုရ

သြစတြေးလျနိုင်ငံက လူပေါင်း ၈၂၆၀၀၀ ဦးလောက်ဟာ JobSeeker payment အပေါ် တစ်နှစ်ကျော်ကြာ မှီခိုကြရတယ်လို့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

A long queue outside a Centrelink office in Brisbane at the peak of the COVID-19 crisis in March last year.

A long queue outside a Centrelink office in Brisbane at the peak of the COVID-19 crisis in March last year. Source: AAP

Australian Council of Social Service (ACOSS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး အဲဒီအဖွဲ့ဟာ Ecstra Foundation ရဲ့ အကူအညီနဲ့ သြစတြေးလျနိုင်ငံ စာရင်းအင်းဌာန Australian Bureau of Statistics ရဲ့ အချက်အလက်တွေကို ကြည့်ပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ရေရှည်မှာ အလုပ်လက်မဲ့ ဖြစ်နေတဲ့နှုန်းလည်း များပြားလာနေပြီး ၁၉ ၉ ၁ ခုနှစ် စီးပွားရေးပျက်ကပ်မှုတုန်းက အယောက် ၃၅၀၀၀၀ ရှိခဲ့ရာပေမယ့် အခုအခြေအနေက နှစ်ဆ ပိုများနေတယ်လို့ ပြောပါတယ်။

အစိုးရအနေနဲ့ အလုပ်အကိုင်ရရှိရေးနဲ့ ပတ်သက်ပြီး ရင်းနှီးမြုပ်နှံမှု လုံလောက်စွာ မလုပ်ပေးတဲ့အတွက် ကပ်ရောဂါ ကာလအတွင်း အလုပ်လက်မဲ့ ဖြစ်ခဲ့သူ လူပေါင်း ၂၅% လောက်သာ ရေရှည်အထိ အလုပ်လက်မဲ့မှုဒဏ် မခံရဘူးလို့ ပြောပါတယ်။

လူတိုင်းရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရေရှည်အထိ အလုပ်ရရှိစေမယ့် သင်တန်းတွေ၊ လစာရရှိစေမယ့် အလုပ်အတွေ့အကြုံတွေမျိုးတွေကို ဖန်တီးပေးဖို့လိုတယ်လို့ ပြောပါတယ်။

ဝင်ငွေမရှိတဲ့လူတွေ တစ်ရက်ကို ပျှမ်းမျှအားဖြင့် ၄၅ ဒေါ်လာနဲ့ နေထိုင်ရမယ့်အစား ၆၇ ဒေါ်လာအထိ တိုးပေးသင့်ကြောင်း၊ အိမ်ငှားခ၊ မသန်စွမ်းအတွက် ထောက်ပံ့ကြေး၊ ကလေးကို ကြည့်ရှုစောင့်ရှောက်ရတဲ့အတွက် ကုန်ကျစရိတ်တွေကိုလည်း တချို့တဝက်ကာမိအောင် လုပ်ပေးသင့်တယ်လို့ ထောက်ပြထားပါတယ်။

အရည်အချင်းအများကြီး မလိုတဲ့ အခြေခံအလုပ်အကိုင်တွေမှာ ရေရှည်အထိ လုံခြုံမှုရှိဖို့နဲ့ ထိုက်တန်တဲ့နှုန်းရအောင် လုပ်ပေးဖို့လိုအပ်သလို ပြည်ပကနေ ယာယီဗီဇာနဲ့ လာရောက်အလုပ်လုပ်ကိုင်တဲ့လူတွေအပေါ် အမြတ်ထုတ်တာမျိုး မရှိအောင် လုပ်ဆောင်ဖို့နဲ့ အလုပ်သမားဈေးကွက်မှာ ပိုမိုစောင့်ကြပ်မှုတွေ လုပ်သင့်တယ်လို့ ပြောပါတယ်။

ACOSS ရဲ့ အစီရင်ခံစာအရ အလုပ်အကိုင်ကြေညာတစ်ခုအတွက် လူ ၆ ယောက်လောက် အလုပ်ရဖို့ ကြိုးစားကြတာ ဒါမှမဟုတ် နာရီပိုရဖို့ လုပ်ဆောင်ကြရတယ်လို့ ပြောပါတယ်။

အလုပ်လက်မဲ့ ဖြစ်ပြီး ၃ လ ကျော်အကြာမှာ အလုပ်ပြန်ရရင်လည်း အချိန်ပြည့် အလုပ်ရဖို့ အခွင့်အရေးက ၅၀% လျော့နည်းသွားတယ်လို့ ပြောပြီး နှစ်နှစ်လောက် အလုပ်လက်မဲ့ ဖြစ်သူတွေ အချိန်ပြည့်အလုပ်ရဖို့ အခွင့်အရေးက ၂၅% သာ ရှိတယ်လို့ ပြောပါတယ်။

People queuing outside a Centrelink office
People queuing outside a Centrelink office Source: William West / Getty Images

ကပ်ရောဂါ ကျရောက်ချိန်ကစပြီး အစိုးရရဲ့ ထောက်ပံ့ကြေးကို မှီခိုနေရသူ တဝက်ကျော်ဟာ မသန်စွမ်းသူတွေဖြစ်ပြီး ၄၆% က အသက် ၅၅ နှစ်နဲ့အထက် ရှိသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

အလုပ်ကြော်ငြာတွေ ပိုများလာပေမယ့် အဲဒီအလုပ်အကိုင်တွေကို အခုလောလောဆယ် အစိုးရထောက်ပံ့ကြေးရယူသူတွေမှာ သင့်တော်တဲ့ အရည်အချင်း၊ လက်မှတ်တွေ မရှိတဲ့ အလုပ်တွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

တချို့အလုပ်တွေက အရည်အချင်းများများစားစားနဲ့ လက်မှတ်တွေ မလိုပေမယ့် လေးလံတဲ့အလုပ်၊ အားအင်သုံးရတဲ့အလုပ်ဖြစ်နေတဲ့အတွက် မသန်စွမ်းသူတွေနဲ့ မသင့်တော်တာတွေ၊ ကလေးငယ် သို့ နေမကောင်းသူတွေကို စောင့်ရှောက်ရသူတွေအတွက် ပြုလွယ်ပြင်လွယ်မှု မရှိတဲ့ အလုပ်ဖြစ်နေတာတွေအပြင် တခါတလေ အိမ်ငှားခ ဈေးကြီးလွန်းတဲ့ ရပ်ကွက်တွေမှာ အလုပ်ကရှိနေတာမျိုးဖြစ်လို့ အလုပ်အတွက် အိမ်ပြောင်းနေဖို့ အခြေအနေ မရှိတာမျိုး ဖြစ်နေတယ်လို့ ပြောပါတယ်။

အစိုးရကတော့ ကိုဗစ်-၁၉ ကြောင့် သြစတြေးလျနိုင်ငံရဲ့ စီးပွားရေးအပေါ် ထိခိုက်မှု ဖြစ်ပေမယ့် ပြန်လည် ဦးမော့လာတဲ့ အနေအထားမှာ ရှိတယ်လို့ ပြောပါတယ်။

အစိုးရအနေနဲ့ အလုပ်လက်မဲ့ ဖြစ်သူတွေအတွက် ထောက်ပံ့ကြေး တိုးမြင့်ပေးတဲ့အပြင် တခြား အရေးပေါ် ထောက်ပံ့ကြေးမျိုးလုပ်သလို၊ အလုပ်အကိုင် အရည်အချင်းတွေ မြင့်တင်ဖို့၊ သင်တန်းတွေ တက်ရောက်နိုင်ဖို့အတွက် ဒေါ်လာ သန်းနဲ့ချီ ရင်းနှီးမြုပ်နှံမှုတွေ လုပ်တယ်လို့လည်း ပြောပါတယ်။

စက်တင်ဘာလတုန်းက သြစတြေးလျနိုင်ငံရဲ့ အလုပ်လက်မဲ့မှုနှုန်းက ၄.၆% သာရှိပေမယ့် အောက်တိုဘာလမှာ ၅.၂% တိုးလာပါတယ်။

အောက်တိုဘာလအတွင်း အလုပ်အကိုင်တွေ လျော့ကျသွားခဲ့ရပြီး အများအားဖြင့်တော့ ဗစ်တိုးရီးယားပြည်နယ်ရဲ့ လော့ခ်ဒေါင်းနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။

Treasurer Josh Frydenberg at his electoral office in Hawthorn East, Melbourne.
Treasurer Josh Frydenberg at his electoral office in Hawthorn East, Melbourne. Source: AAP

NSW ပြည်နယ်မှာတော့ အောက်တိုဘာလအတွင်း အလုပ်အကိုင် ၂၁၇၀၀ ခု တိုးလာပေမယ့် ဗစ်တိုးရီးယားပြည်နယ်မှာ အလုပ်အကိုင်ပေါင်း ၄၉ ၆၀၀ နဲ့ ACT မှာ အလုပ်အကိုင်ပေါင်း ၄၉ ၀၀ လျော့ကျသွားခဲ့ရပါတယ်။

ဒါပေမဲ့ လော့ခ်ဒေါင်းတွေ ပြီးသွားပြီဖြစ်လို့ အခြေအနေ ပြန်ကောင်းလာနိုင်တယ်လို့လည်း တချို့က သုံးသပ်ထားပါတယ်။

NSW မှာ လော့ခ်ဒေါင်းတွေ ဖယ်ရှားပြီးတဲ့နောက်ပိုင်း အလုပ်အကိုင် ရရှိမှုတွေ ပိုများလာတယ်လို့ ပြောပါတယ်။


Share

2 min read

Published

By Eden Gillespie

Source: SBS News




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now