SKIP TO MAIN CONTENT

Pfizer ကိုဗစ်-၁၉ကာကွယ်ဆေးကို အသက် ၁၂နဲ့ ၁၅နှစ်အကြားကလေးတွေအတွက် အသုံးပြုဖို့ TGA အဖွဲ့လက်ခံ

Therapeutic Goods Administration လို့ခေါ်တဲ့သြစတြေးလျားနိုင်ငံ ဆေးဝါးကုထံးဆိုင်ရာဥပဒေစီမံခန့်ခွဲရေးအဖွဲ့က Pfizer ကိုဗစ်-၁၉ကာကွယ်ဆေးကို အသက် ၁၂နှစ်နဲ့ ၁၅နှစ်အကြား ကလေးတွေအတွက် အသုံးပြုဖို့ ယာယီအားဖြင့်လက်ခံလိုက်ပြီဖြစ်ပါတယ်။

The Therapeutic Goods Administration has approved the use of the Pfizer vaccine for children aged 12 to  15.
The Therapeutic Goods Administration has approved the use of the Pfizer vaccine for children aged 12 to 15. Source: AAP

1 min read

Published

Updated

By Tom Stayner

Presented by Shah Paung



Skip to article content

အခုလိုလက်ခံကြောင်းကို Therapeutic Goods Administration (TGA) အဖွဲ့က သောကြာနေ့မှာထုတ်ပြန်တဲ့ ကြေညာချက်မှာ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

"အသက် ၁၂နဲ့ ၁၅နှစ်အကြား ဆယ်ကျော်သက်အရွယ်တွေကို ဆေးပညာရှုထောင့်ကနေလေ့လာစမ်းသပ်မှုတွေအပါအဝင် ဘေးကင်းလုံခြုံမှုရှိပြီး အစွမ်းထိရောက်မှုရှိကြောင်း အထောက်အကူပြုတဲ့ အချက်အလက်တွေကို စေ့စပ်သေချာစွာ ချင့်ချိန်လုပ်ဆောင်ပြီးမှပဲ အသက် ၁၂နဲ့ ၁၅နှစ်အကြားကလေးငယ်တွေမှာအသုံးပြုဖို့ ယာယီလက်ခံလိုက်တာဖြစ်တယ်" လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒီကာကွယ်ဆေးကို စောပိုင်းတုန်းက သြစတြေးလျားနိုင်ငံအတွင်း အသက် ၁၆နှစ်နဲ့အထက်ရှိသူတွေအတွက်သာ ယာယီ လက်ခံခဲ့တာဖြစ်ပါတယ်။

ဒီဆယ်ကျော်သက်အရွယ် ကလေးတွေကို ကာကွယ်ဆေးထိုးပေးတဲ့အစီစဉ်ထဲမှာ ဦးစားပေးအနေနဲ့ ဘယ်အဆင့်မှာ ထားရှိမလဲဆိုတာကို သြစတြေးလျား ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ နည်းပညာအကြံပြုအဖွဲ့့ Australian Technical Advisory Group on Immunisation (ATAGI) က စဉ်းစားသုံးသပ်ပြီး အဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်။

တကယ်လို့ ATAGI အဖွဲ့ကဆုံးဖြတ်ပြီးရင်တော့ ကိုယ်ခံအားနည်းတဲ့ကလေးတွေ ဒါမှမဟုတ် ရောဂါအခံရှိတဲ့ကလေးတွေအနေနဲ့ ကာကွယ်ဆေး အရင်ထိုးပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သောကြာနေ့ TGA အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုကျန်းမာရေးဌာန် ဝန်ကြီး Greg Hunt ကအတည်ပြုခဲ့ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now