SKIP TO MAIN CONTENT

Pandemic leave ထောက်ပံ့ကြေးဆက်ပေးဖို့ အစိုးရဆုံးဖြတ်၊ ဘယ်သူတွေ ရနိုင်လဲ၊ ဘယ်လိုလျှောက်ရလဲ

ဒီစနေမနက်မှာပဲ ဝန်ကြီးချုပ် အယ်လ်ဘာနီဇီက ကိုဗစ်-၁၉ ကြောင့် ဝင်ငွေထိခိုက်နိုင်တဲ့ အလုပ်သမားတွေအတွက် ထောက်ပံ့ကြေးကို ပြန်လည်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကတော့ သင်သိသင့်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

Pandemic Leave Disaster Payment
비정규직 근로자들에 대한 유급 팬데믹 병가 혜택이 재도입된다. Source: AAP

2 min read

Published


Skip to article content

ဇွန်လ ၃၀ ရက်မှာ pandemic leave payment ကို အဆုံးသတ်ခဲ့တာ ဖြစ်ပေမယ့် ဝန်ကြီးချုပ်က အဲဒီထောက်ပံ့ကြေးကို စက်တင်ဘာလ ၃၀ ရက်အထိ သက်တမ်းတိုးဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ 

အဲဒီတော့ pandemic leave disaster payment ဆိုတာ ဘာလဲ။

ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်မလုပ်နိုင်သလို အလုပ်မှာ ဖျားနာခွင့်မရှိတဲ့လူတွေအနေနဲ့ နေအိမ်မှာ နေရတဲ့ ကာလအတွင်း အစိုးရကနေ ပေးတဲ့ထောက်ပံ့ကြေးကို  pandemic leave disaster payment လို့ ခေါ်တာ ဖြစ်ပါတယ်။

အဲဒီထောက်ပံ့ကြေးကို ၂၀၂၀ ပြည့်နှစ်တုန်းက စတင်ကျင့်သုံးလာတာဖြစ်ပြီး တစ်ပတ်ကြာ သီးသန့်ခွဲခြားနေထိုင်မှု (isolation) လုပ်ရတဲ့ ကာလအတွင်း အလုပ်ပျက်ရတဲ့ နာရီအပေါ် မူတည်ပြီး အစိုးရက ထောက်ပံ့ကြေးပေးတာ ဖြစ်ပါတယ်။ 

 

တစ်ပတ်မှာ အလုပ်ချိန် ၈ နာရီကနေ နာရီ ၂၀ လုပ်သူတွေက တစ်ပတ်မှာ ဒေါ်လာ ၄၅၀ ရရှိမှာဖြစ်ပြီး နာရီ ၂၀ ထက် ပိုအလုပ်လုပ်တဲ့လူတွေက ဒေါ်လာ ၇၅၀ ရရှိမှာ ဖြစ်ပါတယ်။ 

 

လေဘာပါတီ အစိုးရဖြစ်လာတဲ့အခါမှာ အဲဒီထောက်ပံ့ကြေး ဆက်မပေးတော့ဘူးလို့ ပြောပေမယ့် ဒီကနေ့မှာပဲ ဝန်ကြီးချုပ်က ပြန်လည်ပေးမယ်လို့ ကြေညာလိုက်တာပါ။ 

ဘယ်သူတွေက အဲဒီထောက်ပံ့ကြေး ရနိုင်သလဲ။

အဲဒီထောက်ပံ့ကြေးကို အလုပ်လုပ်သူတိုင်း ခံစားခွင့်ရတာမဟုတ်ပဲ သတ်မှတ်ချက်တွေ ပြည့်မှီတဲ့ လူတွေကသာ လျှောက်ခွင့်ရတာ ဖြစ်ပါတယ်။ 

ပထမဦးဆုံးလျှောက်တဲ့အခါမှာ ကိုဗစ်-၁၉ ကြောင့် အနည်းဆုံး အလုပ်ချိန် ၈ နာရီ ပျက်ကွက်သူ ဖြစ်ရတာဖြစ်ပြီး လက်ထဲမှာ ဒေါ်လာ ၁၀၀၀၀ (တစ်သောင်း) အောက်သာ ရှိရမှာ ဖြစ်ပါတယ်။ 

 

လင်မယား နှစ်ဦးလုံး လျှောက်နိုင်ပေမယ့် သီးသန့်စီ လျှောက်ရမှာဖြစ်ပါတယ်။ 

ဒါပေမယ့် အလုပ်ကနေ အနားယူနေတုန်း ခွင့်ရက်ရှိသူတွေ လျှောက်ထားခွင့်မရှိပါဘူး။ 

 

တချို့ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ရှိသူနဲ့ တစ်အိမ်တည်းနေတဲ့ အလုပ်သမားတွေ နေအိမ်မှာ သီးသန့်ခွဲခြားနေထိုင်မှု လုပ်စရာ မလိုဘူးလို့ သတ်မှတ်ထားရှိလို့ အဲဒီလို လူတွေလည်း လျှောက်ထားခွင့် မရှိပါဘူး။

အခုလျှောက်လို့ ရပြီလား။

အဲဒီ pandemic leave disaster payment က ဇွန်လ ၃၀ ရက်နေ့မှာ ပြီးဆုံးခဲ့ပေမယ့် ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး ပြန်လည်လျှောက်ထားနိုင်မှာ ြဖြစ်ပါတယ်။

ဒါပေမဲ့ ဇူလိုင် ၁ ရက်နေ့အထိ ရက်ကို နောက်ဆုတ်တွက်ပေးမှာ ဖြစ်လို့ ဇူလိုင် ၁ ရက်ကစပြီး ကိုဗစ်ကြောင့် အလုပ်ပျက်ရပြီး ဘာခွင့်ရက်မှ မရှိတဲ့လူတွေ ဇူလိုင် ၂၀ မှာ ဖောင်တွေတင်ရင်လည်း အကျူံးဝင်မှာ ဖြစ်ပါတယ်။ 

ဘယ်လို လျှောက်ရမလဲ။

အဲဒီထောက်ပံ့ကြေးကို အွန်လိုင်းပေါ်ကနေတဆင့် လျှောက်ဖို့ တိုက်တွန်းထားပြီး myGov account ရှိရမှာ ဖြစ်သလို Centrelink customer reference number လည်း လိုအပ်မှာ ဖြစ်ပါတယ်။ 

အွန်လိုင်းမှာ လျှောက်ဖို့ အဆင်မပြေတဲ့လူတွေအနေနဲ့ ၁၈၀ ၂၂ ၆၆ ကို ဖုန်းဆက်နိုင်ပြီး ဇူလိုင်လ ၂၀ ရက်မှာ စတင်ခေါ်ဆိုနိုင်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ 

 

လျှောက်မယ်ဆိုရင်လည်း self-isolation စတင်တဲ့နေ့ကစပြီး ၁၄ ရက်အတွင်း လျှောက်ထားဖို့လည်း ညွန်ကြားထားပါတယ်။ 

 

ပိုမိုသိလိုရင် Services Australia မှာ လေ့လာနိုင်ပါတယ်။ 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now