SKIP TO MAIN CONTENT

ဇွန်လ ၄ ရက်တုန်းက မိုးဗြဲမြို့ ဘုရားကျောင်းမှာ ဖမ်းခံရသူ နောက်ထပ် ၂ ဦး လွတ်လာ

ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့ ကက်သလစ် ဘုရားကျောင်းမှာ ဖမ်းဆီးခံရသူ ၄ ဦးထဲက နောက်ထပ် ၂ ဦး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

အသက် ၁၇ နှစ်သာ ရှိသေးတဲ့ လူရဲ့ လက်မှာတော့ ချည်နှောင်ထားတဲ့ ဒဏ်ရာတွေ တွေ့ရပါတယ်။
အသက် ၁၇ နှစ်သာ ရှိသေးတဲ့ လူရဲ့ လက်မှာတော့ ချည်နှောင်ထားတဲ့ ဒဏ်ရာတွေ တွေ့ရပါတယ်။ Source: CJ

1 min read

Published

Updated

By Mu Laing Thein


Skip to article content

ဇွန်လ ၄ ရက်နေ့မှာ ဖမ်းဆီးခံရသူ ၄ ဦးထဲမှာ တစ်ဦးက ညတွင်းခြင်း ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်ပြီး အခု နောက်ထပ် ၂ ဦး ကို စစ်ကောင်စီတပ်က လွတ်ပေးတာ ဖြစ်ပေမယ့် ကျန်တစ်ယောက်ရဲ့ ကံကြမ္မာကိုတော့ မသိရသေးပါဘူး။

ဇွန်လ ၅ ရက်မှာ လွတ်လာသူရဲ့ အကြောင်း သားဖြစ်သူ ကိုယ်တိုင် ပြောပြထားတာကို အောက်မှာ နားဆင်နိုင်ပါတယ်။ 

https://www.sbs.com.au/language/burmese/audio/civilians-used-as-human-shields-and-made-carry-bombs

ဇွန်လ ၇ ရက်နေ့က လွတ်ပေးလိုက်တာ ဖြစ်တယ်လို့လည်း ဇွန်လ ၅ ရက်နေ့တုန်းက ပြန်လည်ထွက်ပြေးလွတ်မြောက်လာသူရဲ့ သားဖြစ်သူက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံထားရတဲ့ ၄ ရက်မှာ ထမင်း တစ်နပ်သာ စားခဲ့ရပြီး ပထမဆုံး ဖမ်းဆီးခံရတဲ့နေ့မှာပဲ စားရတာဖြစ်ပါတယ်။ ကျန်တဲ့ရက်မှာ ရေပဲ သောက်ခဲ့ရတယ်လို့ ပြောပြကြပါတယ်။

လူလစ်တဲ့အခါ ဆန်စိမ်းကို ခိုးပြီး ဝါးစားတာမျိုး လုပ်ကြတယ်လို့လည်း ပြန်လည် ပြောပြထားပါတယ်။

ပြန်လွတ်လာတဲ့ ၂ ဦးထဲက တစ်ဦးဟာ အသက် ၁၇ နှစ်နဲ့ ၅၆ နှစ် ရှိသူတွေလို့ သိရပြီး အသက် ၁၇ နှစ်သာ ရှိသေးတဲ့ လူရဲ့ လက်မှာတော့ ချည်နှောင်ထားတဲ့ ဒဏ်ရာတွေ တွေ့ရပါတယ်။

နောက်တစ်ဦးကတော့ အသက် ၅၆ ရွိသူဖြစ်ပြီး လက်မှာ ဒဏ်ရာရတာမျိုး မရှိဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အစောဆုံး ထွက်ပြေး လွတ်မြောက်လာသူက အသက် ၄၃ နှစ်ရှိပြီး နောက်တစ်ဦးကတော့ အသက် ၅၀ ရှိသူ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ဘုရားကျောင်းမှာ ဘုန်းကြီးတွေ မရှိတော့ချိန်မှာ အနီးအနားက ရပ်ကွက်သားတွေက ဘုရားကျောင်းစောင့်ရင်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို လက်နောက်ပြန် ကြိုးတုတ်ပြီး မျက်နှာကိုလည်း ပုဆိုးစတွေနဲ့ ချည်နှောင်ထားခဲ့ပါတယ်။

တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သလို တချို့ ဖမ်းမိသူတွေကို ပေါက်ကွဲရေးပါတဲ့ အိတ်တွေ လွယ်ထားခိုင်းတယ်လို့ ပြန်လည်လွတ်မြောက်လာသူက ပြောပြခဲ့တဲ့အကြောင်း အရင်ရက်တုန်းက သားဖြစ်သူ ပြန်လည် ပြောပြထားပါတယ်။

အရင်ရက်တုန်းက ဖမ်းဆီးခံရသူ ၅ ဦးလို့ ပြောပေမယ့် ၄ ဦးသာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now