သြစတြေးလျနိုင်ငံ၏ မူလပထမ လူမျိုးစုများတွင် Aborigina) နှင့် Torres Strait Islander လူ့အဖွဲ့အစည်းများ ပါဝင်ပြီး၊ ၎င်းတို့သည် နှစ်ပေါင်း ၅၀,၀၀၀ ကျော်ကြာ သမိုင်းကြောင်းရှိကာ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ဆက်လက်ရှင်သန်နေသော ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုလျက်ရှိပါသည်။
ဥရောပသားများ ရောက်ရှိလာချိန်တွင် မတူညီသော ဘာသာစကားအုပ်စုပေါင်း ၂၇၀ ခန့်နှင့် မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများစွာ ရှိခဲ့ပါသည်။ ယနေ့ခေတ်တွင် ဩစတြေးလျ၌ အဘော်ရီဂျင်နယ် (Aboriginal) နှင့် တောရက်စ် ရေလက်ကြားကျွန်းသား (Torres Strait Islander) တို့၏ ဘာသာစကားပေါင်း ၁၄၅ မျိုးကို ဆက်လက်ပြောဆိုအသုံးပြုလျက်ရှိသော်လည်း၊ အသက်အရွယ်မရွေး လူများက ပြောဆိုအသုံးပြုကြသည့်အတွက် ခိုင်မာစွာ ဆက်လက်ရှင်သန်နေသော ဘာသာစကားမှာ ၁၈ မျိုးသာ ရှိပါတော့သည်။
Share






