ဘေးကင်းလုံခြုံသော သောက်သုံးရေ ရရှိနိုင်မှုသည် မရှိမဖြစ်လိုအပ်လှပြီး ဩစတြေးလျ၏ မကြာခဏဆိုသလို ကြမ်းတမ်းလေ့ရှိသော သဘာဝပတ်ဝန်းကျင်အခြေအနေများကြောင့် ကျွန်ုပ်တို့၏ သောက်သုံးရေအရင်းအမြစ်များသည် အထူးပင် တန်ဖိုးကြီးမားလှပါသည်။
နိုင်ငံတစ်ဝန်း သောက်သုံးရေ ရရှိနိုင်မှုနှင့် အရည်အသွေးတို့ ကွာခြားမှုရှိနေသည့်အတွက်၊ သောက်သုံးရန် ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို ကျွန်ုပ်တို့ မည်သို့ သိရှိနိုင်မည်နည်း။
ကျွန်ုပ်တို့၏ မြို့ကြီးများနှင့် ဒေသတွင်းမြို့အများစုတွင် သောက်သုံးရေကို မြေအောက်ရေပိုက် လိုင်းကွန်ရက်မှတစ်ဆင့် နေအိမ်များသို့ ပေးဝေထားပါသည်။
Share






