SKIP TO MAIN CONTENT

ကလေးကျောင်းပြင်ပမှာ ဩစီရဲ့ ဌာနေတိုင်းရင်းသားနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို ဘယ်လို လေ့လာသင်ယူမလဲ။

Learning about Australia’s First Nations is a process involving both child and parent
Cute Asian little girl sitting on her mother's lap, reading a book, enjoying story time, relaxing on the sofa at home with their dog. Healthy family relationship. Happy loving family. Source: Moment RF / Oscar Wong/Getty Images

ဩစတြေးလျမှာ နေထိုင်တဲ့လူတွေအနေနဲ့ မိမိရဲ့ ကလေးကို ပြုစုပျိုးထောင်ရင်း ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး တည်ရှိနေတဲ့ သက်ရှိယဉ်ကျေးမှုနဲ့ ကလေးတွေ ထိတွေ့ဆက်နွှယ်မှုရှိအောင် ကူညီပေးတာဟာ မိမိရဲ့ ကလေးကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်နိုင်ပါတယ်။


Published

By Zoe Thomaidou

Presented by Nikyah Hutchings, Mu Laing Thein

Source: SBS



Skip to podcast episode content

ဩစတြေးလျမှာ နေထိုင်တဲ့လူတွေအနေနဲ့ မိမိရဲ့ ကလေးကို ပြုစုပျိုးထောင်ရင်း ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး တည်ရှိနေတဲ့ သက်ရှိယဉ်ကျေးမှုနဲ့ ကလေးတွေ ထိတွေ့ဆက်နွှယ်မှုရှိအောင် ကူညီပေးတာဟာ မိမိရဲ့ ကလေးကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်နိုင်ပါတယ်။


Key Points

  • Learning about Australia’s First Nations is a process involving both child and parent
  • There is a range of age-appropriate resources online to support your child’s engagement with Indigenous Australia
  • Attending events, travelling mindfully and doing your own research are ways to connect with First Nations people in your area and beyond
  • Making mistakes is part of the learning process, so stay curious and ask for help to understand Aboriginal and Torres Strait Islander protocols

ဩစတြေးလျမှာ မွေးဖွားသူဖြစ်စေ၊ အခြားနိုင်ငံကနေ လာရောက်နေထိုင်သူဖြစ်စေ မည်သူအတွက်မဆို ပြန်လည်ရင်ကြားစေ့ရေး (Reconciliation) ဆိုတာ Aboriginal နဲ့ Torres Strait Islander ဌာနေတိုင်းရင်းသားတွေနဲ့ ဌာနေတိုင်းရင်းသား မဟုတ်သူတွေအကြား ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့အတွက် အစဉ်တစိုက် ကြိုးပမ်းသွားရမယ့် ခရီးတစ်ခု ဖြစ်ပါတယ်။

Esma Livermore ဟာ Reconciliation Australia အဖွဲ့အစည်းမှာ လုပ်ကိုင်နေတဲ့ Bigambul လူမျိုး တိုင်းရင်းသူတစ်ဦး ဖြစ်ပြီး၊ ဒီအဖွဲ့ဟာ ဩစတြေးလျနိုင်ငံရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာမှာ အဓိက ဦးဆောင်အဖွဲ့အစည်း ဖြစ်ပါတယ်။

သူမကတော့ ဩစတြေးလျကို ရောက်ခါစ လူတွေအတွက် ဌာနေတိုင်းရင်းသား ယဉ်ကျေးမှုတွေနဲ့ ဌာနေတိုင်းရင်းသား လူ့အသိုင်းအဝိုင်းတွေရဲ့ မတူကွဲပြားမှုတွေကို လေ့လာခြင်းက သင်အခြေချတဲ့ နိုင်ငံအသစ်နဲ့ ပိုမိုနီးကပ်သွားစေဖို့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုလေ့လာမှုကို သင့်ကလေးနဲ့အတူ ဌာနေတိုင်းရင်းသားအကြောင်းပါတဲ့ တီဗီကြည့်တာမျိုးလို လွယ်လွယ်ကူကူနဲ့ အားလုံးရင်းနှီးပြီးသားနည်းတွေနဲ့ စတင်နိုင်တယ်လို့ ပြောပါတယ်။

(National Indigenous Television - NITV) ရုပ်မြင်သံကြား အစီအစဥ်မှာဆိုရင် Aboriginal နဲ့ Torres Strait Islander ဌာနေတိုင်းရင်းသားတွေရဲ့ ပုံပြင်တွေ၊ ယဉ်ကျေးမှုတွေ၊ သမိုင်းကြောင်းနဲ့ ခေတ်ပြိုင်အတွေ့အကြုံတွေကို မျှဝေပေးတဲ့ အစီအစဉ်ပေါင်းများစွာ ရှိပါတယ်။ ကလေးငယ်တွေနဲ့ ပိုမိုသင့်တော်ပြီး ဌာနေတိုင်းရင်းသား ယဉ်ကျေးမှုတွေနဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ပြုဖော်ထုတ်ထားတဲ့ အသက်အရွယ်အလိုက် သင့်တော်တဲ့ အကြောင်းအရာတွေကို ကြည့်ရှုနိုင်ပါတယ်။ ဒါဟာ 'ဒီနိုင်ငံရဲ့ မူလနေထိုင်သူ ဌာနေတိုင်းရင်းသားတွေက ဘယ်သူတွေလဲ' ဆိုတာကို လေ့လာဖို့ ညင်သာတဲ့ ပထမဆုံး ခြေလှမ်းတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။

Little J & Big Cuz
Little J & Big Cuz is one of the children’s series, available to stream on SBS On Demand, that celebrate Australia’s Indigenous cultures. Source: SBS / NITV

How do I find events celebrating Aboriginal and Torres Strait Islander culture?

SBS On Demand မှာလည်း ဌာနေတိုင်းရင်းသားဆိုင်ရာ အကြောင်းအရာမျိုးစုံကို အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ အဲဒီမှာ ကလေး ရုပ်ရှင်ကာတွန်းတွေ၊ မှတ်တမ်းတင်ရုပ်ရှင်တွေနဲ့ ရုပ်ရှင်ဇာတ်လမ်တွေကို ကြည့်ရှုနိုင်ပါတယ်။

ဖန်သားပေါ် လေ့လာတာမျိုး မဟုတ်ပဲ ပြင်ပမှာ လေ့လာမှုလုပ်မယ်ဆိုရင်တော့ သင့်ဒေသတွင်းရှိ Aboriginal နဲ့ Torres Strait Islander အဖွဲ့အစည်းတွေက ကြီးမှူးကျင်းပတဲ့ မိသားစုအလိုက် ပါဝင်နိုင်တဲ့ ပွဲလမ်းသဘင်တွေနဲ့ လှုပ်ရှားမှုတွေကို ရှာဖွေပြီး လေ့လာမှုလုပ်နိုင်ပါတယ်။

Ms Livermore က နှစ်စဉ် သတိပြုစောင့်ကြည့်ရမည့် အဓိက ပွဲတော်နှစ်ခုကို ညွှန်ပြထားပါတယ် - အဲဒါကတော့ ဇူလိုင်လမှာ ကျင်းပတဲ့ NAIDOC သီတင်းပတ်နဲ့ မေလ ၂၇ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ ကျင်းပတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး သီတင်းပတ် (National Reconciliation Week) တို့ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါကြောင့် သင့်ကလေးက အားကစားအသင်းတစ်ခုမှာ ပါဝင်နေတယ်ဆိုရင် NAIDOC ဒါမှမဟုတ် National Reconciliation Week ကာလမှာ ဘာလှုပ်ရှားမှု ရှိသလဲဆိုတာ လေ့လာကြည့်နိုင်ပါတယ်။ အဲဒီအပတ်မှာ သင်နေထိုင်ရာ ဒေသအတွင်းမှာရှိတဲ့ ဌာနေတိုင်းရင်းသား အနုပညာရှင်တွေက ကလေးရဲ့ အားကစား ဝတ်စုံတွေ၊ ပစ္စည်းတွေကို ဒီဇိုင်းဆွဲပေးတာမျိုး ရှိတတ်ပါတယ်။ အဲဒီအနုပညာရှင်တွေလာပြီး သူတို့ရဲ့ အနုပညာလက်ရာက ဘာကိုဆိုလိုသလဲဆိုတာ ပြောပြတာကို နားထောင်ဖို့ အခွင့်အရေးတွေ အမြဲရှိပါတယ်။ ဒါ့အပြင် ဌာနေတိုင်းရင်းသားနယ်မြေမှ ကြိုဆိုပွဲ (Welcome to Country) နဲ့ ဌာနေတိုင်းရင်းသား နယ်မြေပိုင်ရှင်တွေကို အသိအမှတ်ပြုပွဲ (Acknowledgement of Country) အခမ်းအနားတွေလည်း ပါဝင်နိုင်ပါတယ်။ ဒီလို အခမ်းအများမျိုးမှာပဲ ဩစတြေးလျကို ရောက်ရှိလာသူ အတော်များများဟာ ဌာနေတိုင်းရင်းသားတွေရဲ့ ရှုထောင့်တွေ၊ အနုပညာလက်ယာတွေ၊ မြေယာအကြောင်း၊ လူမျိုးနဲ့ ယဉ်ကျေးမှုတွေအကြောင်း လေ့လာခွင့် ရကြတာပါ။”

upporting your child’s connection with the world’s oldest continuing living culture is one of the greatest gifts you can offer them while raising them in Australia.
Supporting your child’s connection with the world’s oldest continuing living culture is one of the greatest gifts you can offer them while raising them in Australia. Credit: MoMo Productions/Getty Images

Is there educational content on Indigenous Australia for children online?

ဒီလိုလေ့လာမှုတွေကို ဌာနေတိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ ရှုထောင့်တွေကို ဖော်ပြထားတဲ့ အွန်လိုင်း အရင်းအမြစ်တွေရှိရာကို သွားပြီး အိမ်ကနေတဆင့် ဆက်လက် လေ့လာနိုင်ပါတယ်။

SBS Learn မှာ ဩစတြေးလျ သင်ရိုးညွှန်းတမ်းနဲ့အညီ မူလတန်းအကြိုအဆင့်ကနေ ၁၂ တန်းအထိ ကလေးနဲ့အတူ မိသားစုအလိုက် အိမ်မှာ အတူတကွ လေ့လာနိုင်မယ့် အကြောင်းအရာ အများကြီး ရှိပါတယ်။

Reconciliation Australia မှာ Ms Livermore ဟာ Narragunnawali: Reconciliation in Education အစီအစဉ်ရဲ့ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ ဆရာ/မတွေ၊ ကျောင်းသား/သူတွေနဲ့ မိဘတွေအပါအဝင် မတူညီတဲ့ လူမှုအသိုင်းအဝိုင်းအမျိုးမျိုးကနေ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှာ အဓိပ္ပာယ်ရှိရှိ ပါဝင်လာစေဖို့ အွန်လိုင်းမှာ လေ့လာဖို့ ကိရိယာတွေကို ပံ့ပိုးပေးထားတယ်လို့ ပြောပါတယ်။

“It actually gives you some activities or ideas of how to build relationships and that's going beyond the school gates and out into communities,” Ms Livermore explains.

How can we get to know First Nations culture during a family trip?

သင့်ကလေးနဲ့အတူ ခရီးသွားလာခြင်းကလည်း ဩစတြေးလျရဲ့ ဌာနေတိုင်းရင်းသား အကြောင်း အတူတကွ ပိုမိုလေ့လာနိုင်ဖို့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

Ms Livermore ကတော့ နေရာအသစ်တစ်ခုကို မသွားရောက်မီမှာ Australian Institute of Aboriginal and Torres Strait Islander Studies (AIATSIS) ဝဘ်ဆိုက်ပေါ်မှာရှိတဲ့ အွန်လိုင်းမြေပုံကို အရင်ဆုံး အသုံးပြုဖို့ အကြံပြုထားပါတယ်။

AIATSIS မြေပုံကို အသုံးပြုခြင်းအားဖြင့် သင်သွားရောက်မယ့် နေရာနဲ့ ဆက်နွယ်ပြီး အဲဒီနေရာမှာ ဘယ်လို Aboriginal နဲ့ Torres Strait Islander ဘာသာစကားပြောသလဲ၊ လူမှုရေးအနေအထား သို့မဟုတ် ဘယ်လို လူမျိုးစုတွေ နေထိုင်ကြသလဲဆိုတာကို ခွဲခြားသိရှိနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

အဲဒီကနေတစ်ဆင့် အဲဒီ နယ်မြေရဲ့ အကြောင်း၊ အဲဒေသက လူမျိုးတွေနဲ့ ထင်ရှားတဲ့ နေရာတွေအကြောင်း ပိုမိုလေ့လာနိုင်ဖို့ အွန်လိုင်းမှာ ရှာဖွေနိုင်ပြီး သင့်ခရီးစဉ်အတွင်း ပါဝင်ဆောင်ရွက်နိုင်တဲ့ ဌာနေတိုင်းရင်းသား အတွေ့အကြုံတွေကို ရှာဖွေလေလ့ာနိုင်ပါတယ်။

How can I introduce my child to Indigenous culture and history?
How can I introduce my child to Indigenous culture and history? Source: iStockphoto / AnnaStills/Getty Images/iStockphoto

What if I say or do something wrong?

ဒါပေမဲ့ သင့်ကလေးကို ဩစတြေးလျက ဌာနေတိုင်းရင်းသားအကြောင်း လေ့လာဖို့ ကူညီပေးနေစဉ်မှာ အမှားတစ်ခုခု လုပ်မိသွားမှာကို စိုးရိမ်မိရင် ဘာလုပ်ရမလဲ။

Ms Livermore က ကလေးကို သင်ပေးရင်း အချက်အလက်မှားမှာကို စိုးရိမ်တာဟာ မိဘဖြစ်စေ၊ ပညာရေးဝန်ထမ်းဖြစ်စေ ဌာနေတိုင်းရင်းသား မဟုတ်တဲ့ လူကြီးတွေအတွက် အဖြစ်များတဲ့ စိုးရိမ်စိတ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲလို စိုးရိမ်စိတ်ကြောင့် လေ့လာမှု ရပ်တန့်သွားတာမျိုး မဖြစ်သင့်ပဲ အမှားတွေကနေတစ်ဆင့် လေ့လာသင်ယူမှုတွေ ဆက်လုပ်ဖို့ အကြံပြုထားပါတယ်။

“ဘာမှ မလုပ်ဘဲ နေတာထက်စာရင် ကြိုးစားကြည့်တာ အကောင်းဆုံးပါ။ အနည်းဆုံး ကြိုးစားကြည့်လို့ မှားသွားရင်တောင် ဌာနေတိုင်းရင်းသား လူကြီးသူမတစ်ယောက် ဒါမှမဟုတ် ဌာနေတိုင်းရင်းသားတစ်ယောက်က ‘မင်း ဒါ လုံးဝမှားနေတယ်’ လို့ လာပြောကောင်း ပြောပါလိမ့်မယ်။ ဒါကြောင့် အဲလို ထောက်ပြမှုကို အသုံးချပြီး ‘ကျွန်မ ဘာမှားသွားလဲ၊ ကျွန်မကို ကူညီထောက်ပြပေးပါဦး’ လို့ ပြောနိုင်ပါတယ်။ ဒါဟာ လေ့လာခြင်း၊ မလိုအပ်တာတွေကို မေ့ပစ်ခြင်းနဲ့ အချက်အလက်သစ်တွေကို ပြန်လည်လေ့လာခြင်းဖြစ်တဲ့ (learning, unlearning and relearning) နည်းကို အသုံးပြုပြီး စကားဝိုင်းတွေကို စတင်ခြစ်ဖြစ်တယ်လို့ ပြောပါရစေ။” လို့ ပြောပါတယ်။

ဒါကြောင့် ဌာနေတိုင်းရင်းသား ယဉ်ကျေးမှုတွေနဲ့ သမိုင်းကြောင်းတွေကို လေ့လာရာမှာ တစ်ပြိုင်နက်တည်း ချက်ချင်း အကုန်သိသွားစရာ မလိုပါဘူး။ စူးစမ်းလိုစိတ်ရှိခြင်း၊ နားထောင်ခြင်းနဲ့ သင့်ကလေးနဲ့အတူ ယှဉ်တွဲလေ့လာခြင်းတို့ဖြင့် အဲဒီဆက်နွှယ်မှုကို ဩစတြေးလျမှာရှိတဲ့ သင့်နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်အောင် ဖန်တီးနိုင်တဲ့အကြောင်း ရေးထားတဲ့ Zoe Thomaidou ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်။

Subscribe to or follow the Australia Explained podcast for more valuable information and tips about settling into your new life in Australia.

Do you have any questions or topic ideas? Email australiaexplained@sbs.com.au


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now