ကလေးထိုင်ခုံနဲ့ ပတ်သက်ပြီး သိနားလည်အောင် လုပ်ခြင်း

How to maximise safety when using child car seats

How to maximise safety when using child car seats Credit: Drazen_/Getty Images

ဩစတြေးလျနိုင်ငံမှာ တခြားကမ္ဘာ့နိုင်ငံတချို့နဲ့ ယှဥ်ရင် ကားထဲမှာ ကလေးငယ်တွေအတွက် သင့်တော်တဲ့ ထိုင်ခုံနဲ့ ခါးပတ်တွေကို အသုံးပြုကြပေမယ့် အားလုံးက လုံခြုံဘေးကင်းတဲ့နည်းနဲ့ မလုပ်ထားတာမျိုး အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။


Key Points
  • All child restraints must comply with Australian standard.
  • Laws around child restraints in taxi, rideshare and hire vehicles vary with state and territories.
  • Check with the Five Step Test before moving child onto adult seat belt.
မိဘတွေ အုပ်ထိန်းသူတွေအနေနဲ့ ဥပဒေကို လိုက်နာတဲ့အနေနဲ့ရော ယာဥ်မတော်တဆ ဖြစ်တဲ့အခါ ကလေးတွေကို အကောင်းဆုံး အကာအကွယ်ပေးနိုင်ဖို့အတွက် ကလေးတွေအတွက် သင့်တော်တဲ့ ထိုင်ခုံနဲ့ ခါးပတ်တွေ ပတ်တာကို လိုက်နာကျင့်သုံးဖို့ အရေးကြီးပါတယ်။

ဩစတြေးလျနိုင်ငံမှာ ကလေးငယ်ရဲ့ အသက်အရွယ်နဲ့ အရပ်အမောင်းအလိုက် ဘယ်လို ထိုင်ခုံမျိုး ထိုင်သင့်တယ်ဆိုပြီး ဥပဒေနဲ့ သတ်မှတ်ထားတာ ရှိပါတယ်။ ဒါပေမဲ့ ဘယ်အရွယ်မှာ ဘယ်လို ထိုင်ခုံမျိုး ပြောင်းရမလဲ ဒါမှမဟုတ် ဘယ်အချိန်မှာ ကလေးထိုင်ခုံကို သုံးစရာမလိုတော့ဘူးလဲ ဆိုတာကို မိသားစုတွေအကြား ကွဲကွဲပြားပြား မသိတာမျိုး ရှိနေဆဲ ဖြစ်တယ်လို့ မဲလ်ဘုန်းမြို့က တော်ဝင်ကလေးသူငယ်များ ဆေးရုံက trauma ဝန်ဆောင်မှုဌာနရဲ့ ဒါရိုက်တာ Warwick Teague က ပြောပါတယ်။
Warwick Teague.jpg
Associate Professor Warwick Teague Credit: The Royal Children's Hospital Melbourne
လောလောဆယ်မှာတော့ ဘာက တရားဝင်သလဲ ဆိုတာနဲ့ ဘယ်ဟာက အကောင်းဆုံးနည်းဖြစ်သလဲ ဆိုတဲ့အကြား ကွာဟမှုရှိနေပြီး အဲဒီ ကွာဟမှုကနေ မသေခြာ မရေရာမှုတွေ ဖြစ်စေပြီး အဲဒီကနေ ဆုံးဖြတ်ချက်အမှား ချမှတ်တာမျိုးဖြစ်နေလို့ ဩစတြေးလျနိုင်ငံက ကလေးငယ် အများအပြားဟာ ကားထဲမှာ လုံခြုံဘေးကင်းသင့်သလောက် မလုံခြုံကြတာမျိုး ဖြစ်နေရပါတယ်။ ကျနော်တို့အနေနဲ့ ကလေးငယ်တွေကို ကားထဲသွားလာတဲ့အခါ လုံခြုံဘေးကင်းမှု အရှိဆုံးနဲ့ ကလေးအတွက် အသင့်တော်ဆုံး ထိုင်ခုံတွေကို အသုံးပြုစေချင်ပြီး ဥပဒေရဲ့ လိုအပ်ချက်ထက် ပိုမို လုပ်ဆောင်စေချင်တယ်လို့ ပြောပါတယ်။

ကလေးရဲ့ အသက်အရွယ်နဲ့ အရပ်အမောင်းအပေါ် မူတည်ပြီး သင့်တော်ရာ ထိုင်ခုံကို အသုံးပြုရမှာ ဖြစ်ပေမယ့် ကလေးငယ်နဲ့ ကောင်းမွန်စွာ ဆန့်တဲ့ ထိုင်ခုံမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေရဲ့ ကိုယ်ခန္စာဟာ တစ်ဦးနဲ့တစ်ဦး ကွာခြားကြတဲ့အတွက် အသက်အရွယ်ထက် သူတို့နဲ့ ကောင်းမွန်စွာ ဆန့်တဲ့ ထိုင်ခုံမျိုးကို အသုံးပြုမှသာလျင် သူတို့အတွက် အလုံခြုံဆုံး ဖြစ်ပါတယ်။

Keep the child in the car seat they started in as long as they fit because the car seat they started represents the safest option.
Associate Professor Warwick Teague
For example, Professor Teague advises keeping the child rear facing as long as they fit, using approved child restraint that allows the child to do well past six months.
A little baby travelling rear facing is five times more protected than if they were forward facing
Associate Professor Warwick Teague
အရေးကြီးဆုံးက ကောင်းမွန်စွာ ဆန့်ခြင်းဖြစ်ပြီး ကလေးရဲ့ အရပ်အမောင်း၊ ကိုယ်ခန္စာ အချိုးအစားနဲ့ အသက်အရွယ်နဲ့ ဆန့်တဲ့ခုံမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ တချို့လူတွေဟာ ခန္စာကိုယ် ရင်ပိုင်းရှည်တတ်ပြီး ခြေတံက သိပ်မရှိတာမျိုး ရှိသလို တချို့က ခြေတံရှည်ပြီး ခန္စာကိုယ် ရင်ပိုင်း သိပ်မရှည်တာမျိုးတွေ ရှိပါတယ်။ အဲဒါတွေအားလုံးက ထိုင်ခုံမှာ ကောင်းမွန်စွာ ဆန့်မဆန့်တာမျိုး ဖြစ်စေတယ်လို့ ပြောပါတယ်။

ကလေးရဲ့ ပုံခုံးပေါ်ကနေ ပတ်ဖို့ ထားရှိပေးထားတဲ့ ခါးပတ်တွေရှိပြီး အဲဒီ ခါးပတ်ရဲ့ အနိမ့်အမြင့်ကို တိုးလျှော့တာမျိုး လုပ်နိုင်အောင် စီစဥ်ထားပေးပြီး အဲဒါက အစိုးရရဲ့ သတ်မှတ်ချက်အတိုင်း ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီ ပုံခုံးပေါ်က ခါးပတ်အနေအထားကို ကြည့်ပြီး ကလေးက ဒီထိုင်ခုံထက်မက ကြီးတဲ့ ထိုင်ခုံမျိုး လိုပ်အပ်ပြီလား မလိုအပ်သေးဘူးလား ဆိုတာကို သိအောင် လုပ်ဆောင်ပေးထားတာလို့ ပြောပါတယ်။

ပုံခုံးပေါ်ကနေ ပတ်ဖို့ ထားရှိပေးထားတဲ့ နားအထိ ကလေးရဲ့ အရပ်က မကျော်သေးဘူးဆိုရင် အဲဒီထိုင်ခုံမှာပဲ ဆက်ထိုင်ခိုင်းဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

car seat law.png
National child restraint laws Credit: ChildCarSeats

သူတို့ ထိုင်နေကြ ခုံနဲ့ မဆန့်တော့တဲ့အခါမှသာ နောက်ထိုင်ခုံ တဆင့် ပြောင်းသင့်တယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေကို ကားရဲ့ အနောက်ကို ပြန်လှည့်တဲ့ အနေအထားမှာ ထိုင်ခုံကို တတ်နိုင်သလောက် ထားရှိသင့်ပြီး အဲဒီအနေအထားက ကားမတော်တဆမှု ဖြစ်တဲ့အခါ ကလေးငယ်ရဲ့ ခေါင်းကို သူတို့ရဲ့ ထိုင်ခုံကိုပဲ ထိစေတဲ့အတွက် ဒဏ်ရာရမှု နည်းပါးစေနိုင်ပါတယ်။ ကားရဲ့ အရှေ့ဖက် မျက်နှာမှုထားတဲ့ ထိုင်ခုံတွေက ကားမတော်တဆဖြစ်ရင် ခေါင်းကို ထိန်းချုပ်နိုင်စွမ်းမရှိသလို ကားခါးပတ်ကြောင့် ပုံခုံးနာ ရင်ဘတ်နာတာမျိုး ဖြစ်စေနိုင်ပါတယ်။

ကားရဲ့ အရှေ့ဖက် မျက်နှာမူထားတဲ့ ထိုင်ခုံမှာထိုင်ပြီး ကားတိုက်မှုဖြစ်လို့ ချက်ခြင်း ကားကို ရပ်လိုက်ရတဲ့အခါဆိုရင် ကလေးရဲ့ ခေါင်းက ရှေ့ထွက်လာပြီး သူတို့ရဲ့ နှာခေါင်းက ရင်ဘတ်ရိုးနဲ့ ပြန်တိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ခေါင်းက ရှေ့တိုးလာပြီး ကျိုးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲလိုဖြစ်ရင် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်သလို ကျောရိုးပျက်စီးလို့ ဘဝပြောင်းသွားနိုင်တဲ့ ဒဏ်ရာတွေ ရရှိစေနိုင်တယ်လို့ ပြောပါတယ်။

မိဘတွေ သိသင့်တာက ကားရဲ့ အနောက်ကို ပြန်လှည့်တဲ့ ထိုင်ခုံနဲ့ ကလေးက မဆန့်တော့ဘူးဆိုရင် အဲဒီထက် ကြီးတဲ့ ထိုင်ခုံတွေထပ်ဝယ်လို့ ရသေးတဲ့အချက်ပါပဲ။ အဲလို လုပ်ရင် ပိုပြီး ငွေကြေးကုန်ကျရတာ နားလည်ပေမယ့် အဲဒီနည်းက သူတို့ကို အနောက်ဖက်လှည့်တဲ့ ထိုင်ခုံမှာပဲ ဆက်လက်ထိုင်ခိုင်းဖို့ ဖြစ်စေနိုင်ပြီး ပိုမိုလုံခြုံတဲ့အတွက်လည်း ဖြစ်ပါတယ်။ အဲဒီနည်းက ကလေးအတွက် အလုံခြုံဆုံးနည်း ဖြစ်ပါတယ်။ အသက်အရွယ် တစ်ခုအရ ကလေးရဲ့ ထိုင်ခုံကို အရှေ့ဖက် လှည့်လို့ ရတယ်ဆိုသည့်တိုင်အောင် ကလေးကို ၆ လ၊ ၉ လ၊ ၁၂ လ နဲ့ ၁၅ လ အထိ သူတို့ ဆန့်ရင် ဆန့်သလို ကားရဲ့ အနောက်ဖက် လှည့်ထားတဲ့ ထိုင်ခုံမှာပဲ ထိုင်တာမျိုး လုပ်သင့်တယ်လို့ ပြောပါတယ်။

Bernard Carlon ဟာ Centre for Road Safety ရဲ့ ဒါရိုက်တာဖြစ်ပြီး ကလေးငယ်တွေရဲ့ ထိုင်ခုံကို ကားထဲမှာ လုံခြုံဘေးကင်းစွာ အသုံးမပြုကြတာက သုံးပုံ ၂ ပုံလောက် ရှိတယ်လို့ ပြောပါတယ်။

မိဘ အုပ်ထိန်းသူတွေအနေနဲ့ ကလေးထိုင်ခုံ ကုန်ထုတ်လုပ်သူတွေရဲ့ အညွန်းတွေကို သေခြာဖတ် လိုက်နာတာတွေ ဒါမှမဟုတ် ပရော်ဖက်ရှင်နာတွေနဲ့ တတ်ဆင်ခိုင်းတာမျိုး လုပ်နိုင်တယ်လို့ သူက ပြောပါတယ်။

ဩစတြေးလျနိုင်ငံတလွှားမှာ အထူးသဖြင့် နယူးဆောက်သ်ဝေးလ်မှာဆိုရင် ကလေးထိုင်ခုံကို ထည့်ပေးတဲ့နေရာ အခု ၃၀၀ ကျော်ရှိပါတယ်။ ဒေသန္တရ အစိုးရအသီးသီးကလည်း အဲဒီလို အစီအစဥ်တွေကို ချမှတ်ပေးလေ့ရှိပြီး အင်္ဂလိပ်စကားကို မပြောတဲ့ လူဦးရေ များတဲ့နေရာတွေမှာလည်း အင်္ဂလိပ်မဟုတ်တဲ့ တခြားဘာသာစကားတွေနဲ့လည်း ဝန်ဆောင်မှု ပေးတာ ရှိပါတယ်။ မတတ်နိုင်တဲ့လူတွေအတွက်လည်း ဝန်ဆောင်မှုတွေ ပေးပါတယ် အဲဒီအထဲမှာ ကလေးထိုင်ခုံ ဝယ်ဖို့ မတတ်နိုင်ရင် ငွေရေးကြေးရေးအရ ကူညီတာမျိုးလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ကလေးရဲ့ ထိုင်ခုံဟာ ဩစတြေးလျအစိုးရက သတ်မှတ်ထားတဲ့ လုံခြုံဘေးကင်းရေး အဆင့်အတန်းနဲ့ ပြည့်မှီရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်ပမှာ ဝယ်လာတဲ့ ကလေးထိုင်ခုံဟာ ဩစတြေးလျက သတ်မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့ ပြည့်မှီချင်မှ ပြည့်မှီမှာ ဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံမှာ ရောင်းတဲ့ ကလေးထိုင်ခုံတွေနဲ့ ပတ်သက်ပြီး ကားမတော်တဆဖြစ်တဲ့အခါ ဘယ်အနေအထားဖြစ်သလဲ ဆိုတာကို စမ်းသပ်ထားပြီး ဖြစ်သလို ဘယ်ထိုင်ခုံကဖြင့် ပိုခိုင်မာတယ် ဘယ်ဟာက အသုံးပြုရလွယ်ကူတယ်ဆိုတာကို ကြယ်လေးလုံး ကြယ်ငါးလုံး စသည်ဖြင့် အဆင့် သတ်မှတ်ပေးတာမျိုးလည်း ပါရှိပါတယ်။

All the child car seats that are on sale within Australia must comply with Australian standards.
CEO of Centre for Road Safety, Bernard Carlon
တက္ကဆီတွေ၊ အငှားယာဥ်နဲ့ တခြားလူနဲ့ အတူတူမျှစီးတဲ့ အူဘာလို ကားတွေကို စီးမယ်ဆိုရင် ပြည်နယ်တစ်ခုခြင်းစီမှာ ကလေးထိုင်ခုံနဲ့ ပတ်သက်ပြီး ဥပဒေတွေ ကွဲပြားနိုင်ပါတယ်။ အဲဒီတော့ မိမိနေထိုင်ရာ ဒေသအပေါ်မူတည်ပြီး လိုက်နာဖို့က အရေးကြီးပါတယ်။


ကလေးငယ်က အသက်ရလာလို့ booster seat, မထိုင်ချင်တော့ဘူးဆိုရင် အောက်ပါ မေးခွန်းတွေကို မေးကြည့်ပြီးမှ ထိုင်ခုံဖယ်သင့်မသင့် စဥ်းစားသင့်တယ်လို့ အကြံပြုထားပါတယ်။

အဆင့် ၅ ဆင့်လို့ခေါ်တဲ့ စမ်းသပ်မှု ရှိပါတယ်။ ကလေးရဲ့ ကျောရိုးက ကားထိုင်ခုံကို မှီထားရပါမယ် အဲဒါက ပထမအဆင့်ပါ။ ဒုတတိယအဆင့်က အဲဒီလို အနောက်ကို မှီထားတဲ့ အနေအထားမှာ နေပြီး သူတို့ရဲ့ ဒူးကို ကွေးခိုင်းတဲ့အခါမှာ သူတို့ထိုင်နေတဲ့နေရာအရှေ့နားမှာ ဒူးကို လွတ်လွတ်ကျွတ်ကျွတ် ကွေးထားနိုင်ရပါတယ်။ ခါးပတ်အောက်ပိုင်းကလည်း သူတို့ရဲ့ ပေါင်ပေါ်မှာ ရှိနေရပါတယ် အဲဒါက အဆင့်သုံးပါ။ အဆင့်လေးက အပေါ်ပိုင်း ခါးပတ်က ကလေးရဲ့ ပုံခုံးလယ်နားမှာ ရှိနေရပါမယ်။ အဆင့်ငါးကတော့ ခုဏက ပြောခဲ့တဲ့ အဆင့် ၄ ခုစလုံးကို ခရီးစဥ်တလျှောက်လုံး အဲဒီအနေအထားမှာ ရှိနေအောင် လုပ်ဖို့ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
Father buckling son in car seat
The obligation is on adults to keep children safe in cars. Credit: MoMo Productions/Getty Images
ကားမတော်တဆမှု ဘယ်အချိန်ဖြစ်မလဲ ဆိုတာကို ကျမတို့ မသိနိုင်ကြပါဘူး ဒါပေမဲ့ မိုးမပြို ပြိုခဲ့သော်ဆိုတဲ့ စိတ်နဲ့ ဘယ်ပဲ သွားသွား ကလေးကို လုံခြုံဘေးကင်းတဲ့ အနေအထားဖြစ်ဖို့ ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကလေးရဲ့ အသက်အရွယ်နဲ့ ကိုယ်ခန္စာအရွယ်အစား အရပ်အမောင်းအလိုက် လိုအပ်ရင် လိုအပ်သလို ထိုင်ခုံအပြောင်းအလဲတွေ လုပ်ရမှာဖြစ်ပြီး အဲဒီလို လုပ်ဆောင်ချက်က မျော်လင့်မထားတဲ့ ကားမတော်တဆမှု ဖြစ်ခဲ့ရင် ကလေးကို ကာကွယ်မှု ပေးနိုင်တဲ့အကြောင်း ရေးထားတဲ့ Yumi Oba ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်။


Share
Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service