Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

သြစတြေးလျ 30% ကသာ လက်ရှိတွင် သက်တောင့်သက်သာ အငြိမ်းစားယူနိုင်မည်။

retirement age
အငြိမ်းစား လင်မယားနှစ်ယောက် လမ်းလျှောက်စကားပြောကြသည် ရုပ်လွှာ။ Source: AAP

ဩစတြေးလျနိုင်ငံက သုတေသနအသစ်တစ်ခုအရ ဩစတြေးလျနိုင်ငံသား ၃၀% လောက်သာ အသက်ရလာတဲ့အခါမှာ သက်တောင့်သက်သာစွာ ပင်စင်စားနိုင်မယ်လို့ ဖော်ပြနေပါတယ်။


Published

Updated

By Sydney Lang, Hannah Kwon

Presented by Mu Laing Thein

Source: SBS


Share this with family and friends


ဩစတြေးလျနိုင်ငံက သုတေသနအသစ်တစ်ခုအရ ဩစတြေးလျနိုင်ငံသား ၃၀% လောက်သာ အသက်ရလာတဲ့အခါမှာ သက်တောင့်သက်သာစွာ ပင်စင်စားနိုင်မယ်လို့ ဖော်ပြနေပါတယ်။


ဩစတြေးလျနိုင်ငံမှာ လူဦးရေ ၂.၅ သန်းဟာ လာမယ့် ၁၀ နှစ်အတွင်း ပင်စင်စားကြမယ့်လူတွေဖြစ်ပါတယ်။

အလုပ်ရှင်ဖက်ကနေ အရင်တုန်းက ဆူပါကို အနည်းဆုံး လုပ်အားခရဲ့ ၁၀% ထည့်ပေးရမယ်လို့ သတ်မှတ်ရာကနေ အခုဆိုရင် ဇူလိုင်လကစပြီး ၁၁.၅% တိုးမြင့်ပေးဖို့နဲ့ နောက်နှစ်ကြရင် ၁၂% တိုးမြင့်ပေးဖို့ သတ်မှတ်လိုက်တဲ့အတွက် ဆူပါတွေ အနည်းငယ် ပိုစုဆောင်းနိုင်ကြမှာ ဖြစ်ပါတယ်။

သက်တောင့်သက်သာစွာ ပင်စင်စားခြင်းလို့ ဆိုရာမှာ အိုးအိမ်အကြွေးတွေကျေလို့ အိမ်ကို ပိုင်ဆိုင်သူတွေဖြစ်သလို နေ့စဥ်ကုန်ကျစရိတ်အတွက် တတ်နိုင်ခြင်း၊ တခါတရံ စားသောက်ဆိုင်တွေမှာ ထိုင်စားပြီး ၇ နှစ်မှာ တစ်ကြိမ်လောက် နိုင်ငံခြား ခရီးစဥ်သွားနိုင်ခြင်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒီလို သက်တောင့်သက်သာ နေထိုင်ဖို့အတွက် အသက် ၆၅ နှစ်နဲ့ အထက်ရှိပြီး အိုးအိမ်ပိုင်ဆိုင်မှုရှိတဲ့ အိမ်ထောင်ဖက် နှစ်ဦးမှာ ဆူပါငွေ ဒေါ်လာ ခြောက်သိန်းကိုးသောင်း ရှိဖို့လိုအပ်ပြီး အိမ်ထောင်ဖက် မရှိတဲ့လူအနေနဲ့ ဒေါ်လာ ငါးသိန်းကိုးသောင်းငါးထောင် လိုအပ်မယ်လို့ ပြောပါတယ်။

သူတို့တွက်ချက်မှုအရ အိမ်ထောင်ဖက်ရှိသူ အသက် ၆၅နှစ်နဲ့ ၈၄ နှစ်အကြားရှိသူတွေ သက်တောင့်သက်သာစွာ ပင်စင်စားဖို့အတွက် တစ်နှစ်ကို ဒေါ်လာ ခုနှစ်သောင်းသုံးထောင်ကျော် လိုအပ်မှာဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းသမားအတွက် ဒေါ်လာ ငါးသောင်းနှစ်ထောင်ကျော် လိုအပ်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် အဲဒီထက်မက လိုအပ်နိုင်ပါတယ်။

ဩစတြေးလျနိုင်ငံ အခွန်ဌာနရဲ့ အဆိုအရ တချို့လူတွေမှာ ဆူပါ တစ်ခုထက်မနည်း ရှိကြတာကို မသိပဲ ဒီအတိုင်းထားနေကြတာမျိုးရှိသလို တချို့ကလည်း သူတို့ရဲ့ ဆူပါကို ထုတ်ယူလို့ရရင်တောင် ထုတ်ယူတာမျိုးမလုပ်ကြတဲ့အတွက် အဲဒီလို unclaimed ဆူပါက ၂၀၂၁ ခုနှစ်အထိ စုစုပေါင်း ဒေါ်လာ ၆.၄ ဘီလီယံတောင် ရှိတယ်လို့ ပြောပါတယ်။ ဆူပါငွေပိုင်ဆိုင်သူ ရှိပေမယ့် ပြန်တောင်းတာမျိုး မလုပ်တာ ဒေါ်လာ ၆.၄ ဘီလီယံရှိသလို ဆူပါငွေသာ ရှိပြီး ပိုင်ရှင်ဘယ်နား ရောက်နေမှန်း မသိရတာမျိုးက စုစုပေါင်း ဒေါ်လာ ၁၇.၈ ဘီလီယံတောင်ရှိတယ်လို့ ပြောပါတယ်။

ဒီလို ဖြစ်ရတာဟာ တချို့က သူတို့ရဲ့ အချက်အလက်ကို update လုပ်ဖို့ မေးသွားတဲ့အတွက် သူတို့ ဘယ်နားရောက်သွားတာမျိုးကို မသိတော့လို့ အဆက်အသွယ် လုပ်လို့ မရတာမျိုး ဖြစ်ပါတယ်။ အဲဒီအထဲက ဒေါ်လာ ၄၇၁ သန်းဟာ ပင်စင်စားအရွယ်တွေ ပိုင်ဆိုင်ကြတဲ့ငွေပမာဏ ဖြစ်တယ်လို့ ပြောပါတယ်။ အကယ်၍ မိမိအနေနဲ့ အလုပ်အကိုင်ပြောင်းခဲ့တာတွေ၊ အိမ်ပြောင်းတာတွေ ဒါမှမဟုတ် သူတို့အချက်အလက်တွေကို update မလုပ်ခဲ့တာမျိုး ရှိရင် မိမိမှာ တခြား unclaimed ဆူပါတွေ ရှိမရှိ စစ်ဆေးသင့်တယ်လို့ ပြောပါတယ်။ လူတွေရဲ့ ဆူပါငွေဟာ ၂၀၂၂ ခုနှစ်တုန်းက ရင်းနှီးမြုပ်နှံမှု အမြတ်တွေနည်းလို့ ပွားလာတဲ့နှုန်းက နည်းခဲ့ပေမဉ့် ၂၀၂၂-၂၃ ခုနှစ် ဘဏ္ဏာနှစ်နဲ့ ၂၀၂၃-၂၄ ဘဏ္ဏာနှစ်မှာ ၉% နှုန်း ဝန်းကျင် ပြန်လည် တိုးပွားလာခဲ့ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now