Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဩစီရောက် ကလေးတွေကို မိခင်ဘာသာစကား တတ်အောင် ဘာတွေလုပ်ပေးသလဲ

Intl Mother Lang.jpg
အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ International Mother Language Day ဖြစ်ပါတယ်။


Published

Updated

By Mu Laing Thein

Presented by Mu Laing Thein

Source: SBS


Share this with family and friends


ဖေဖော်ဝါရီလ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ International Mother Language Day ဖြစ်ပါတယ်။


အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့နောက် အိန္ဒိယနဲ့ ပါကစ္စတန်ဆိုတဲ့ နိုင်ငံ နှစ်နိုင်ငံ ပေါ်ပေါက်လာပါတယ်။

ပါကစ္စတန်နိုင်ငံက အနောက်ပါကစ္စတန်ဆိုတဲ့ လက်ရှိ ပါကစ္စတန်နိုင်ငံအပြင် အရှေ့ပါကစ္စတန်လို့ခေါ်တဲ့ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ပါကစ္စတန်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။

ပါကစ္စတန် အစိုးရက ၁၉၅၂ ခုနှစ်မှာ အူရဒူဘာသာစကားကို နိုင်ငံတော် ဘာသာစကားအဖြစ် ကြေညာပြီးတဲ့နောက် အူရဒူဘာသာစကားမပြောတဲ့ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေရှ့်)ကလူတွေ အမျက်ဒေါသထွက်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

သူတို့က အူရဒူဘာသာစကားအပြင် ဘင်္ဂလီ ဘာသာစကားကိုပါ နိုင်ငံတော် ဘာသာစကားအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုပေမယ့် ပါကစ္စတန်အစိုးရက လက်မခံပဲ လူစုဝေးမှုတွေ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်နိုင်အောင် တားမြစ်မှု လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၅၂ ခုနှစ် ဖေဖောဝါရီလ ၂၁ ရက်မှာ တက္သသိုလ်ကျောင်းသားတွေနဲ့ ပြည်သူတွေ ဦးဆောင်ဆန္ဒပြမှု ဖြစ်ခဲ့ပြီး ရဲတွေက ဆန္ဒပြ ကျောင်းသားနဲ့ ပြည်သူတွေကို သတ်ဖြတ်နှိမ်နှင်းမှု လုပ်ခဲ့ပါတယ်။

အဲဒီလို မိမိရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ ဘင်္ဂလီဘာသာစကားကို အသက်ပေးပြီး ကာကွယ်တိုက်ပွဲဝင်ကြတဲ့နေ့ကို အစွဲပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အာဇာနည်နေ့အဖြစ် အခုထိ အသိအမှတ်ပြု ကျင်းပလေ့ရှိပြီး ရုံးပိတ်ကျောင်းပိတ်ရက်အဖြစ်လည်း သတ်မှတ်ပေးပါတယ်။

ဒီလို ဘာသာစကားအတွက် အသက်ပေးကြတာကို ဂုဏ်ပြုတဲ့အနေနဲ့ ယူနက်စကိုလို့ အတိုကောက်ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပွံနဲ့ ယဥ်ကျေးမှုအဖွဲ့ကနေ ဘယ်ဘာသာစကားမဆို ရှင်သန်ခွင့် ထိန်းသိမ်းခွင့်ရှိတယ်လို့ သတ်မှတ်ပြီး နိုဝင်ဘာလ ၁၇ ရက် ၁၉၉၉ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့အဖြစ် စတင် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၀၂ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ထပ်မံ အသိအမှတ် ပြုပေးခဲ့ရာက ပိုမို ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။

ဩစတြေးလျလို နိုင်ငံကို ရောက်နေတဲ့ မြန်မာတွေအနေနဲ့ မိမိရဲ့ မိခင်ဘာသာစကားကို ထိန်းသိမ်းဖို့ ဘယ်လောက်ခက်ခဲသလဲ၊ သား သမီးတွေ ကိုယ့်ရဲ့ ဘာသာစကား ဆက်လက် တတ်ကျွမ်းအောင် ဘယ်လို လုပ်ဆောင်ရသလဲ၊ ဘယ်လို စိန်ခေါ်မှုတွေ ကြုံရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး မဲလ်ဘုန်းမြို့မှာ မြန်မာစာ အဆင့်လိုက် သင်ကြားပို့ချမှု ဖြစ်ပေါ်လာဖို့ ကြိုးစားနေသူထဲက တစ်ဦးလည်းဖြစ် ကလေးနှစ်ယောက်ရဲ့ ဖခင်လည်းဖြစ်တဲ့ ကိုရောဘတ် လင်းထွန်းနဲ့ သမီးတစ်ယောက်ရဲ့ မိခင် စမ်းမြမြအေးတို့ကို ဆက်သွယ် မေးမြန်းထားရာမှာ သူက အခုလို စတင်ပြောပြထားပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now