SKIP TO MAIN CONTENT

Delta, Alpha နဲ့ Kappa ကိုဗစ် မျိုးကွဲပိုးနဲ့ သြစီရဲ့ ကိုဗစ်အခြေနေ

ATAGI said Delta variant is no longer circulating in Australia
ATAGI said Delta variant is no longer circulating in Australia Source: AAP

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမာ္ဘပေါ်က လူသန်းပေါင်း ၁၈၀ က တချိန်ချိန်မှာ ကူးစက်မှု ခံခဲ့ကြရပြီး အဲဒီအထဲက ၄ သန်း နီးပါးကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။


Published

By Mu Laing Thein

Source: SBS


Skip to podcast episode content

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမာ္ဘပေါ်က လူသန်းပေါင်း ၁၈၀ က တချိန်ချိန်မှာ ကူးစက်မှု ခံခဲ့ကြရပြီး အဲဒီအထဲက ၄ သန်း နီးပါးကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။


ကိုဗစ်-၁၉ ရောဂါဟာ RNA ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး အဲဒီ ဗိုင်းရပ်စ်ဟာ တုတ်ကွေးရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပါတယ်။

RNA ဗိုင်းရပ်စ်တွေဟာ လူတွေလိုပဲ အသက်ရှင်သန်ရေးကိုသာ စိတ်ဝင်စားတာဖြစ်ပေမယ့် ပေါက်ဖွားလာတဲ့ ဗိုင်းရပ်စ်တွေဟာ နဂိုပုံစံအတိုင်းမဟုတ်ပဲ အနည်းငယ် ကွဲပြားမှု ဖြစ်လာလို့ မျိုးကွဲတွေလည်း ဖြစ်ပေါ်လာပါတယ်။

အဲဒါကြောင့် အခုဆိုရင် ရောဂါပြန့်နှံ့မှုကိုသာ စိုးရိမ်ရတာမဟုတ်ပဲ ရောဂါက မျိုးကွဲလာတဲ့အပေါ်လည်း စိုးရိမ်ကြရတာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ စိုးရိမ်နေကြတဲ့ ကိုဗစ်-၁၉ မျိုးကွဲ ၃ မျိုးရှိပြီး အဲဒီ မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်တွေကတော့ ယူကေမှာ စတင်တွေ့ရှိတဲ့ Alpha အမျိုးအစား၊ အိန္ဒိယမှာ စတွေ့တဲ့ Kappa အမျိုးအစားနဲ့ နောက်ထပ် အိန္ဒိယမှာပဲ စတင်စမ်းသပ်တွေ့ရှိတဲ့ Delta မျိုးကွဲဗိုင်းရပ်စ်တွေ ဖြစ်ပါတယ်။

အားလုံးထဲမှာ ဒယ်လ်တာ အမျိုးအစားကို အစိုးရိမ်ဆုံး ဖြစ်နေကြပါတယ်။ အဲဒီ မျိုးကွဲ ဗိုင်းရပ်စ်ကို သြစတြေးလျအပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်မှာ ကူးစက်မှု ဖြစ်နေတာ တွေ့ရပြီး အင်မတန်ကို ကူးစက်မြန်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ ကိုဗစ် ကူးစက်သူ ၆ ယောက်ထဲမှာ တစ်ယောက်နှုန်းက အဲဒီ မျိုးကွဲနဲ့ ကူးစက်ခံရတဲ့အတွက် ဖြစ်ပါတယ်။

အဲဒါ့အပြင် အခုဆိုရင် အိန္ဒိယမှာ Delta Plus လို့ခေါ်တဲ့ မျိုးကွဲနောက်တမျိုးကို စောင့်ကြည့်လေ့လာနေပါတယ်။ အဲဒီ မျိုးကွဲသစ်ကို ကူးစက်ခံရသူ ၂၂ ဦး ရှိတယ်လို့လည်း အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

Kappa အမျိုးအစားကတော့ မကြာခင်တုန်းက မဲလ်ဘုန်းမြို့မှာ ပြန့်ပွားခဲ့တဲ့ မျိုးကွဲဖြစ်ပြီးသူ့ကိုလည်း အိန္ဒိယနိုင်ငံမှာပဲ စတင်တွေ့ရှိတာ ဖြစ်ပါတယ်။

အယ်လ်ဖာ အမျိုးအစားကို ယူကေနိုင်ငံမှာ စတင်စမ်းသပ်တွေ့ရှိတာဖြစ်ပြီး အစပိုင်းတုန်းက ကူးစက်မြန်လွန်းလို့ စိုးရိမ်စရာဖြစ်ကြောင်း ပြောဆိုခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ သူ့ထက် ဆိုးတဲ့ ဒယ်လ်တာ မျိုးကွဲ ပေါ်လာတာ ဖြစ်ပါတယ်။

အခုလောလောဆယ် ဆစ်ဒနီမှာ ကူးစက်ပြန့်နှံ့မှု ဖြစ်နေတာက ဒယ်လ်တာ အမျိုးအစားဖြစ်ပါတယ်။

အပြည့်အစုံကို နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now