SKIP TO MAIN CONTENT

သြစတြေးလျမှာ မကြာခင် ကိုဗစ်ကုသဆေး ရှိတော့မယ်၊ ဒါကတော့ သင်သိသင့်တဲ့အရာ ဖြစ်ပါတယ်။

Pfizer COVID-19 pills.
Pfizer COVID-19 pills. Source: Pfizer COVID-19 treatment pills (AAP)

သြစတြေးလျနိုင်ငံမှာ မကြာခင် ကိုဗစ်-၁၉ ရောဂါကို ကုသမယ့် ဆေး ထွက်လာမယ့် အနေအထား ရှိနေပါတယ်။ ကူးစက်နှုန်းမြန်တဲ့ အိုမီခရွန် မျိုးကွဲက ကမာ္ဘပေါ်မှာ ကူးစက်ပျံ့နှံ့နေတုန်းမှာပဲ ကုသဆေး ထွက်ပေါ်လာတာကတော့ ကောင်းသတင်းလို့ ဆိုရမှာပါ။


Published

Source: SBS


Skip to podcast episode content

သြစတြေးလျနိုင်ငံမှာ မကြာခင် ကိုဗစ်-၁၉ ရောဂါကို ကုသမယ့် ဆေး ထွက်လာမယ့် အနေအထား ရှိနေပါတယ်။ ကူးစက်နှုန်းမြန်တဲ့ အိုမီခရွန် မျိုးကွဲက ကမာ္ဘပေါ်မှာ ကူးစက်ပျံ့နှံ့နေတုန်းမှာပဲ ကုသဆေး ထွက်ပေါ်လာတာကတော့ ကောင်းသတင်းလို့ ဆိုရမှာပါ။


ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကပဲ Pfizer ကုမ္ပဏီကနေ paxlovid လို့ခေါ်တဲ့ ကိုဗစ်-၁၉  ကုသဆေးကို စမ်းသပ်ထုတ်လုပ်နေပြီး အဲဒီဆေးက ၈၉ % ထိရောက်မှုရှိတယ်လို့ ပြောပါတယ်။ အဲဒီဆေးက ကိုဗစ်-၁၉  ရောဂါကြောင့် သေဆုံးရမှု ဒါမှမဟုတ် အပြင်းအထန်ဖျားနာဆေးရုံရောက်မှုတွေ မဖြစ်အောင် ပိုမို ကာကွယ်ပေးနိုင်မယ်လို့ ပြောပါတယ်။

အဲဒီဆေးကြောင့် ကမာ္ဘတလွှားက လူနာတွေ ပြန်ကောင်းလာနေတယ်လို့ Pfizer ရဲ့ CEO လည်းဖြစ် ဥက္ကဌလည်းဖြစ်တဲ့ Albert Bourla က ပြောပါတယ်။

သြစတြေးလျနိုင်ငံက ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ Therapeutic Goods Administration (TGA) အဖွဲ့ဆီမှာ paxlovid ဆေးတွေ ရှိနေသလို သူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ Merck & Co ကုမ္ပဏီထုတ် molnupiravir ကိုဗစ်ကုသဆေးလည်း ရှိနေပြီး နှစ်မျိုးစလုံးကို အနီးကပ်လေ့လာမှု လုပ်နေပါတယ်။

အခုလောလောဆယ် ကမာ္ဘမှာ ပျံ့နှံ့လာနေတဲ့ အိုမီခရွန်မျိုးကွဲနဲ့ ဒယ်လ်တာမျိုးကွဲပိုးတွေကြောင့် သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉  ကူးစက်မှု များလာနေပြီး အဲဒီလို ကုသဆေးတွေသာ ရှိရင် ကမာ္ဘကြီးကို ကပ်ရောဂါရဲ့ အမျက်ဒေါသကနေ ပိုမိုကာကွယ်ပေးနိုင်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။

 

အဲဒီဆေးတွေကဘာတွေလဲ။

 

University of Sydney၊ ဆေးဝါးဆိုင်ရာဌာနက တွဲဖက်ပါမောက္ခ Nial Wheate ရဲ့ ရှင်းပြချက်အရ ကိုဗစ်-၁၉  နဲ့ ပတ်သက်ပြီး ကုသတဲ့အခါမှာ အမျိုးအစားနှစ်မျိုးနဲ့ လုပ်ဆောင်လေ့ရှိတယ်လို့ ရှင်းပြထားပါတယ်။

ပထမ အမျိုးအစားကတော့ ကိုဗစ်-၁၉  ရဲ့ ရောဂါလက္ခဏာတွေကို ကုသဖို့အတွက် ရည်ရွယ်ပြီး အများအားဖြင့်တော့ ဆေးရုံတက်နေရတဲ့ လူနာတွေအတွက် အသုံးပြုတာ ဖြစ်ပါတယ်။

 

ဒုတိယ အမျိုးအစားကတော့ ကိုဗစ်-၁၉  ရောဂါကို တိုက်ရိုက်ကုသပေးမယ့် ဆေးအမျိုးအစားဖြစ်ပြီး အဲဒီဆေးတွေနဲ့မှပဲ ဒီကမာ္ဘ့ကပ်ရောဂါဆိုးကြီးကို တွန်းလှန်နိုင်မယ့်အနေအထားရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

အဲဒီလို ဒုတိယအမျိုးအစားဆေးတွေကတော့ အပေါ်တုန်းက တင်ပြထားတဲ့ Pfizer က ထုတ်တဲ့ paxlovid နဲ့ Merck & Co က ထုတ်လုပ်တဲ့ molnupiravir ဆေးတွေ ဖြစ်ပါတယ်။

 

အဲဒီဆေးတွေကို ဝယ်ပြီး အိမ်မှာနေရင်းသောက်လိုက်ရုံနဲ့ သက်သာနိုင်တဲ့အတွက် ဆေးရုံတက်ရတဲ့အဆင့် မရောက်အောင် လုပ်ဆောင်နိုင်တဲ့အတွက် အားရစရာဖြစ်တယ်လို့ ပြောပါတယ်။

Listen now. 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now