ဗစ်တိုးရီးယားပြည်နယ်ရဲ့ ဝန်ကြီးချုပ်အသစ် ဘန် ကာရိုးလ်ဟာ ဂျာစင်တာ အလန် (Jacinta Allan) ကို ရာထူးကနေ ဖယ်ရှားပြီး ထိပ်တန်းခေါင်းဆောင်နေရာကို ရယူခဲ့ပြီးနောက်၊ လေဘာပါတီရဲ့ ကျဆင်းနေတဲ့ မျက်နှာပန်းကို ပြန်လည် ဆယ်တင်ဖို့အတွက် လေးလအချိန် ရရှိထားပါတယ်။
နိုဝင်ဘာလကြရင် ပြည်နယ်ရဲ့ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်လို့ အချိန်က ၄ လ ပဲ ကျန်ရှိတာ ဖြစ်ပါတယ်။
သူ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ပထမဆုံး လုပ်ဆောင်ချက်အနေနဲ့ သူ့အရင် ဝန်ကြီးချုပ်ဟောင်း လက်မခံဘဲ ငြင်းဆန်ခဲ့တဲ့ ပြည်နယ်တွင်း ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ
တော်ဝင်စုံစမ်းစစ်ဆေးရေးကော်မရှင် (Royal Commission) တစ်ရပ်ကို ဖွဲ့စည်းဖို့ ကတိပြုလိုက်ပါတယ်။
ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပဖို့ သတ်မှတ်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ သုံးပါတီ အပြိုင်အဆိုင်ဖြစ်လာနိုင်ပြီး ဝမ်းနေးရှင်း (One Nation) ပါတီ အားကောင်းမောင်းသန်
ဖြစ်လာမှုကို စောစောစီးစီး အကဲဖြတ်ရမယ့် ရွေးကောက်ပွဲ စမ်းသပ်ချက်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။
နားဆင်နိုင်ပါပြီ။






