Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE starting June 12 2026

ဘတ်ဂျက်မှာ ဖော်ပြတဲ့ လူဝင်မှုကြီးကြပ်ရေး အစီအစဥ်က အိမ်ရာကိစ္စပိုဆိုးစေမယ်လို့ဆို

PETER DUTTON

The Leader of the Opposition, Peter Dutton Source: AAP / JONO SEARLE/AAPIMAGE

လစ်ဘရယ်-နေရှင်နယ် ညွန့်ပေါင်း အတိုက်အခံခေါင်းဆောင် ပီတာဒါတန်က လေဘာပါတီအစိုးရရဲ့ ၂၀၂၃ ဘတ်ဂျက်က လူလတ်တန်းစား ဩစတြေးလျသားတွေအတွက် ဘာအထောက်အကူမှ မဖြစ်စေဘူးလို့ ပြောဆိုလိုက်ပါတယ်။


Published

By Soofia Tariq

Presented by Mu Laing Thein

Source: SBS


Share this with family and friends


လစ်ဘရယ်-နေရှင်နယ် ညွန့်ပေါင်း အတိုက်အခံခေါင်းဆောင် ပီတာဒါတန်က လေဘာပါတီအစိုးရရဲ့ ၂၀၂၃ ဘတ်ဂျက်က လူလတ်တန်းစား ဩစတြေးလျသားတွေအတွက် ဘာအထောက်အကူမှ မဖြစ်စေဘူးလို့ ပြောဆိုလိုက်ပါတယ်။


အစိုးရက လူဝင်မှုကြီးကြပ်ရေးရာနဲ့ ပတ်သက်ပြီး ပြည်ပက လူအများအပြားကို ခေါ်ယူမယ်ဆိုတဲ့ ကိစ္စဟာ အိုးအိမ်မလုံလောက်မှု ပြဿနာကို ပိုဆိုးဝါးစေမယ်လို့ ပြောပါတယ်။

အလယ်အလတ် ဝင်ငွေရှိတဲ့ လူတွေကို ဒီဘတ်ဂျက်က မေ့ထားခံနေရပြီး အတိုးနှုန်းလည်း ပိုပေးရမယ်လို့လည်း ပီတာဒါတန်က အခုလို ပြောပါတယ်။

ဩစတြေးလျနိုင်ငံသား ၁၀ သန်းလောက်ဟာ ဇူလိုင်လ ၁ ရက်ကစပြီး အခွန်တိုးပေးကြရတော့မှာ ဖြစ်ပါတယ်။ လျပ်စစ်မီတာခတွေ ဂက်စ်ဖိုးတွေလည်း တစ်နှစ်မှာ ဒေါ်လာ ၅၀၀ လောက် စျေးတက်လာဖို့ရှိနေချိန်ဖြစ်ပေမယ့် ဒီအကြောင်းကို ဘတ်ဂျက်မှာ မဖော်ပြထားသလို ဘဏ္ဏာရေးဝန်ကြီးရဲ့ မိန့်ခွန်းမှာလည်း ပြောဆိုခြင်းမရှိပါဘူး။ လေဘာပါတီ ဖန်တီးလိုက်တဲ့ အခြေအနေကတော့ လာမယ့် ၁၂ လအတွင်း လူလတ်တန်းစား ဩစတြေးလျတွေ၊ သေမတတ် အလုပ်လုပ်ကြရပေမယ့် အသက်ရှုဝအောင် ရေပေါ်ခေါင်ကို မနည်းဖော်ထားကြရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အတိုက်အခံ ဒုတိယခေါင်းဆောင် ဆူဆန်လီ ကလည်း သဘောတူလိုက်ပြီး အစိုးရရဲ့ ဘတ်ဂျက်ဟာ ငွေကြေးဖောင်းပွဲမှုကို သက်သာစေဖို့ တစ်ခုမှ လပ်ဆောင်တာ မရှိဘူးလို့ ပြောပါတယ်။

ဒီဘတ်ဂျက်မှာ အလယ်အလတ်တန်းစား ဩစတြေးလျတွေ လုံးဝကို ချန်ထားခံနေရပါတယ်။ အခုလောလောလဆယ် ကျမတို့ရဲ့ နေအိမ်ဟာ ကျမတို့ရဲ့ နန်းတော်ဖြစ်နေပါတယ်။ ဒါပေမဲ့ အခုဆိုရင် အိမ်ထောင်စုတွေက တစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀ ပိုနစ်နာကြလို့ သူတို့ရဲ့ နေအိမ်ကို ထိုးကျွေးရမလို ဖြစ်နေပါတယ်။ စီးပွားရေးအကြောင်းပြောဆိုရင် ငွေကြေးဖောင်းပွမှုမပါမဖြစ် ပြောရမှာဖြစ်ပြီး ဒီကိစ္စမှာဆိုရင် Jim Chalmers ထက် Chris Richardson ကို ပိုယုံကြည်ပါတယ်။ ဘဏ္ဏာရေးဝန်ကြီး Jim Chalmers ဟာ နိုင်ငံရေးဘာသာရပ်နဲ့ ပီအိတ်ချ်ဒီ ရသူဖြစ်ပြီး Chris Richardson က စီးပွားရေးလုပ်ကိုင်သူ စီးပွားရေးပညာရှင်ဖြစ်ပါတယ်။ ဒီဘတ်ဂျက်ကာလမှာ မိသားစုတွေအတွက် ဘယ်လောက်ခက်ခဲသလဲဆိုတာ ကျမတို့သိပါတယ်။ လူတွေကို အခွန်တိုးကောက်ပြီး အခွန်ငွေသုံးစွဲနေတာဟာ စီးပွားရေးအစီအစကောင်းမဟုတ်ဘူးဆိုတာ ကျမတို့ နားလည်သလို ငွေကြေးဖောင်းပွမှုကို ဖြေရှင်းဖို့ အစီအစဥ် လုံးဝမဟုတ်ဘူးဆိုတာကိုလည်း သိတယ်လို့ ပြောသွားခဲ့ပါတယ်။

ဘဏ္ဏာရေးဝန်ကြီး Jim Chalmers ကတော့ အတိုက်အခံဖက်က လူတွေကို စိတ်ဝမ်းကွဲအောင် ပြောဆိုလုပ်ဆောင်နေတာလို့ တုန့်ပြန်လိုက်ပါတယ်။

ဆက်လက်ပြီး ပီတာဒါတန်က အစိုးရရဲ့ လူအမြောက်အမြားကို ဩစတြေးလျနိုင်ငံဆီ ခေါ်မယ့် big Australia လူဝင်မှုရေးရာ အစီအစဥ်ဟာ အိမ်ရာလုံလောက်ရေးမှာ ပြဿနာပိုဆိုးစေနိုင်တယ်လို့ ပြောပါတယ်။

ကျနော်တို့က ကောင်းမွန်တဲ့ လူဝင်မှုကြီးကြပ်ရေး အစီအစဥ်ကို ထောက်ခံပါတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရှိတဲ့နိုင်ငံဖြစ်တာကိုလည်း လက်ခံပြီး အဲလိုလုပ်ဆောင်လက်ခံတဲ့နေရာမှာ ဩစတြေးလျက အကောင်းဆုံး နိုင်ငံတစ်ခုထဲ ပါဝင်ပါတယ်။ ဒါပေမဲ့ အခုလို အိမ်ရာမလုံလောက်မှု ကြုံနေရတဲ့အချိန် ငှားနေစရာအိမ် မလုံလောက်မှု ဖြစ်နေတဲ့အချိန်၊ အလုပ်သွားဖို့ ကလေးကို ကျောင်းကနေကြိုဖို့ လမ်းမှာ အကြာကြီး ပိတ်မိနေချိန်မှာပဲ ၅ နှစ်အတွင်း ပြည်ပကလူ သုံးသိန်းကို ထပ်ခေါ်ယူမယ်လို့ ပြောဆိုနေတဲ့အတွက် လူတွေက ဘယ်နားသွားနေရမလဲလို့ ပြောဆိုခဲ့ပါတယ်။

အစိုးရက ၅ နှစ်အတွင်း ပြည်သူ့အိမ်ရာ ၃၀၀၀၀ ထပ်ဆောက်ဖို့ တစ်နှစ်ကို ဒေါ်လာ သန်း ၅၀၀ သုံးစွဲမှာဖြစ်ပြီး အဲဒီအတွက် Housing Australia Future Fund Bill ထားရှိမယ့် မူကြမ်းကို တင်ပြခဲ့ပေမဲ့ အဲဒီမူကြမ်းဟာ ဒုတိယအကြိမ် ပယ်ချခံလိုက်ရပါတယ်။

အဲဒီအဆိုပြုချက်ကို လစ်ဘရယ် နေရှင်နယ် ညွန့်ပေါင်းအဖွဲ့အပြင် ဂရင်းပါတီနဲ့ တသီးပုဂ္ဂလလွှတ်တော်အမတ် David Pocock က ပယ်ချလိုက်တာဖြစ်ပါတယ်။

ဂရင်းပါတီကတော့ အဲလို အစီအစဥ်အစား တစ်နှစ်မှာ ဒေါ်လာ ၅ ဘီလီယံကို ပြည်သူ့အိမ်ရာဆောက်လုပ်ရေးအတွက် တိုက်ရိုက်သုံးစွဲပြီး အိမ်ငှားခတွေ မတိုးအောင် သတ်မှတ်ပေးဖို့ ပြောဆိုလိုက်ပါတယ်။

အစိုးရရဲ့ မူကြမ်းကို ဂရင်းပါတီကပါ ပယ်ချလိုက်တာနဲ့ဆက်စပ်ပြီး လေဘာပါတီရဲ့ နိုင်ငံခြားရေးရာဝန်ကြီး ပင်နီဝမ်က ဂရင်းပါတီဟာ တိုးတက်မှုကို နှောင့်နှေးအောင် လုပ်နေတာလို့ ပြောဆိုလိုက်ပါတယ်။

တသီးပုဂ္ဂလ လွတ်တော်အမတ် ဂျက်ကီလမ်ဘီကတော့ လေဘာအစိုးရနဲ့ အပေးအယူလုပ်ပြီး အစိုးရရဲ့ မူကြမ်းကို ထောက်ခံလိုက်ပါတယ်။ သဘောတူညီချက်အရ အစိုးရအနေနဲ့ ပြည်နယ်နဲ့ ဒေသတိုင်းမှာ အနည်းဆုံး အရေးပေါ် လိုအပ်နေတဲ့ အိမ်ရာ အလုံး ၁၂၀၀ ဆောက်လုပ်ပေးရမယ်လို့ ပါရှိပါတယ်။

Housing bill ပယ်ချခံရတဲ့အတွက် အထက်လွှတ်တော်ပြန်လည် စတင်တဲ့ ဇွန်လ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ဆုံးဖြတ်ချက်ပြန်ယူဖို့ ထပ်မံစောင့်ဆိုင်းရမှာဖြစ်ပြီး အဲဒီပေါ်လစီရဲ့ ကံကြမ္မာကို အဲဒီအချိန်မှ သိရမှာ ဖြစ်ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now