Key Points
- Ramadan is the holiest month in Islam during which healthy adult Muslims fast from dawn to dusk.
- Eid al-Fitr is a three-day celebration of end of the holy month of fasting.
- Muslim Australians bring their distinctive cultural practices to the celebration of Eid.
ကမ္ဘာ့ပေါ်မှာ မွတ်ဆလင် လူဦးရေ ၁.၉၇ ဘီလီယံရှိပြီး လူဦးရေ ၂၆ သန်းရှိတဲ့ ဩစတြေးလျနိုင်ငံမှာ မွတ်ဆလင်လူဦးရေက ၈၁၃၀၀၀ ကျော်ရှိပါတယ်။
ဩစတြေးလျနိုင်ငံဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်ကြတဲ့ နိုင်ငံဖြစ်တဲ့အတွက် မိမိရဲ့ ပတ်ဝန်းကျင်မှာ မွတ်ဆလင်တွေသာမက ဘာသာခြားသူ ဒါမှမဟုတ် ရိုးရာယဥ်ကျေးမှု မတူတဲ့လူတွေကို မတွေ့ဖူးသူ၊ မခင်ဖူးတဲ့သူဆိုတာ ရှားပါးမှာ ဖြစ်ပါတယ်။
တပါးသူရဲ့ ဘာသာရေးနဲ့ ရိုးရာယဥ်ကျေးမှုကို နားလည် လက်ခံတတ်ခြင်းဟာ သဟာဇာတဖြစ်တဲ့ လူမှုအသိုင်းအဝိုင်းရဲ့ အခြေခံအချက် ဖြစ်ပါတယ်။
ဒီကာလဟာ မွတ်ဆလင်တွေရဲ့ ရာမဒန် ဥပုသ်ကာလဖြစ်ပြီး မွတ်ဆလင်တွေဟာ တစ်လတာအတွင်း အစားရှောင်ခြင်းတွေ၊ ဆုတောင်းခြင်းတွေကို ပြုလုပ်ကြလေ့ရှိပါတယ်။

အဲဒီတော့ ရာမဒန် Ramadan ဆိုတာ ဘာလဲ။
ရာမဒန်ဆိုတာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ လူနာ (လ) ပြက္ခဒိန်ရဲ့ ၉ လမြောက် လဖြစ်ပြီး ဒီတစ်လအတွင်းမှာ အသက်ပြည့်သူ ကျန်းမာရေးကောင်းမွန်သူ မွတ်ဆလင်တိုင်းက အာရုဏ်တက်တဲ့အချိန်ကနေ နေဝင်ချိန်အထိ အစာရေစာ ရှောင်ရှားကြရပါတယ်။
တွဲဖက်ပါမောက္ခ Zuleyha Keskin ဟာ ချားလ်စ်စတူးဝတ် တက္ကသိုလ် အစ္စလာမ်မစ်နဲ့ လူယဥ်ကျေးမှုဆိုင်ရာဌာနရဲ့ တွဲဖက်အကြီးအကဲ ဖြစ်ပါတယ်။
သူမရဲ့ အဆိုအရ ရာမဒန် ဥပုသ်ကာလအတွင်း မွတ်ဆလင်တွေအတွက် လေ့လာမှတ်သားမှုတွေ ဒါမှမဟုတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ စည်းကမ်းရှိမှုလမ်းစဥ်တွေကို ကြုံရမှာ ဖြစ်တယ်လို့ ပြောပါတယ
Ramadan ဥပုသ်လဟာ မွတ်ဆလင်တွေအတွက် တစ်နှစ်အတွင်း အသန့်ရှင်းဆုံးသောလဖြစ်ပြီး ထူးခြားတဲ့လလည်း ဖြစ်ပါတယ်။Associate Professor Zuleyha Keskin, Associate Head of the Centre for Islamic Studies and Civilisation at Charles Stuart University, Melbourne.
အစ္စလာမ်မစ်ရဲ့ ပြက္ခဒိန်ကို Hijri ပြက္ခဒိန်လို့ခေါ်ပြီး အဲဒီပြက္ခဒိန်ဟာ ကမ္ဘာကိုပတ်တဲ့ လရဲ့ အနေအထားကို အခြေခံထားတာဖြစ်ပါတယ်။ ဆိုလာ (နေ)နှစ်နဲ့ ယှဥ်ရင် ၁၀ ရက်ကနေ ၁၂ ရက် ပိုတိုတဲ့အတွက် ရာမဒန်ကာလက တစ်နှစ်နဲ့ တစ်နှစ် မတူညီပါဘူး။
၂၀၂၃ ခုနှစ်အတွက် ရာမဒန် ဥပုသ်ကာလက မတ်လ ၂၂ ရက်ကနေ ဧပြီလ ၂၀ ရက်အထိ ဖြစ်ပါတယ်။

မွတ်ဆလင်တွေက ဘာကြောင့် အစာရေစာ ရှောင်ရသလဲ
အစာရေစာရှောင်ခြင်း (အာရပ်ဘိဘာသာအရ Sawm လို့ခေါ် ) ဆိုတာ အစ္စလာမ်ဘာသာရဲ့ အခြေခံကျောရိုး ၅ ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီ အခြေခံအချက် ၅ ခုက ယုံကြည်သက်ဝင်မှုရှိခြင်း၊ ဘုရားဝတ်ပြုခြင်း၊ နွမ်းပါးသူကို ပေးကမ်းစွန့်ကျဲခြင်း၊ အစာရေစာ ရှောင်ရှားခြင်း၊ ဟာဂျီ သို့မဟုတ် ဘုရားဖူးသွားခြင်းတို့ ဖြစ်ပါတယ်။
အစာရေစာ ရှောင်တဲ့ကာလအတွင်း ဆေးလိပ်သောက်ခြင်း၊ လိင်ဆက်ဆံခြင်းတွေလည်း ရှောင်ရှားရသလို အမျက်ဒေါသထွက်ခြင်း သို့မဟုတ် ရန်ဖြစ်ခြင်းတွေကို ရှောင်ရှားရတဲ့အပြင် မကောင်းဒုစရိုက်မှုတွေကနေလည်း ရှောင်ရှားရမှာ ဖြစ်ပါတယ်။
အဲဒါ့အပြင် သာမာန်ထက် ဘုရားဝတ်ပြုဆုတောင်းတာတွေ၊ ကိုရမ်ကျမ်းစာ ဖတ်ရှုထောက်ထားတာတွေနဲ့ ပရဟိတလုပ်ငန်းတွေ ပိုလုပ်ဖို့လည်း တိုက်တွန်းလေ့ရှိပါတယ်။.
မွတ်ဆလင်အများအပြားဟာ Iftar နေဝင်လို့ အစားစားပြီးတဲ့အခါ Iftar ဗလီကျောင်းကို သွားပြီးတော့လည်း ဝတ်ပြုကြလေ့ရှိပါတယ်။
ဩစတြေးလျ အမျိုးသား တက္ကသိုလ်က အာရပ်နဲ့ အစ္စလာမ်မစ်ဘာသာရပ်ဆိုင်ရာ စင်တာရဲ့ ဒါရိုက်တာဖြစ်သူ Karima Laachir ရဲ့ အဆိုအရ ရာမဒန်ကာလဟာ အစာရေစာရှောင်ရှားခြင်း တစ်ခုတည်းသာ မဟုတ်ဘူးလို့ ရှင်းပြပါတယ်။
"အရေးကြီးဆုံးက ဒီလဟာ ဝိဥာဥ်ရေးရာအတွက် အရေးကြီးတဲ့လဖြစ်ပြီး ကိုယ့်ရဲ့ ယုံကြည်ခြင်းတရားကို ပြန်လည်ဆန်းစစ်ပြီး ဘုရားနဲ့ ဆက်စပ်မှုရှိစေတဲ့လဖြစ်တယ်"လို့ ပြောပါတယ်။
ဒီလအတွင်း လူသားတွေရဲ့ သနားဂရုနာ ကြင်နာခြင်းတွေကို ထောက်ရှုပြီး စားစရာတောင်မရှိတဲ့ မရှိဆင်းရဲသားတွေရဲ့ လိုအပ်ချက်ကို နားလည်ခြင်းနဲ့ မိမိဘေးပတ်ဝန်းကျင်နဲ့ ပြန်လည်ဆက်နွယ်မှုရှိဖို့အတွက် ထောက်ရှုဆန်းစစ်တဲ့လ ဖြစ်ပါတယ်။Professor Karima Laachir, Centre for Arab and Islamic Studies, ANU
အစာရေစာရှောင်ရှားခြင်းနဲ့ ဘုရားဝတ်ပြုတာတွေ၊ ပရဟိတလုပ်ငန်း လုပ်တာတွေက ဝိဥာဥ်ရေးရာအတွက် အကျိုးရှိပြီး ဘာသာတရားရဲ့ တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်ရာရောက်သလို အစာရေစာ ရှောင်ရှားခြင်းက ကိုယ်ခန္စာကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေတယ်လို့ ပြောပါတယ်။
“ကိုယ်ခန္စာ ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ အကြောင်းရင်းကတော့ အစားရှောင်ခြင်းက ကိုယ်ခန္စာရဲ့ metabolisam အစာချေချက်မှုကို ထိန်းစေသလို အဆိပ်အတောက်တွေကိုလည်း ကင်းရှင်းစေပါတယ်။ ဒါကြောင့် အဲလိုအစာရှောင်ရှားမှုဟာ ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ လုပ်ဆောင်ချက်ဖြစ်သလို ခုလို နာရီပေါင်းများစွာ ကျိုကြားကျိုကြား အစာရေစာရှောင်ခြင်းက ခန္စာကိုယ်အတွက် အရေးကြီးတယ်ဆိုတာကို သိကြရပြီဖြစ်ပါတယ်။

အိဒ် Eid ဆိုတာ ဘာလဲ။
အစာရေစာရှောင်ရတဲ့ ဥပုသ်လ ပြီးဆုံးသွားတဲ့အခါ အိဒ်လို့ခေါ်တဲ့ ပွဲတော်ကို ကျင်းပကြပါတယ်။
အိဒ် ဆိုတာ အာရပ်ဘိ ဘာသာစကားအရ ပွဲတော် ဒါမှမဟုတ် စားပွဲလို့ အဓိပ္ပာယ်ရပါတယ်။ အစ္စလာမ် ပြက္ခဒိန်အရ အိဒ်ပွဲတော် နှစ်မျိုးရှိပြီး အဲဒါတွေက Eid al-Fitr နဲ့ Eid al-Adha တို့ ဖြစ်ကြပါတယ်။
Eid al-Fitr က အသေးစား အိဒ်ပွဲတော်ဖြစ်ပြီး ရာမဒန် ဥပုသ်လ ဆုံးတာကို အသိအမှတ်ပြု ကျင်းပတဲ့ ပွဲဖြစ်ပြီး ၃ ရက်ကြာ ကျင်းပလေ့ရှိပါတယ်။
Eid al-Fitr ကတော့ ရာမဒန်ဥပုသ်ကာလအတွင်း ကျော်လွှားနိုင်တဲ့ မိမိရဲ့ ဖြတ်ကျော်မှုတွေကို အောင်ပွဲခံတဲ့အချိန် ဖြစ်ပါတယ်။Dr Zuleyha Keskin, Centre for Islamic Studies and Civilisation, Charles Stuart University
အိဒ်ပွဲတော်နဲ့အတူ မွတ်ဆလင်တွေဟာ ပရဟိတတွေလည်း လုပ်ကြလေ့ရှိပြီး အဲဒီလို ပရိဟိတအလှူကို Zakat al-Fitr လို့ခေါ်ပြီး မရှိဆင်းရဲသားတွေလည်း ပွဲတော်နွဲနိုင်ဖို့ ဖြစ်ပါတယ်။
ပါမောက္ခ Laachir ရဲ့ အဆိုအရ Eid al-Fitr ဟာ အတူတူရှိခြင်းနဲ့ ခွင့်လွှတ်ခြင်းစတာတွေကို အောင်ပွဲခံတာဖြစ်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း စည်းလုံးညီညွတ်ခြင်းနဲ့ ခွင့်လွတ်ခြင်းတွေကို ပြန်လည်ရှင်သန်စေတဲ့ပွဲတော် ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒါ့အပြင် ကလေးတွေအတွက် ပျော်ရွင်ပွဲလည်းဖြစ်စေပြီး သူငယ်ချင်းအသစ်ရစေတာတွေအပြင် မိမိရဲ့ ရိုးရာယဥ်ကျေးမှုနဲ့ ရင်းနှီးမှု ရှိစေတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။

အိဒ်ကာလမှာ အထူးသဖြင့် ကလေးအတွက် အဝတ်အစားသစ် ဝယ်ဝတ်တာတွေ၊ အိမ်သန့်ရှင်းရေးတွေလုပ်တာတွေ၊ အထူးအချိုပွဲ ပြုလုပ်တာတွေနဲ့ အစားအသောက်အများကြီးကို စားချင်စဖွယ် ချက်ပြုတ်ပြင်ဆင်ကြတာဟာ အစ်ဒ်ကာလရဲ့ ကြီးမားတဲ့ ပြင်ဆင်မှုတွေ ဖြစ်ပါတယ်။
ဒီနှစ်အတွက် Eid al-Fitr ပွဲတော်က ဧပြီလ ၂၁ ရက် ဒါမှမဟုတ် ၂၂ ရက်မှာ ကျရောက်မှာဖြစ်ပြီး လကို မြင်ရတဲ့အနေအထားအပေါ်မူတည်ပြီး ရက်တွေ ကွဲပြားတာ ဖြစ်ပါတယ်။ အစ္စလာမ်မစ် နိုင်ငံအများစုမှာ Eid al-Fitr ကို ရုံးပိတ် ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ပေးလေ့ရှိပါတယ်။
Eid al-Adha ပွဲတော်ကတေ ဆက်ကပ်ပူဇော်ခြင်းပွဲတော် ဒါမှမဟုတ် ပိုကြီးမြတ်တဲ့ အိစ်ဒ်ပွဲတော်ဖြစ်ပါတယ်။ အဲဒီပွဲတော်ကတော့ အာဗြာဟမ်က ဘုရားရဲ့ အမိန့်တော်ကို နာခံတဲ့အနေနဲ့ သူ့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူ အိုင်ဇက် ကို ဘုရားအတွက် ဆက်ကပ်ပူဇော်ဖို့ အသင့်ရှိတာကို အောက်မေ့တဲ့အနေနဲ့ ကျင်းပကြသလို နှစ်စဥ် Hajjဘုရားဖူးပွဲတော်အပြီး ကျင်းပကြတာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံက မွတ်ဆလင်တွေကို အိဒ်ကို ဘယ်လို ကျင်းပကြသလဲ။
Eid al-Fitr ပွဲတော်ကို ပြက္ခဒိန်ထဲက လ ၁၀ လ မြောက်ရဲ့ လဆန်းတစ်ရက်မှာ အထူးဝတ်ပြုဆုတောင်းမှုနဲ့ မနက်ခင်းမှာ စတင်ပြီး ကျင်းပလေ့ရှိပါတယ်။
မိမိနဲ့ နီးစပ်ရာ ဗလီဝတ်ပြုကျောင်းမှာ ဘုရားဝတ်ပြုကြတာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါ
‘Eid Mubarak’, ဒါမှမဟုတ် ‘Happy Eid’ ပျော်ရွှင်တဲ့ အိဒ်ဖြစ်ပါစေဆိုပြီး နှုတ်ဆက်ကြလေ့ရှိပါတယ်။
မိသားစုတွေ၊ ဆွေမျိုးသားခြင်းတွေ၊ မိတ်ဆွေတွေအကြား အပြန်အလှန် အလည်အပတ်ပြုကြလေ့ရှိပါတယ်။
မိသားစု စုဝေးရာပွဲတော်လည်းဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လည်ပတ်ကြလေ့ရှိပြီး
Eid al-Fitr ပွဲတော် ၃ ရက်အတွင်း စားသောက်ပွဲတွေ၊ စပ္ပာယ်ရှယ် ကိတ်တွေနဲ့ တခြား စားကောင်းသောက်ဖွယ်တွေကို စုဝေးစားသောက်လေ့ရှိတယ်လို့ ပါမောက္ခ Laachir က ပြောပါတယ်။
ဒါပေမဲ့ ဩစတြေးလျနိုင်ငံမှာ ရှိနေကြတဲ့ မွတ်ဆလင်တွေဟာ ကမ္ဘာအရပ်ရပ်က လာကြတာဖြစ်တဲ့အတွက် ကျင်းပပုံ ကျင်းပနည်းတွေမှာ ကွဲပြားမှုတွေ ရှိတတ်ပါတယ်။

Ali Awan ဟာ ပါကစ္စတန်နောက်ခံကလာတဲ့ ဩစတြေးလျနိုင်ငံသားဖြစ်ပြီး သူဟာ အိစ်ဒ်ကာလမှာ အင်မတန် အလုပ်များသူ ဖြစ်ပါတယ်။ သူဟာ ဩစတြေးလျနိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ အိစ်ဒ်ပွဲတော်ကို ကျင်းပဖို့ ဦးဆောင်စီစဥ်သူတစ်ဦး ဖြစ်ပါတယ်။
အနယ်နယ် အရပ်ရပ်က လာတဲ့ မွတ်ဆလင်တွေအကြား ယဥ်ကျေးမှုတွေလည်း ကွဲပြားကြလေ့ရှိပြီး အားလုံးကို တစ်နေရာထဲမှာပဲ စုစည်းစေဖို့အတွက် Multicultural Eid ပွဲတော်ကို ကျင်းပတာ ဖြစ်ပါတယ်။
“တချို့လူတွေက မတူညီတဲ့ အစားအစာတွေကို ချက်ပြုတ်ပြီး ယူလာကြပြီး မတူညီတဲ့ ဝတ်စုံတွေနဲ့ အိစ်ဒ်ပွဲတော်နေ့ကို တက်ရောက်ကြပါတယ်။ ပွဲတော်အတွင်းမှာ မတူညီတဲ့ လှုပ်ရှားမှုတွေ၊ ဖျော်ဖြေမှုတွေနဲ့ ဖျော်ဖြေပြီး လေ့လာမှု လုပ်ကြနိုင်တယ်"လို့ ပြောပါတယ်။
အိစ်ဒ်ပွဲတော်ကာလအတွင်း မတူညီတဲ့ ဖျော်ဖြေမှု မျိုးစုံကို အတူတူတစ်နေရာထဲ ကျင်းပတာဖြစ်ပြီး ဒါကတော့ ဩစတြေးလျနိုင်ငံရဲ့ အလှအပတရားဖြစ်ပါတယ်။Ali Awan, Australian Multicultural Eid Festival
ပါမောက္ခ Laachir ကလည်း ဩစတြေးလျနိုင်ငံက အိစ်ဒ်ပွဲတော်ဟာ တခြား အစ္စလာမ်မစ်နိုင်ငံအများအပြားနဲ့ ယှဥ်လိုက်ရင် ပိုပြီး အရည်အသွေးစုံပြီး ခိုင်မာမှုရှိတယ်လို့ ပြောပါတယ်။
ဩစတြေးလျနိုင်ငံက မွတ်ဆလင်အသိုင်းအဝိုင်းတွေအကြား လှပမှုကတော့ ပွဲတော်ကို ရပ်ကွက်အတွင်းမှာရှိတဲ့ ဗလီကျောင်းရဲ့ ကွန်မြူနီတီစင်တာတွေမှာ ကျင်းပပြီး မတူညီကြတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကိုတစ်နေရာထဲမှာ အတူတူ ကျင်းပကြခြင်းပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။








