ထိုင်းနိုင်ငံမှာဆိုရင်လည်း မနိုင်မနင်းမုတွေ ဖြစ်ပေါ်နေသလို တောင်ကိုရီးရားမှာလည်း ကိုဗစ်-၁၉ ကူးစက်သူတွေများလာလို့ တင်းကြပ်မုတွေ တိုးမြင့်ချထားတာမျိုး လုပ်ဆောင်နေရပါတယ်။
စက်ာပူမှာလည်း အမျိုးသားနေ့ ကျင်းပပွဲရက်ကို ရက်ရွေ့ဆိုင်းထားတာတွေ၊ မလေးရှားနိုင်ငံမှာဆိုရင်လည်း အခုတစ်ကျော့မှာ ကူးစက်သူ ၁ သန်းကျော်ရှိသွားပြီး ဇူလိုင် တစ်ရက်တည်းမှာ အရောက် ၁၇၀၀၀ ကျော် ကူးစက်ခံနေရပါတယ်။
မြန်မာနိုင်ငံမှာလည်း အခြေအနေက စိတ်မသက်သာစရာတွေနဲ့ သြစတြေးလျမှာလည်း တကျော့ပြန်ကူးစက်ပျ့နံ့မု ဖြစ်နေပါတယ်။
ဒီလိုခက်ခဲတဲ့ ကာလအတွင်း ဘယ်လိုခံစားနေကြရသလဲ၊ စိတ်သက်သာရအောင် ဘာတွေ လုပ်ဆောင်ကြသလဲ ဆိုတာနဲ့ ပတ်သက်ပြီး မဲလ်ဘုန်းမြို့က ကိုစောထိုက်၊ မမြင့်မြင့်စန်းနဲ့ ဆစ်ဒနီမြို့က ကိုဇာနည်တို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။