SKIP TO MAIN CONTENT

အဆိပ်သင့်နေတဲ့ သံလွင်မြစ်ရေကြောင့် အမျိုးသမီးတွေ ပိုမိုထိခိုက်နေ

Salween River.jpg
Arsenic Levels Rise in the Salween River

သံလွင်မြစ်ကမ်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ မနက်ခင်းဟာ သံလွင်မြစ်ရေနဲ့ အစပြုပါတယ်။ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းတွေကအစ နေ့စဉ် လူမှုဘဝရဲ့ ရေ လိုအပ်ချက်တွေအတွက် မြစ်ရေ ကိုသာအဓိက ထားပြီးသုံးစွဲနေကြတာ ဖြစ်ပါတယ်။

Published

By Nyunt Thu Sein

Presented by Nyunt Thu Sein

Source: SBS

Skip to podcast episode content

သံလွင်မြစ်ကမ်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ မနက်ခင်းဟာ သံလွင်မြစ်ရေနဲ့ အစပြုပါတယ်။ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းတွေကအစ နေ့စဉ် လူမှုဘဝရဲ့ ရေ လိုအပ်ချက်တွေအတွက် မြစ်ရေ ကိုသာအဓိက ထားပြီးသုံးစွဲနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲနှစ်ကုန်ပိုင်းလောက်က စပြီး သံလွင်မြစ်ရေ ဟာ မသန့်တော့ဘူး၊ အဆိပ်ဓါတ်တွေ ပါဝင်နေတယ်၊ သောက်သုံးရန်မသင့်ဘူး ဆိုတာ ဒေသခံတွေ သိခဲ့ရပါတယ်။

မြစ်ရေက သောက်သုံးရန်မသင့်ဘူးလို့ သိလာပြီးနောက်မှာ သံလွင်မြစ်ဝှမ်းမှာ နေထိုင်တဲ့ လူဦးရေ ခြောက်သန်းကျော် အတွက် အဓိကရင်ဆိုင်ရတဲ့ အခက်အခဲက သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိမှု ဖြစ်ပါတယ်။ မြစ်ရေကနေ အလွယ်တကူ သုံးစွဲလာတဲ့ နေ့စဉ်လူမှုဘဝ တွေကနေ သန့်ရှင်းတဲ့ရေရဖို့ အတွက် သံလွင်မြစ်ဝှမ်းမှာ နေထိုင်နေတဲ့ အမျိုးသမီးတွေ မှာ ပိုပြီးဝန်ပိလာတယ် လို့ ‌ဒေသခံ အမျိုးသမီးတွေ ဆီကက သိရပါတယ်။

နားဆင်နိုင်ပါပြီ။

Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now