ကပ်ရောဂါက ကလေးငယ်တွေကို ဘယ်လို အပြောင်းအလဲ ဖြစ်စေပါသလဲ။

A young boy with a glass of milk

A young boy with a glass of milk Source: AAP

ကမ္ဘာတလွှားမှာ ဖြစ်ပေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေး၊ ပညာရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေးတွေ ထိခိုက်နစ်နာရပြီး ဒီကပ်ရောဂါက ကလေးငယ်တွေအပေါ် ဘယ်လို သက်ရောက်မှု ဖြစ်စေသလဲ ဆိုတာကို ပညာရေးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ စိတ်ပညာရှင်တွေက လေ့လာနေကြပါတယ်။


ကုလသမဂ္ဂရဲ့ ကလေးသူငယ်များ ရံပုံငွေအသင်း ယူနီဆက်ဖ်ရဲ့ အဆိုအရ ကမ္ဘာတလွှားက ကလေးငယ်တွေဟာ လူမှုရေးဆိုင်ရာ အထီးကျန်မှုတွေ ခံနေရပြီး သြစတြေးလျ ပညာရှင်တွေကတော့ စောစောစီးစီး ပံ့ပိုးကူးညီမှုတွေ လုပ်သင့်တယ်လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ ကပ်ရောဂါဟာ ၃ နှစ်သားအရွယ် ဖြစ်နေပြီး ဒီကပ်ရောဂါကြောင့် ကလေးငယ်တွေရဲ့ ကိုယ်ခန္စာနဲ့ စိတ်ဓာတ်ဖွံ့ဖြိုးရေးမှာ ဘယ်လို ထိခိုက်နစ်နာရသလဲ ဆိုတာကို သုတေသီတွေ တဖြေးဖြေးခြင်း ပိုနားလည်လာကြပါပြီ။

ကလေးသူငယ်များ ရံပုံငွေအသင်း ယူနီဆက်ဖ်ရဲ့ အဆိုအရ ကပ်ရောဂါဟာ ဆင်းရဲတဲ့ နိုင်ငံက ကလေးငယ်တွေ၊ ဆင်းရဲ့တဲ့ ရပ်ကွက်က ကလေးတွေအပေါ် အများဆုံး ဆိုးကျိုး သက်ရောက်စေတယ်လို့ ပြောပါတယ်။


Sydney မြို့ ကလေးသူငယ်များဆေးရုံက စိတ်ပညာရှင် Adam Guastella ဟာလည်း လူအများနဲ့ မဆက်ဆံရတဲ့အတွက် ကလေးငယ်တွေအပေါ် ရေရှည်သက်ရောက်မှုတွေ ရှိနေတာကို အလားတူ မြင်တွေ့ရတယ်လို့ ပြောပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လလောက်အထိ နယူးဆောက်သ်ဝေးလ် ပြည်နယ်မှာ အရင်နှစ်နဲ့ယှဉ်ရင် အသက် ၁၈ နှစ်အောက် လူငယ်တွေ မိမိကိုယ်ကို သေကြောင်းကြံစီလို့ အရေးပေါ်ဌာနကို ရောက်ရှိလာသူ ၃၁% ပိုများလာတယ်လို့ သိရပါတယ်။

အသက်မပြည့်သေးတဲ့လူတွေ စိတ်ကျန်းမာရေးချို့တဲ့မှု ခံစားနေရတာတွေဟာ အင်မတန် စိတ်မကောင်းစရာ ဖြစ်တယ်လို့ ပါမောက္ခ  Guastella  က ပြောပါတယ်။


Share
Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ကပ်ရောဂါက ကလေးငယ်တွေကို ဘယ်လို အပြောင်းအလဲ ဖြစ်စေပါသလဲ။ | SBS Burmese