Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဂါဇာဆေးရုံ ပေါက်ကွဲမှုအတွင်း လူရာနဲ့ချီသေ၊ အစ္စရေးက သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆို

gaza.jpg

အင်္ဂါနေ့တုန်းက ဟားမတ်စ်ရဲ့ လက်အောက်မှာရှိတဲ့ ဂါဇာမြို့က ဆေးရုံတစ်ခု လေကြောင်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် လူရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။


Published

Updated

By Hannah Kwon

Source: SBS




Share this with family and friends


အင်္ဂါနေ့တုန်းက ဟားမတ်စ်ရဲ့ လက်အောက်မှာရှိတဲ့ ဂါဇာမြို့က ဆေးရုံတစ်ခု လေကြောင်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် လူရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။


ဂါဇာမြို့အတွင်းက al-Ahli Arab ဆေးရုံကို အစ္စရေးက တိုက်ခိုက်တာလို့ ပါလစ္စတိုင်းဖက်က စွပ်စွဲထားတာကို အစ္စရေးက ငြင်းဆိုလိုက်ပြီး ပါလစ္စတိုင်းရဲ့ စစ်သွေးကြွအဖွဲ့တစ်ခုရဲ့ လုပ်ရပ် ဖြစ်တယ်လို့ အစ္စရေးဖက်က ပြောနေပါတယ်။

အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်

Daniel Hagari က အစ္စေရေးရဲ့ ပစ်ခတ်မှု မဟုတ်ရဘူးလို့ ပြောပါတယ်။

လေယာဥ်နဲ့ တိုက်ခိုက်မှုတွေ အများကြီးရှိသလို မှားယွင်းစွာ ပစ်ခတ်မှု (ဟားမတ်စ် ဖက်က ဒုံးကျဥ်ပစ်ခတ်မှု) တွေလည်း အများကြီးရှိပြီး ဟားမတ်စ်ဖက်က သတင်းမှားတွေ အများကြီး ပြောဆိုတာမျိုး ရှိပါတယ်။ ကျနော်တို့က အသေးစိတ်စုံစမ်းပြီး လူတွေကို အမှန်ချပြမယ်လို့ အစ္စရေးဖက်က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ပါလကစ္စတိုင်း ကိုယ်စားလှယ် Riyad Mansour က အစ္စရေးရဲ့ လက်ချက်ပဲလို့ ပြောဆိုထားပါတယ်။

ဒီလို ရာဇာဝတ်မှု ကျူးလွန်တဲ့လူတွေ တရားရေးရာ ရင်ဆိုင်သင့်ပါတယ်၊ သူတို့ကျူးလွန်တဲ့အရာတွေအတွက် တာဝန်ယူရမှာပါ။ ကျနော်တို့ အာရပ်ပ် အုပ်စုက ချက်ခြင်း အပစ်အခတ် ရပ်စဲကြဖို့ တောင်းဆိုလိုပါတယ်။.

စစ်တွေ ဆက်ဖြစ်နေတာနဲ့အမျှ ပါလစ္စတိုင်းသားတွေ ပိုမို သေဆုံးရတဲ့အတွက် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆေးရုံပေါက်ကွဲမှုဟာ မကြာခင်က ဂါဇာဒေသမှာ ဖြစ်ပေါ်တဲ့ တိုက်ခိုက်မှုကြောင့် ေသဆုံးရတဲ့ဖြစ်ရပ်တွေထဲမှာ တစ်ကြိမ်တည်းအတွင်း အသေအပျောက် အများဆုံး ဖြစ်ရပ်ဖြစ်ပါတယ်။.

အောက်တိုဘာလ ၇ ရက်နေ့တုန်းက ဟားမတ်စ်က အစ္စရေးနိုင်ငံ တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် အစ္စရေးဖက်က တုန့်ပြန်မှုတွေ လုပ်နေပြီး ရက်ဆက် တဖက်နဲ့တဖက် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

ဂါဇာမှာ အနည်းဆုံး လူ ၃၀၀၀ သေဆုံးရပြီး အစ္စရေးရဲ့ အဆိုအရ သူတို့နယ်မြေထဲမှာ တိုက်ခိုက်မှု စတင်ချိန်ကစပြီး လူ ၁၄၀၀ သေဆုံးရပြီလို့ ပြောပါတယ်။

ဩစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီက ဆေးရုံပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး အပြစ်မဲ့တဲ့ အသက်တွေ ဆုံးရှုံးမှုတိုင်းက အရေးပါပြီး အစ္စရေး ဒါမှမဟုတ် ပါလစ္စတိုင်း ဖြစ်နေတာနဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။

သေဆုံးရသူတွေ၊ ဒဏ်ရာရသူတွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ခံစားရကြောင်း၊ ပြည်သူတွေရဲ့ အသက်ကို ကာကွယ်စောင့်ရှောက်မှုကို ဦးစားပေးလုပ်ရမှာဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

လက်လွတ်စပယ်တိုက်ခိုက်မှုနဲ့ ပြည်သူတွေအားထားရာ အဆောက်အဦးတွေကို တိုက်ခိုက်တဲ့အပေါ် ရှုတ်ချကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အီရန်နဲ့ တူရကီ အစရှိတဲ့ အာရပ် နိုင်ငံတွေကလည်း အဲဒီ တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။

ဟားမတ်စ်နဲ့ ဖြစ်တဲ့ စစ်ပွဲမှာ အစ္စရေးဖက်က ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးနိုင်ငံကို သွားရောက်မှု မပြုခင်မှာပဲ အခုလို ဂါဇာဒေသက ဆေးရုံ ပေါက်ကွဲမှု ဖြစ်ရတာ ဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဂျော်ဒန်ခေါင်းဆောင်၊ အီဂျစ်ခေါင်းဆောင်အပြင် ပါလစ္စတိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဥ်ခဲ့ပေမယ့် ပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း အဲဒီအစီအစဥ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ဩစတြေးလျ အစိုးရကလည်း အစ္စရေးနဲ့ ဂါဇာဒေသက မိမိရဲ့ နိုင်ငံသားတွေကို ပြန်ခေါ်နိုင်ဖို့ လေယာဥ်တွေ စီစဥ်ပေးပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့မှာ လူပေါင်း ၂၂၂ ဦး (အစ္စရေးမှာ ရောက်နေတဲ့ ဩစီ ၁၆၄ ဦးပါဝင်) တင်ဆောင်လာတဲ့ လေယာဥ်တစ်စင်း ဆစ်ဒနီမြို့ကို ဆိုက်ရောက်ပြီ ဖြစ်ပါတယ်။

Tel Aviv ကနေ လူပေါင်း ၂၀၀ တင်ဆောင်တဲ့ လေယာဥ်တစ်စီးလည်း ဒီဗုဒ္စဟူးနေ့ည အောက်တိုဘာ ၁၈ ရက်ညမှာ ဆိုက်ရောက်ပြီ ဖြစ်ပါတယ်။

အခုလောလောဆဘ် ပဋိပက္ခဇုံမှာ ရှိနေတဲ့ ဩစတြေးလျနိုင်ငံသား ၁၂၀၀ လောက် ရှိနေသေးပြီး ပြန်ခေါ်လာနိုင်ဖို့ လုပ်နေသေးတယ်လို့ ပြည်ထဲရေးဝန်ကြီး Clare O'Neil က ပြောပါတယ်။

ဩစတြေးလျနိုင်ငံသား ၄၆ ဦးက ဂါဇာထဲမှာ ပိတ်မိနေဆဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now