SKIP TO MAIN CONTENT

ကိုဗစ်ကူးစက်သူ တစ်သန်းပြည့်ဖို့ ၂ နှစ်အချိန်ကြာပေမယ့် အခုဆိုရင် နှစ်ပတ်အတွင်း နောက်လူတစ်သန်းကူးစက်ခံရ

Covid-19 tests are administered by health care workers
Widespread shortages of rapid antigen tests remain due to rising cases of the Omicron variant. Source: Orlando Sentinel

သြစတြေးလျနိုင်ငံမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူပေါင်း ၂ သန်းကျော်ရှိသွားပြီ ဖြစ်ပါတယ်။ အစပိုင်းတုန်းကတော့ သြစတြေးလျနိုင်ငံမှာ တစ်ပြည်နယ်နဲပ တစ်ပြည်နယ်မှာ သွားလာမှုကန့်သတ်ချက်တွေ လုပ်တဲ့အတွက် ကိုဗစ်-၁၉ ကူးစက်သူ အယောက် ၁ သန်းရောက်ရှိဖို့အချိန် ၂ နှစ်ကြာခဲ့ပေမယ့် အခုဆိုရင် ၂ ပတ်အတွင်း ကူးစက်သူ အယောက် ၁ သန်း ထပ်တိုးလာပါတယ်။


Published

Updated

Source: SBS


Skip to podcast episode content

သြစတြေးလျနိုင်ငံမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူပေါင်း ၂ သန်းကျော်ရှိသွားပြီ ဖြစ်ပါတယ်။ အစပိုင်းတုန်းကတော့ သြစတြေးလျနိုင်ငံမှာ တစ်ပြည်နယ်နဲပ တစ်ပြည်နယ်မှာ သွားလာမှုကန့်သတ်ချက်တွေ လုပ်တဲ့အတွက် ကိုဗစ်-၁၉ ကူးစက်သူ အယောက် ၁ သန်းရောက်ရှိဖို့အချိန် ၂ နှစ်ကြာခဲ့ပေမယ့် အခုဆိုရင် ၂ ပတ်အတွင်း ကူးစက်သူ အယောက် ၁ သန်း ထပ်တိုးလာပါတယ်။


သြစတြေးလျနိုင်ငံမှာ ကိုဗစ် ကူးစက်သူ အယောက်ပေါင်း ၂ သန်း ပြည့်သွားတဲ့နေ့က ကြာသပတေးနေ့ ဖြစ်ပါတယ်။

ဒီစနေ့နေ့မှာတော့ နယူးဆောက်သ်ဝေးလ်နဲ့ ဗစ်တိုး၇ီးယားပြည်နယ်မှာ သေဆုံးသူ ၆၄ ဦး ရှိပါတယ်။  နယူးဆောက်သ်ဝေးမှာ ကူးစက်သူ ၂၀၁၄၈ ဦးရှိပြီး သောကြာည ၈ နာရီစာရင်းအရ အယောက် ၃၀ သေဆုံးခဲ့ရပါတယ်။

လူပေါင်း ၂၇၆၂ ဦး ဆေးရုံတင်ထားရပြီး ၂၀၄ ဟာ အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူသူ ၂၀၄ ဦး ရှိပါတယ်။

 

ဗစ်တိုးရီးယား ပြည်နယ်မှာ ကူးစက်သူ ၁၆၀၁၆ ဦးရှိပြီး အယောက် ၂၀ သေဆုံးခဲ့ရပါတယ်။ လူပေါင်း ၁၀၂၉  ဦး ဆေးရုံတင်ထားရပြီး ၁၂၀ ကို အထူးကြပ်မတ်ဆောင်မှာ ကုသနေရပါတယ်။ အဲဒီအထဲက ၃၀ ဦးဟာ ventilator ကို အသုံးပြုနေရပါတယ်။ မကြာခင် ဗစ်တိုးရီးယားပြည်နယ်မှာ ကျောင်းပြန်ဖွင့်တော့မှာဖြစ်ပြီးပြည်နယ်အစိုးရကတော့ အစိုးရပိုင်ကျောင်းတွေမျာ နေရာလွတ်တွေရှိနေရင် ပင်စင်စား ဆရာ၊ ဆရာမတွေ၊ အကူဆရာတွေနဲ့ ပင်စင်စား ကျောင်းအုပ်တွေ အလုပ်လျှောက်ကြဖို့ တိုက်တွန်းထားပါတယ်။ ကိုဗစ်ကြောင့် အမှုထမ်းတွေ အလုပ်မလာနိုင်တဲ့အခါ အမှုထမ်းတေါ ရှိနေဖို့ ဖြစ်ပါတယ်။

 

တက်စ်မေးနီးယား ပြည်နယ်မှာ ကူးစက်သူ ၇၂၆ ရှိပြီး ၁ ဦးသေဆုံးခဲ့ရပါတယ်။

South Australia  မှာ ၃ ဦးသေဆုံးပြီး Queensland ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၅၀၅၀ ဦးရှိပြီး ၁၀ ယောက် သေဆုံးခဲ့ရပါတယ်။ ကွင်းစလန်းပြည်နယ်မှာ နိုင်ငံတကာကနေ ရောက်လာသူတွေအတွက် ကွာရန်တင်းစည်းမျဉ်းတွေကို ဖြေလျှော့ပေးလိုက်ပြီ ဖြစ်ပါတယ်။

 

သြစတြေးလျနိုင်ငံတခွင်မှာ ဆးရုံတင်၇တဲ့ လူနာဦးရေမှာ အတက်အကျ တချို့ရှိပေမယ့် ကျန်းမာရေးအမှုထမ်းတွေ မနိုင်မနင်းမှု ဖြစ်နေတဲ့ အနေအထားကို ရောက်ရှိလာပါတယ်။

ဗစ်တိုးရီးယားပြည်နယ်က မြို့ပေါ် ဆေးရုံအားလုံးနဲ့ နယ်ဒေသက ဆေးရုံ ၆ ခုတို့မှာ Code Brown အဆင့် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာ တကယ့်အရေးပေါ် လူနာတွေကိုသာ ကုသမယ့် အနေအထားဖြစ်ပြီး စောင့်ဆိုင်းလို့ရတဲ့ ခွဲစိတ်မှုတွေကို စောင့်ဆိုင်းထားခိုင်းတာ ဖြစ်သလိုခွင့်ယူထားတဲ့ အမှုထမ်းတွေကို အလုပ်ပြန်ဝင်ခိုင်းတာမျိုးလည်း လုပ်နိုင်တဲ့အဆင့် ဖြစ်ပါတယ်။

ဆစ်ဒနီမြို့က Westmead ဆေးရု့မှာလည်း ဗုဒ္စဟူးနေ့တုန်းက သူနာပြုတွေ ဆန္ဒပြမှု လုပ်ခဲ့ကြပြီး သူတို့တွေဟာ ရေရှည်မဖြစ်နိုင်တဲ့ အနေအထားနဲ့ အလုပ်လုပ်နေရပြီး သူတို့အပေါ် နားလည်မှုလည်း မရှိကြဘူးလို့ ပြောပါတယ်။

 

နယူးဆောက်သ်ဝေးမှာ ရောဂါအဆိုးဝါးဆုံး ကူးစက်တဲ့ ကာလ ပြီးဆုံးတဲ့အနေအထားရှိတယ်လို့ သုံးသပ်နေကြပါတယ်။

ကွင်းစလန်းပြည်နယ်ကလည်း နယူးဆောက်သ်ဝေးလ်မှာ ကူးစက်မှုအနေအထား အထွတ်အထိတ်ရောက်ပြီး ၂ ပတ်အကြာမှာ သူတို့လည်း အဲဒီအထွတ်အထိတ်အနေအထားရောက်မယ်လို့ ခန့်မှန်းပြီး အရင်ဦးဆုံး ဘရစ္စဘိန်းနဲ့ ဂိုးကို့စ်မြို့မှာ အဲဒီအနေအထားရောက်မယ်လို့ ပြောပါတယ်။

ရောဂါ ကူးစက်မှု အခြေအနေ အထွတ်အထိတ်ရောက်တယ်လို့ ပြောတဲ့အခါမှာ ရောဂါ ကူးစက်မှုပြီးဆုံးသွားတာမဟုတ်ပဲ ကူးစက်မှုအများဆုံးအဆင့်ကို ရောက်ရှိပြီး မကြာခင် ပြန်လျော့နည်းလာတော့မယ့် အခြေအနေကို ဆိုလိုခြင်းသာ ဖြစ်တယ်လို့ ကွင်းစလန်းပြည်နယ် ကျန်းမာရေးအရာရှိတစ်ဦးက ပြောပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now