Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

တုပ်ကွေးရာသီအတွက် သင် အသင့်ဖြစ်ပြီလား?

Australia Explained - Flu

Most people recover from influenza by themselves, but the flu virus is responsible for hundreds of lives lost and thousands hospitalised annually in Australia. Credit: Authentic Source/Getty Images

တုပ်ကွေးဗိုင်းရပ်စ်ဟာ တစ်နှစ်ပတ်လုံး ကူးစက်ပျံ့နှံ့နိုင်တဲ့ ပြင်းထန်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဆောင်းဦးပေါက်ကာလမှာ ပိုပြီး အဖြစ်များလာတတ်ပြီး ဆောင်းရာသီလတွေမှာတော့ ကူးစက်မှု အမြင့်ဆုံးအဆင့်ကို ရောက်ရှိလေ့ရှိပါတယ်။


Key Points
  • Influenza can cause mild to severe and even life-threatening illness.
  • Yearly flu immunisation is recommended for everyone aged 6 months or over.
  • Children in Australia have access to a no-needle, nasal spray flu vaccine.
  • The flu vaccine is safe and effective, so speak to your doctor if you have questions or concerns.

ရာသီတုပ်ကွေးဟာ အဖြစ်များသလို ကူးစက်မှုလည်း အလွန်မြန်ပါတယ်။

အများစုကတော့ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရပြီး ရက်အနည်းငယ်အတွင်း ပြန်လည်သက်သာလာတတ်ကြပါတယ်။ ဒါပေမဲ့ အချို့သူတွေမှာတော့ ရောဂါပြင်းထန်တာ ဒါမှမဟုတ် ဆေးရုံတက်ရတဲ့အထိ ဖြစ်နိုင်ခြေ ပိုများပါတယ်။

ဩစတြေးလျနိုင်ငံမှာ ၂၀၂၅ ခုနှစ်ဟာ တုပ်ကွေးကြောင့် သေဆုံးမှု အများဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လူပေါင်း ၁,၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒေါက်တာ Michael Wright ဟာ ဆစ်ဒနီအခြေစိုက် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်သလို ဩစတြေးလျ အထွေထွေရောဂါကု ဆရာဝန်များကောလိပ် (GP) ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

တုပ်ကွေးကြောင့် အဆုတ်ရောင်တာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေလိုမျိုး နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်တာကို လူအတော်များများက လျှော့တွက်ထားကြတယ်လို့ သူက ဆိုပါတယ်။

How serious is the flu?

"ကျွန်တော်တို့ အတော်များများက တုပ်ကွေးကို အအေးမိတာလောက်ပဲလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တော့ တုပ်ကွေးဟာ နှစ်စဉ် ဩစတြေးလျနိုင်ငံသား ရာနဲ့ချီ သေဆုံးစေတဲ့ ပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ တုတ်ကွေးကနေ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်တာကြောင့် လူပေါင်းထောင်ချီပြီး ဆေးရုံတက်နေရပါတယ်။ တစ်ခါတလေမှာ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာနိုင်ပေမဲ့ သက်ကြီးရွယ်အိုတွေ၊ အထူးသဖြင့် ကလေးငယ်တွေနဲ့ ဆီးချို၊ ပန်းနာရင်ကျပ်လို တခြားကျန်းမာရေး ပြဿနာရှိသူတွေမှာတော့ အဆုတ်ပိုးဝင်တာ၊ အဆုတ်ရောင်တာတွေ ဖြစ်ပြီး ဆေးရုံတက်ရတဲ့အထိ ဖြစ်နိုင်တဲ့ အလားအလာတွေ ပိုများတယ်။" လို့ ပြောပါတယ်။

တုပ်ကွေးရောဂါလက္ခဏာတွေဟာ သာမန်အအေးမိတာထက် ပိုပြင်းထန်သလို ပိုပြီးတော့လည်း ကြာရှည်တတ်ပါတယ်။ လက္ခဏာတွေထဲမှာ အဖျားကြီးတာ၊ ကြွက်သားနဲ့ အဆစ်အမြစ် ကိုက်ခဲတာ၊ ခေါင်းကိုက်တာနဲ့ လည်ချောင်းနာတာတွေ ပါဝင်နိုင်ပါတယ်။

လေထဲကတစ်ဆင့် ကူးစက်တဲ့ တခြားရောဂါတွေလိုပဲ တုပ်ကွေးဟာလည်း ရောဂါရှိသူရဲ့ နှာခေါင်း ဒါမှမဟုတ် လည်ချောင်းက ထွက်တဲ့ အစက်အမှုန်တွေကတစ်ဆင့် ပျံ့နှံ့ပါတယ်။

လက်ကို ပုံမှန်ဆေးတာ၊ ချောင်းဆိုး ဒါမှမဟုတ် နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို လုံခြုံအောင် ဖုံးအုပ်တာ စတဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းကောင်းရှိခြင်းက တုပ်ကွေးကူးစက်ခံရဖို့ အခွင့်အလမ်းကို လျှော့ချပေးနိုင်သလို တခြားသူတွေကို မပြန့်ပွားအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Who is likely to get very sick from influenza?

"အသက် ၆ လကျော်တဲ့သူတိုင်း နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်။ အမျိုးသား ကာကွယ်ဆေးထိုး အစီအစဉ် (National Immunisation Program) အောက်မှာ အခမဲ့ ထိုးနှံခွင့်ရတဲ့ အုပ်စုတွေ ရှိပါတယ်။ အဲ့ဒီထဲမှာ အသက် ၆ လကနေ ၅ နှစ်အထိ ကလေးငယ်တွေ၊ အသက် ၆၅ နှစ်နဲ့ အထက် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက် ၆ လနဲ့ အထက်ရှိတဲ့ အက်ဘော်ရစ်ဂျင်နယ် (Aboriginal) နဲ့ Torres Strait Islander လူမျိုးစုဝင်တွေ၊ နောက်ပြီး သတ်မှတ်ထားတဲ့ ကျန်းမာရေး အခြေအနေရှိသူတွေ ပါဝင်ပါတယ်။"

How can I protect myself from the flu?

လေထဲကတစ်ဆင့် ကူးစက်တဲ့ တခြားရောဂါတွေလိုပဲ တုပ်ကွေးဟာလည်း ရောဂါရှိသူရဲ့ နှာခေါင်း ဒါမှမဟုတ် လည်ချောင်းက ထွက်တဲ့ အစက်အမှုန်တွေကတစ်ဆင့် ပျံ့နှံ့ပါတယ်။

Flu tips
Credit: Healthdirect

လက်ကို ပုံမှန်ဆေးတာ၊ ချောင်းဆိုး ဒါမှမဟုတ် နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို လုံခြုံအောင် ဖုံးအုပ်တာ စတဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းကောင်းရှိခြင်းက တုပ်ကွေးကူးစက်ခံရဖို့ အခွင့်အလမ်းကို လျှော့ချပေးနိုင်သလို တခြားသူတွေကို မပြန့်ပွားအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမဲ့ မိမိကိုယ်တိုင်နဲ့ တခြားသူတွေကို ကာကွယ်ဖို့အတွက် အထိရောက်ဆုံး နည်းလမ်းကတော့ နှစ်စဉ်ထိုးရတဲ့ တုပ်ကွေးကာကွယ်ဆေးပဲ ဖြစ်တယ်လို့ ဒေါက်တာ Wright က ပြောပါတယ်။

"ကာကွယ်ဆေးထိုးခြင်းရဲ့ အားသာချက်ကတော့ သင်ကိုယ်တိုင် ဖျားနာနိုင်ခြေကို လျှော့ချပေးရုံတင်မကဘဲ ပြင်းထန်တဲ့ ကူးစက်မှုမျိုး မဖြစ်အောင်လည်း သေချာပေါက် ကာကွယ်ပေးပါတယ်။ နောက်ပြီး တခြားသူတွေကို ဗိုင်းရပ်စ် ပြန့်ပွားစေဖို့ အခွင့်အလမ်းလည်း နည်းသွားစေပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးတာဟာ မိမိကိုယ်ကိုယ်၊ မိမိမိသားစုနဲ့ မိမိတို့ရဲ့ လူမှုအသိုက်အဝန်းကို ကာကွယ်ဖို့ အကောင်းဆုံး လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။"

တုပ်ကွေးကြောင့် ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေရှိသူတွေထဲမှာ မွေးကင်းစကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ နာတာရှည် ရောဂါအခံရှိသူတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ကျန်းမာသန်စွမ်းသူတွေတောင်မှ ပြင်းထန်တဲ့ ဝေဒနာ ခံစားရနိုင်ပါတယ်။

Getting vaccinated is the best thing you can do to protect yourself, your family and also your community.
Dr Michael Wright

Should I get the flu shot and do I have to pay?

ဩစတြေးလျအစိုးရကတော့ အသက် ၆ လနဲ့ အထက်ရှိသူတိုင်း နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးနှံဖို့ တိုက်တွန်းထားပါတယ်။ သတ်မှတ်ထားတဲ့ အုပ်စုဝင်တွေအတွက်တော့ ကာကွယ်ဆေးကို အခမဲ့ ထိုးနှံပေးနေပါတယ်။

"အသက် ၆ လကျော်တဲ့သူတိုင်း နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်။ အမျိုးသား ကာကွယ်ဆေးထိုး အစီအစဉ် (National Immunisation Program) အောက်မှာ အခမဲ့ ထိုးနှံခွင့်ရတဲ့ အုပ်စုတွေ ရှိပါတယ်။ အဲ့ဒီထဲမှာ အသက် ၆ လကနေ ၅ နှစ်အထိ ကလေးငယ်တွေ၊ အသက် ၆၅ နှစ်နဲ့ အထက် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက် ၆ လနဲ့ အထက်ရှိတဲ့ အက်ဘော်ရစ်ဂျင်နယ် (Aboriginal) နဲ့ Torres Strait Islander လူမျိုးစုဝင်တွေ၊ နောက်ပြီး သတ်မှတ်ထားတဲ့ ကျန်းမာရေး အခြေအနေရှိသူတွေ ပါဝင်ပါတယ်။"

သင်နေထိုင်တဲ့ ဒါမှမဟုတ် အလုပ်လုပ်ကိုင်တဲ့ နေရာပေါ် မူတည်ပြီး ပြည်နယ်အစိုးရ ဒါမှမဟုတ် သင့်အလုပ်ရှင်ကလည်း အခမဲ့ ကာကွယ်ဆေးထိုးပေးတာမျိုး ရှိနိုင်ပါတယ်။ ကာကွယ်ဆေးထိုးဖို့အတွက် နေရာအမျိုးမျိုးကို ရွေးချယ်နိုင်တယ်လို့ ဒေါက်တာ Williams က ဆက်ပြောပါတယ်။

"မိမိတို့ရဲ့ မိသားစုဆရာဝန် (GP)၊ ဒေသန္တရ ကောင်စီရဲ့ ကာကွယ်ဆေးထိုးခန်းတွေ၊ လူထုကျန်းမာရေး စင်တာတွေ၊ အက်ဘော်ရစ်ဂျင်နယ် ကျန်းမာရေး ဝန်ဆောင်မှုဌာနတွေနဲ့ ဩစတြေးလျနိုင်ငံတစ်ဝန်းက ဆေးဆိုင်အချို့မှာလည်း တုပ်ကွေးကာကွယ်ဆေး သွားထိုးလို့ ရပါတယ်။ ပြည်နယ်အလိုက် စီစဉ်ထားမှုတွေအရ အချို့သော ဆေးရုံတွေမှာလည်း ထိုးနှံနိုင်ပါတယ်။"

Is there a needle-free flu vaccine in Australia?

အသက် ၂ နှစ်ကနေ ၁၇ နှစ်ကြားရှိတဲ့ ကလေးငယ်တွေအတွက် အပ်နဲ့ထိုးစရာမလိုတဲ့ တုပ်ကွေးကာကွယ်ဆေးကိုလည်း ရရှိနိုင်ပြီ ဖြစ်ပါတယ်။

နှာခေါင်းထဲကို ဖျန်းရတဲ့ ဒီတုပ်ကွေးကာကွယ်ဆေးကို ၂၀၂၆ ခုနှစ်မှာ ဩစတြေးလျနိုင်ငံမှာ စတင်ရရှိနိုင်ခဲ့တာပါ။ ဒါပေမဲ့ ကနေဒါ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာတော့ ဒီဆေးကို ဘေးကင်းစွာ အသုံးပြုနေခဲ့တာ အတော်ကြာနေပြီ ဖြစ်ပါတယ်။

ဒီဆေးကို ဩစတြေးလျတစ်ဝန်းက ပုဂ္ဂလိက ဆေးခန်းတွေမှာ ရရှိနိုင်သလို၊ အချို့ပြည်နယ်တွေမှာတော့ လမ်းလျှောက်စအရွယ် ကလေးငယ်တွေနဲ့ မူကြိုကျောင်းသားတွေအတွက် အခမဲ့ ထိုးနှံပေးနေပါတယ်။ ဒါကြောင့် သင်နေထိုင်တဲ့ ဒေသမှာ အစိုးရက အခမဲ့ထိုးပေးတဲ့ အစီအစဉ် ရှိ၊ မရှိ စုံစမ်းကြည့်ဖို့ လိုပါတယ်။

အပ်နဲ့ထိုးစရာမလိုတဲ့ ဒီနည်းလမ်းဟာ တချို့ မိသားစုတွေအတွက် သတင်းကောင်းပဲလို့ ဒေါက်တာ Wright က ဆိုပါတယ်။

Australia Explained - Flu
The nasal flu vaccine has been used for years outside of Australia. Source: Moment RF / Paul Biris/Getty Images

"ဒီကာကွယ်ဆေးကို ယူကေ၊ အီတလီ၊ စပိန်၊ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေမှာ အသုံးပြုနေခဲ့တာ နှစ်အတော်ကြာပါပြီ။ အခုတော့ ဩစတြေးလျကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အချို့ပြည်နယ်တွေမှာတော့ အသက် ၂ နှစ်ကနေ ၅ နှစ်ကြား ကလေးတွေအတွက် နှာခေါင်းဖျန်းဆေးကို အခမဲ့ ရနိုင်ပါတယ်။ ဒီအရွယ်ကလေးတွေက ဆေးထိုးရမှာကို သိပ်မကြိုက်ကြသလို၊ မိဘတွေကလည်း အပ်ကိုကြောက်တဲ့ ကလေးတွေကို ခေါ်လာဖို့ ဝန်လေးတတ်ကြတာကြောင့် အခုလို အပ်မလိုတဲ့နည်းလမ်းက အဆင်ပြေစေမှာပါ။"

When is the best time to get the flu shot?

တုပ်ကွေးဟာ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပေမဲ့ ဆောင်းရာသီလတွေမှာ ဗိုင်းရပ်စ် ပိုပြီး ပျံ့နှံ့တတ်ပါတယ်။ ဩစတြေးလျနိုင်ငံ အတော်များများမှာတော့ ဇွန်လကနေ စက်တင်ဘာလကြားမှာ တုပ်ကွေးကူးစက်မှု အမြင့်ဆုံးကို ရောက်ရှိလေ့ ရှိပါတယ်။

ကူးစက်မှု အမြင့်ဆုံးအချိန် မတိုင်မီ ၃ လကနေ ၄ လ ကြိုတင်ပြီး ကာကွယ်ဆေးထိုးထားတာက အကောင်းဆုံး အကာအကွယ်ကို ရရှိစေမှာပါ။ ဒါပေမဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ ဘယ်တော့မှ နောက်မကျပါဘူး။ အထူးသဖြင့် ခရီးသွားဖို့ အစီအစဉ်ရှိရင် ပိုပြီး အရေးကြီးပါတယ်။ ဆစ်ဒနီတက္ကသိုလ်က ကူးစက်ရောဂါနဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပါမောက္ခ ဒေါက်တာ Meru Sheel က အခုလို ရှင်းပြပါတယ်။

"ကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှု အရှိဆုံးအချိန်က ၃ လကနေ ၄ လအတွင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းဦးကနေ ဆောင်းရာသီအစမှာ ကာကွယ်ဆေးထိုးဖို့ ကျွန်မတို့ အကြံပြုတာပါ။ ဧပြီလ ဒါမှမဟုတ် မေလအတွင်း ဆေးတွေ စတင်ရရှိပြီဆိုတာနဲ့ သင့်တော်တဲ့အချိန်မှာ ထိုးထားတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ခရီးသွားမယ့်သူတွေဆိုရင် ခရီးမထွက်ခင် ၂ ပတ်ကနေ ၃ ပတ် ကြိုပြီး ထိုးထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ဆေးထိုးပြီး သုံးပတ်လောက်ကြာမှ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အပြည့်အဝ အလုပ်လုပ်မှာ ဖြစ်လို့ပါ။"

Australia Explained - Flu
Get your flu vaccine at least two to three weeks before your trip. Source: Moment RF / Oscar Wong/Getty Images

Should I be concerned about the side effects of the flu vaccine?

တုပ်ကွေးဗိုင်းရပ်စ်ဟာ နှစ်စဉ် အမျိုးအစား ပြောင်းလဲနေတာကြောင့် ကာကွယ်ဆေးကိုလည်း နှစ်တိုင်း ထိုးဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးထိုးပြီးရင် ခြောက်ယောက်မှာ တစ်ယောက်ထက် မပိုတဲ့ လူနည်းစုမှာတော့ ဖျားတာ၊ နုံးတာနဲ့ ကြွက်သားကိုက်ခဲတာလိုမျိုး ဘေးထွက်ဆိုးကျိုးလေးတွေ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ ဓာတ်မတည့်မှုမျိုးကတော့ အလွန်ရှားပါတယ်လို့ ဒေါက်တာ Sheel က ဆိုပါတယ်။

"ကာကွယ်ဆေးတိုင်းမှာ ဆေးထိုးတဲ့နေရာက နာတာ၊ ရောင်တာ၊ နီရဲတာ ဒါမှမဟုတ် အနည်းငယ် ဖျားတာမျိုးလိုမျိုး ဘေးထွက်ဆိုးကျိုးလေးတွေ ရှိတတ်ပါတယ်။ ဒါတွေက အလိုလို ပြန်ကောင်းသွားတတ်တာပါ။ ပြင်းထန်တဲ့ ဓာတ်မတည့်မှုမျိုးကတော့ အလွန်ပဲ ရှားပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေးထိုးပြီးရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူက ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် စောင့်ကြည့်ခိုင်းတာ ဖြစ်ပါတယ်။ တကယ်လို့ ဓာတ်မတည့်တာမျိုး ရှိခဲ့ရင်လည်း အဲ့ဒီအချိန်အတွင်းမှာပဲ ဖြစ်တတ်လို့ပါ။"

Subscribe to or follow the Australia Explained podcast for more valuable information and tips about settling into your new life in Australia.

Do you have any questions or topic ideas? Email australiaexplained@sbs.com.au


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now