ရန်ကုန်မြို့နယ်မှာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြို့နယ် ၁၀ ခုက လူငယ် ၃၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ Yangon scout Network RSN ချန်နယ်ရဲ့ အချက်အလက်တွေ အရသိရပါတယ်။ RSN ဟာ ရန်ကုန်မြို့ပေါ်မှာစစ်တပ်ရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေး၊ ဧည့်စာရင်းဝင်စစ်တဲ့နေရာတွေနဲ့ ပေါ်တာဆွဲတဲ့ဖြစ်စဉ်တွေးကို အချိန်နှင့်တပြေးညီ ကြိုတင်သတိပေးထုတ်ပြန်ပေးနေတဲ့ ကွန်ရက်တစ်ခုဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာလူမှုကွန်ယက်တွေမှာလည်း လူငယ်တွေကို ဖမ်းဆီးနေတယ်ဆိုတဲ့ ရုပ်သံတွေ ပျံ့နှံ့နေတာကိုလည်းတွေ့ရပါတယ်။
မြို့ခံတွေကတော့ နေ့ခင်းဖက်မှာ အရပ်ဝတ်နဲ့ ပျူစောထီးတွေဟာ ကားဂိတ်တွေ လမ်းကြိုလမ်းကြားတွေမှာ စောင့်နေပြီး လူငယ်တွေ ၃ ၊၄ ယောက် အုပ်စုလိုက်သွားရင်တောင် ရိုက်ပြီး ကားပေါ်ဆွဲတင်ခေါ်သွားတာတွေရှိတယ်လို့ ဆိုပါတယ်။
ဒရန်ကုန်မြို့လယ်ခေါင် ဆူးလေမှတ်တိုင်နဲ့ လူကူးခုံးကျော်တံတားမှာတောင် ပြူစောထီးတွေနဲ့ စစ်တပ်လက်ပါးစေတွေဟာ အရပ်ဝတ်တွေနဲ့စောင့်ဆိုင်းနေတတ်ပြီး လူငယ်တွေကိုစောင့်ကြည့်ဖမ်းဆီးနေတာတွေရှိတယ်လို့ လည်း သိရပါတယ်။
ရန်ကုန်မြို့တောင်ဒဂုံမှာနေထိုင်တဲ့ အမျိုးသမီးတဦးကတော့ သူမနဲ့တူတော်စပ်သူ အသက် ၁၄ နှစ်အရွယ် လူငယ်တဦးကို ည၁၀ နာရီကျော်မှ အပြင်ထွက်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရာအိမ်မှူးနဲ့ အပေါင်းအပါတွေက ထိုးကြိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နားဆင်နိုင်ပါပြီ။






