ကုလသမဂ္ဂရဲ့ ၈၁ ကြိမ်မြောက် အထွေထွေညီလာခင် မစတင်ခင်မှာပဲ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက်ထားရှိဖို့ ပြည်ပရောက်မြန်မာတွေ တောင်းဆိုမှုတွေ စတင်နေကြပါတယ်။
နေပြည်တော်ဘက်က တင်သွင်းလာမယ့် ကိုယ်စားလှယ်ကို ပယ်ချဖို့နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထးရှိဖို့ ကမ်ပိန်းတွေ စတင်နေတာ ဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ အန်ယူဂျီနဲ့ အတိုက်အခံအသိုင်းအဝိုင်းတွေအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ပြီး ခန့်အပ်ဖို့ ဘာကြောင့်အရေးကြီးသလဲ၊ သံအမတ်ကြီးအနေနဲ့ ဘာတွေ လုပ်ဆောင်ခဲ့သလဲ၊ မျှော်လင့်သလို ဖြစ်မလာရင် ဘာတွေဖြစ်မလဲ စတဲ့အကြောင်းတွေနဲ့ ဆက်စပ်ပြီး ဩစတြေးလျဆိုင်ရာ အန်ယူဂျီရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေကို မေးမြန်းထားပါတယ်။






