ဩစတြေးလျ အမျိုးသား ငါးယောက်မှာ တစ်ယောက်ဟာ သူတို့ရဲ့ သက်တမ်းအတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိရနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ ဒါကြောင့်မို့လို့ သင့်မှာ ရောဂါဖြစ်နိုင်ခြေ ရှိမရှိ သဘောပေါက်ဖို့အပြင်၊ ဘယ်အချိန်မှာ စစ်ဆေးမှုပြုလုပ်သင့်တယ်ဆိုတာနဲ့ သင့်ရဲ့ ရွေးချယ်စရာတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစီးစွာ ရှာဖွေတွေ့ရှိရေးနဲ့ ကုသထိန်းချုပ်ရေးအတွက် သင်သိထားသင့်တဲ့အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Key Points
- Apart from skin cancer, prostate cancer is the most common cancer in Australia.
- Prostate cancer has no specific symptoms; however benign enlargement of the prostate gland can cause difficulty passing urine.
- The Prostate Specific Antigen (PSA) blood test is the main tool used to detect prostate cancer and is recommended for men from 50 years of age.
- What is the prostate gland and why can it become a problem?
- What are the risk factors for prostate cancer and what testing is available?
- What are the treatment options for prostate cancer?
- What is it like to experience prostate cancer?
- What support is available for men with prostate cancer?

What is the prostate gland and why can it become a problem?
ဆီးကျိတ်ဟာ သစ်ကြားသီး အရွယ်အစားလောက်ပဲ ရှိပြီး ဆီးအိမ်ရဲ့ အောက်ဘက်မှာ တည်ရှိပါတယ်။
ဆီးကျိတ်ဆိုတာ ဆီးအိမ်ရဲ့ အောက်ဘက်မှာရှိတဲ့ အမျိုးသား မျိုးပွားအင်္ဂါစုထဲက သေးငယ်တဲ့ ဂလင်းတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ဟာ ပုံမှန်အားဖြင့် ပြောင်းလဲလေ့ရှိပါတယ်။ ဒီပြောင်းလဲမှု အများစုဟာ စိုးရိမ်စရာမလိုတဲ့ သာမန်ကြီးထွားမှုတွေဖြစ်ပေမဲ့ အချို့ကတော့ ကင်ဆာကြောင့် ဖြစ်နိုင်ပါတယ်။
ပါမောက္ခ Declan Murphy ဟာ ဆီးလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်တစ်ဦးဖြစ်ပြီး မဲလ်ဘုန်းမြို့ရှိ Peter MacCallum ကင်ဆာဗဟိုဌာနရဲ့ ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါ ကင်ဆာဌာန ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။
“သူက သုတ်ရည်ဖြစ်ပေါ်ဖို့ သုတ်ပိုးနဲ့ ရောစပ်ပေးတဲ့ အရည်ကို ထုတ်ပေးတာဖြစ်ပြီး ဒီအရည်က သုတ်ပိုးတွေကို ကာကွယ်ပေးသလို အာဟာရလည်း ထောက်ပံ့ပေးပါတယ်။ ဒါကြောင့် သုတ်ရည်လွှတ်ခြင်းမှာ သူ့ရဲ့ အဓိကအခန်းကဏ္ဍက ပါဝင်နေတာဖြစ်ပါတယ်။”
အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ဆီးကျိတ်ဂလင်းဟာ ကြီးလာလေ့ရှိပြီး ခန္ဓာကိုယ်ပြင်ပကို ဆီးစွန့်ထုတ်ပေးတဲ့ ဆီးပြွန်ကို သွားဖိမိတတ်ပါတယ်။
ဆီးပြွန်ကို သွားပြီး ဖိထားသလိုဖြစ်တာကြောင့် အမျိုးသားတွေဟာ ညဘက်မှာ ဆီးသွားဖို့ ခဏခဏ နိုးလာရတတ်ကြောင်း ဩစတြေးလျ ဆီးကျိတ်ဗဟိုဌာနမှ ဆီးလမ်းကြောင်းဆိုင်ရာ အထူးသူနာပြု Helen Crowe က ခုလို ရှင်းပြထားပါတယ်။
“ဒါဟာ သာမန်ဆီးကျိတ်ကြီးလာတာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ကင်ဆာကြောင့် မဟုတ်ဘဲ အသက်အရွယ်ရလာလို့ ပြောင်းလဲမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုကြီးလာတာဟာ ဆီးအိမ်ထဲက ဆီးကုန်အောင် စွန့်ထုတ်ရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပြီး၊ ဒီအခါမှသာ အမျိုးသားတွေဟာ ဆီးကျိတ်ကြောင့် ပြဿနာစတင်ကြုံတွေ့ရလို့ သူတို့မှာ ဆီးကျိတ်ရှိမှန်း သတိထားမိလာကြတာ ဖြစ်ပါတယ်။”
ဆီးကျိတ်ဂလင်းဟာ 'ဆီးကျိတ်ရောင်ရမ်းခြင်း' (prostatitis) လို့ခေါ်တဲ့ ရောင်ရမ်းတာ ဒါမှမဟုတ် ပိုးဝင်တာမျိုးလည်း ဖြစ်နိုင်ပြီး လိင်အင်္ဂါနဲ့ စအိုပေါက် ကြားနေရာတွေမှာ မသက်မသာ ခံစားရစေပါတယ်။ ဒါဟာ အိပ်စက်မှုကို ထိခိုက်စေနိုင်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ သို့မဟုတ် ထိုင်ဖို့တောင် ခက်ခဲစေနိုင်ပါတယ်။
ဆီးကျိတ်ဂလင်းမှာ ကင်ဆာလည်း ဖြစ်ပွားနိုင်ပြီး ဒီရောဂါဟာ ပုံမှန်အားဖြင့် လက္ခဏာပြလေ့မရှိဘူးလို့ ပါမောက္ခ Murphy က ခုလိုရှင်းပြထားပါတယ်။
“အချို့အမျိုးသားတွေအတွက် ဒီရောဂါဟာ ကြီးမားတဲ့ ပြဿနာမဟုတ်ဘဲ စောင့်ကြည့်ရုံအဆင့်နဲ့ ရပေမဲ့၊ အချို့အမျိုးသားတွေမှာတော့ တော်တော်လေး စိုးရိမ်ရပြီး ပြင်းထန်တဲ့ လက္ခဏာတွေအပြင် အသက်အန္တရာယ်အထိပါ စိုးရိမ်ရနိုင်ပါတယ်။"

What are the risk factors for prostate cancer and what testing is available?
"တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ဆီးကျိတ်ကင်ဆာဟာ ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်စောင်အရ ၂၀၂၀ နဲ့ ၂၀၄၀ ကြားမှာ ကမ္ဘာတစ်ဝန်း ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု နှစ်ဆတိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ အရေပြားကင်ဆာကလွဲရင် ဒါဟာ ဩစတြေးလျက အမျိုးသားတွေမှာ ရောဂါအများဆုံး စစ်ဆေးတွေ့ရှိရတဲ့ ကင်ဆာဖြစ်ပါတယ်။ ဩစတြေးလျမှာ အသက် ၈၀ အရွယ် အမျိုးသားတစ်ဦးဟာ ဆီးကျိတ်ကင်ဆာ စစ်ဆေးတွေ့ရှိနိုင်ခြေ ငါးယောက်မှာ တစ်ယောက်နှုန်း ရှိပါတယ်။”
Apart from skin cancer, this is the most common cancer diagnosed in men in Australia. The likelihood by the age of 80 of a man in Australia being diagnosed with prostate cancer is about one in five.Professor Declan Murphy
ဒီလောက်များတဲ့ အမျိုးသားထုကြီး ဆီးကျိတ်ကင်ဆာ ဘာကြောင့် ဖြစ်ပွားနေရသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ မစ္စ ခရိုး (Ms Crowe) က ပြောပါတယ်။
ဆီးကျိတ်ကင်ဆာ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကို အပြည့်အဝ နားမလည်ကြသေးပါဘူး။ ခိုင်လုံတဲ့ ဆိုးကျိုးပေးနိုင်သည့် အကြောင်းအရင်းတွေထဲမှာ အသက်အရွယ် ကြီးရင့်လာခြင်း၊ မျိုးရိုးလိုက်ခြင်းနဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုအချို့တို့ ပါဝင်ပါတယ်။ သုတေသနပညာရှင်တွေဟာ လူနေမှုဘဝပုံစံတွေကြောင့် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလား ဆိုတာကိုလည်း လေ့လာဆန်းစစ်နေကြပါတယ်။
ဆီးကျိတ် သီးသန့် အန်တီဂျင် (Prostate-specific antigen) သို့မဟုတ် PSA လို့ခေါ်တဲ့ သွေးစစ်ဆေးမှုဟာ လက္ခဏာတွေ မပြမီ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကို စောစီးစွာ သိရှိနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
အသက် ၅၀ ဝန်းကျင်ကစပြီး အမျိုးသားတွေအနေနဲ့ မိမိတို့နဲ့ ပုံမှန် PSA သွေးစစ်ဆေးမှု လုပ်ဖို့ သင့်မသင့် မိသားစု ဆရာဝန် (GP) နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်ခြေ ပိုများတဲ့ အမျိုးသားတွေကိုတော့ ဒီလိုဆွေးနွေးမှုကို ပိုမိုစောစီးစွာ ပြုလုပ်ဖို့ ပါမောက္ခ မာဖီ (Prof Murphy) အကြံပြုထားပါတယ်။
“ဆီးကျိတ်ကင်ဆာနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်ဆိုရင် ရောဂါလက္ခဏာတွေ ပြသလာတဲ့အထိ စောင့်မနေပါနဲ့။ မျိုးရိုးထဲမှာ ဆီးကြိတ်ကင်ဆာ ရှိသူတွေ၊ genetic mutation မျိုးရိုးဗီဇ ပြောင်းလဲမှုရှိသူတွေနဲ့ တချို့လူမျိုးတွေ ဥပမာ အာဖရို-ကာရီဘီယံ (Afro-Caribbean) အမျိုးသားတွေလို လူတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါတယ်။ ဒီလို အခြေအနေမျိုးမှာတော့ အသက် ၄၅ နှစ် ဝန်းကျင်ကစပြီး ဆေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆွေးနွေးတိုင်ပင်သင့်တယ်လို့ ကျွန်တော်တို့ အကြံပြုပါတယ်။”
ဆီးကျိတ်ကင်ဆာ စတင်တွေ့ရှိချိန်မှာ ရောဂါရောက်နေတဲ့အဆင့်နဲ့ ဖြစ်နေတဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး ကုသမှု ပုံစံတွေ ကွဲပြားတယ်လို့ ပါမောက္ခ မာဖီက ရှင်းပြထားပါတယ်။

What are the treatment options for prostate cancer?
“ဆီးကျိတ်ကင်ဆာ ဖြစ်နေပြီလို့ စမ်းသပ်တွေ့ရှိရုံနဲ့ ကုသမှု မဖြစ်မနေ ချက်ချင်းခံယူရတော့မယ်ဆိုပြီး စိုးရိမ်စရာ မလိုပါဘူး။ စမ်းသပ်တွေ့ရှိချိန်မှာ ၉၀ ရာခိုင်နှုန်းကျော်တဲ့ လူနာတွေမှာ ကင်ဆာဟာ ဆီးကျိတ်အတွင်းမှာပဲ သီးသန့်ရှိနေသေးတဲ့အတွက် သြစတြေးလျလို နိုင်ငံမျိုးမှာ ကင်ဆာကို စောင့်ကြည့်စစ်ဆေးနေခြင်း (monitoring) က သင့်တော်တဲ့ စောင့်ရှောက်မှု နည်းလမ်းတစ်ခု ဖြစ်နိုင်တယ်လို့ အကြံပြုတာမျိုးတွေ ခုနောက်ပိုင်း အလွန်ခေတ်စားလာပါတယ်။”
တက်ကြွစွာ စောင့်ကြည့်စစ်ဆေးနေတဲ့ ကာလအတွင်းမှာ လူနာတွေအနေနဲ့ အခြေအနေကို သိနိုင်အောင် ပုံမှန် စဆေးမှုတွေအပြင် စက်ပစ္စည်းနဲ့ စစ်ဆေးမှုတွေ လုပ်ရနိုင်ပြီး ကင်ဆာ ပိုမိုဆိုးရွားလာတဲ့ လက္ခဏာတွေ တွေ့ရှိတဲ့အခါမှ ကုသမှုကို စတင်စဉ်းစားမှု လုပ်တယ်လို့ ပြောပါတယ်။
ပိုမိုပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာ အမျိုးအစား ခံစားနေရတဲ့ လူနာတွေအတွက် ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆေးသွင်း ကုသခြင်း (Chemotherapy) နဲ့ ဟော်မုန်းဖြင့် ကုသခြင်းစတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်တယ်လို့ ပါမောက္ခ မာဖီက ရှင်းပြထားပါတယ်။
“ဒီကင်ဆာကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်တို့မှာ သုံးနိုင်တဲ့ နည်းလမ်းပေါင်းများစွာ ရှိနေပါပြီ။ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်းမှာ ကင်ဆာဟာ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ပျံ့နှံ့သွားခဲ့ရင်တောင်မှ လူနာတွေ ရရှိနိုင်တဲ့ ကုသမှု နည်းလမ်းတွေမှာ အံ့ဩစရာကောင်းလောက်အောင် တိုးတက်မှုတွေရှိတာကို မြင်တွေ့ခဲ့ရပါတယ်။”
ရောဂါရဲ့ ရလဒ်တွေက ကင်ဆာအမျိုးအစားနဲ့ ဖြစ်နေတဲ့ အဆင့်ပေါ်မူတည်ပြီး ကွဲပြားပေမယ့်၊ စောစီးစွာ တွေ့ရှိရတဲ့ ဆီးကျိတ်ကင်ဆာဟာ ယေဘုယျအားဖြင့် အသက်ရှင်သန်နိုင်ဖို့ ရာခိုင်နှုန်း အလွန်မြင့်မားလေ့ ရှိပါတယ်။

What is it like to experience prostate cancer?
ဒန်နီ မိုရ် (Danny Moyle) ဟာ PSA စစ်ဆေးမှု ပမာဏ တဖြည်းဖြည်း မြင့်တက်လာတဲ့အတွက် မိသားစုဆရာဝန်က ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ အထူးကုဆရာဝန် (Urologist) နဲ့ သွားတွေ့ဖို့ ညွှန်းလိုက်တဲ့အချိန်မှာ အသက် ၆၅ နှစ် ရှိပြီဖြစ်ပါတယ်။
“ကျွန်တော် နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပြီး၊ ဆရာဝန်က ဆီးကျိတ်တစ်ခုလုံးကို ထုတ်ပစ်ဖို့ အကြံပြုခဲ့တဲ့အတွက် အဲဒီနှစ်မှာပဲ ခွဲစိတ်မှု လုပ်ခဲ့ပါတယ်။ ဒါက တကယ်ကို စိတ်ထိခိုက်စရာပါ၊ ကျနော်ရဲ့ မျိုးပွားအင်္ဂါ အစိတ်အပိုင်းတစ်ခု လုံးဝ ဆုံးရှုံးသွားရပြီ၊ ဒါဟာ ငါ့ရဲ့ လိင်ပိုင်းဆိုင်ရာ ဘဝနဲ့ အခြားအရာတွေပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိတော့မယ်ဆိုပြီး တွေးမိခဲ့လို့ စိတ်ထိခိုက်ခဲ့ရတယ်။”
ခွဲစိတ်မှု ပြုလုပ်ပြီးနောက်ပိုင်းမှာလည်း မစ္စတာ မိုရ်ရဲ့ PSA ပမာဏမှာ ပြန်လည်မြင့်တက်လာခဲ့တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ ကျန်ရှိနေသေးတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ပြောပါတယ်။
“ဒါဟာ ကင်ဆာက တစ်နေရာရာမှာ ကျန်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဆီးကျိတ်ထဲမှာ မဟုတ်တော့တာတော့ သေချာတယ်၊ ဆီးကျိတ်က ထုတ်လိုက်ပြီလေ။ ဒါပေမဲ့ ဆီးကျိတ်ကင်ဆာဆဲလ်တွေရဲ့ အံ့ဩစရာကောင်းတဲ့ အချက်ကတော့ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာပဲရှိရှိ PSA ကို ဆက်လက် ထုတ်လုပ်နေတာကြောင့် ဘယ်နေရာမှာမဆို ပေါ်နေတယ်။”
နောက်ထပ် ငါးနှစ်တာကာလအတွင်း မစ္စတာ မိုရ်ရဲ့ ဆရာဝန်တွေက သူ့ရဲ့ PSA ပမာဏကို ဆက်လက်စောင့်ကြည့်မှု လုပ်ခဲ့ကြပါတယ်။ သူ့ရဲ့ ဓာတ်ရောင်ခြည် ကင်ဆာအထူးကု ဆရာဝန်က နောက်ဆုံးမှာ ၇ ပတ်ကြာ ဓာတ်ရောင်ခြည် ကုသမှုနဲ့ ၆ လကြာ ဟော်မုန်း ကုသမှုကို လုပ်ဖိုင့ အကြံပြုခဲ့တယ်လို့ ပြောပါတယ်။
“မနှစ်ကတော့ မကောင်းတဲ့ လအနည်းငယ်ကို ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ၂ လ၊ ၃ လတစ်ကြိမ်၊ ပြီးတော့ ၆ လတစ်ကြိမ် PSA ပြန်စစ်ရပါတယ်။ မနှစ် နှစ်ကုန်ပိုင်းမှာ စစ်ခဲ့တဲ့ နောက်ဆုံး ရလဒ်မှာတော့ ကင်ဆာဆဲလ် မတွေ့ရတော့ပါဘူး၊ ဒါကြောင့် အခြေအနေတွေ ပြန်ကောင်းလာနေပါပြီ။”
ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနေကြောင်း စမ်းသပ်တွေ့ရှိရတဲ့အခါမှာ အမျိုးသားတွေအနေနဲ့ စိတ်ခံစားမှု အမျိုးမျိုးကို ကြုံတွေ့ရနိုင်တယ်လို့ မစ္စ ခရိုးက ပြောပါတယ်။
“အံ့ဩတုန်လှုပ်သွားတာကတော့ အင်မတန် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ခံစားချက် ဖြစ်ပါတယ်။ ဒီလို စိတ်ခံစားမှုတွေကို ဖြတ်သန်းတဲ့အခါ လွတ်ထားပါ၊ အခု သူတို့ ခံစားနေရတဲ့ ခံစားချက်ဟာ လုံးဝ ပုံမှန်ဖြစ်တယ်၊ အင်မတန် ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုတာ ရှင်းပြပေးရပါမယ်၊ အချက်အလက်အချို့ ရရှိသွားပြီဆိုရင်တော့ အခြေအနေတွေ ပိုမိုလွယ်ကူလာပါလိမ့်မယ်။ ကုသမှု အစီအစဉ်ကို သိသွားပြီဆိုရင် ကုသမှုဟာ သူတို့ ဘဝရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာမှာပါ။”
What support is available for men with prostate cancer?
ဆီးကျိတ်ကင်ဆာ တွေ့ရှိထားသူတွေအတွက် မစ္စ ခရိုးလို ပညာရှင်တွေကို မေးခွန်းမေးရင် သူတို့က ဖြေကြားပေးနိုင်ပြီး ဆီးကျိတ်ကင်ဆာကို ဆက်လက် စောင့်ကြည့်ခြင်း အပါအဝင် အထူးပြု စောင့်ရှောက်မှုတွေ ပေးနိုင်တဲ့ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ အထူးကုဆရာဝန် အပါအဝင် အကူအညီမျိုးစုံ ရရှိနိုင်ပါတယ်။
မစ္စတာ မိုရ် အတွက်ကတော့ သူရဲ့ ဇနီးနဲ့ မိသားစုဝင်တွေရဲ့ ကူညီပံ့ပိုးမှုကို ရရှိတာက အလွန် အရေးပါတဲ့ ပံ့ပိုးမှုဖြစ်သလို သူကိုယ်တိုင် ဦးဆောင် ဖွဲ့စည်းခဲ့တဲ့ သူ့ ဒေသတွင်းက ဆီးကျိတ်ကင်ဆာ ကူညီပံ့ပိုးရေး အဖွဲ့ကလည်း သူ့အတွက်အရေးကြီးခဲ့တယ်လို့ ပြောပါတယ်။
“ဒီခရီးလမ်းကြမ်းကို အတူတူ ဖြတ်သန်းနေကြတဲ့ အခြား အမျိုးသားတွေနဲ့ စကားပြောခွင့်ရတာ၊ မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲတွေကို ရင်ဖွင့်ပြီး အချင်းချင်း ကူညီပံ့ပိုးပေးနိုင်တာတွေဟာ အလွန်ပဲ ထူးခြားတဲ့ ကွာခြားချက်ကို ဖြစ်စေပါတယ်။ အဲဒါက တကယ်ကို အံ့ဩစရာပါပဲ။ ပြီးတော့ ကျွန်တော်တို့ဆီ လာရောက် ဟောပြောပေးခဲ့တဲ့ ဖိတ်ကြားထားတဲ့ ဟောပြောသူအချို့ဟာလည်း တကယ်ကို ခွန်အားရခဲ့ပြီး အဖွဲ့ဝင်တွေကို သူတို့ ပေးခဲ့တဲ့ အကူအညီတွေကလည်း တကယ်ကို ကောင်းမွန်လှပါတယ်။”
ဆီးကျိတ်ကင်ဆာအကြောင်းနဲ့ သင့်အနီးအနားမှာရှိတဲ့ ကူညီပံ့ပိုးရေး အဖွဲ့တွေအကြောင်း ပိုမိုသိရှိလိုရင်Australian Prostate Centre နဲ့Prostate Cancer Foundation of Australia ဝဘ်ဆိုက်တွေကို ဝင်ရောက် ကြည့်ရှုနိုင်တယ်လို့ Phil Tucak ရေးသား ထုတ်လုပ်ပြီး Christos Kalemis တင်ဆက်တဲ့ Australia Explained အစီအစဥ်ကို တင်ဆက်လိုက်ပါတယ်ရှင်။
Subscribe to or follow the Australia Explained podcast for more valuable information and tips about settling into your new life in Australia.
Do you have any questions or topic ideas? Email australiaexplained@sbs.com.au






