SKIP TO MAIN CONTENT

ဩစီမှာ လုပ်အားပေးသူတွေ နည်းပါးလာ

Volunteer
19 से 25 मई तक मनाया जा रहा नेशनल वॉलंटियर्स वीक 2024 इस बार "कनेक्टिंग कम्युनिटीज़" थीम के साथ लौट रहा है। Credit: Public Domain

ဩစ‌တြေးလျနိုင်ငံမှာ တချိန်တုန်းက လုပ်အားပေးသမားတွေနဲ့ လုပ်ငန်းပေါင်းများစွာကို လည်ပတ်ခဲ့ပေမယ့် အခုဆိုရင် အခမဲ့လုပ်အားပေးတဲ့ လူဦးရေ နည်းပါးလာပြီး အထူးသဖြင့် လူငယ်တွေအကြားမျာ ပိုနည်းပါးလာတယ်လို့ သိရပါတယ်။


Published

By Sam Dover

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

ဩစ‌တြေးလျနိုင်ငံမှာ တချိန်တုန်းက လုပ်အားပေးသမားတွေနဲ့ လုပ်ငန်းပေါင်းများစွာကို လည်ပတ်ခဲ့ပေမယ့် အခုဆိုရင် အခမဲ့လုပ်အားပေးတဲ့ လူဦးရေ နည်းပါးလာပြီး အထူးသဖြင့် လူငယ်တွေအကြားမျာ ပိုနည်းပါးလာတယ်လို့ သိရပါတယ်။


ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင်တုန်းက လုပ်အားပေးသူတွေ များပြားပေမယ့် ကပ်ရောဂါအလွန် ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ လုပ်အားပေးသူ လူဦးရေက ၂ သန်း လျော့ကျသွားပါတယ်။

ဒီလို အခြေအနေကြောင့် ဖက်ဒရယ်အစိုးရက လုပ်အားပေးအဖွဲ့တွေ လုပ်ငန်း လည်ပတ်နိုင်အောင် ဒေါ်လာ ၁၀ သန်း ချမှတ်ပေးမယ်လို့ ကြေညာပေမယ့် အဲဒီ ကဏ္ဏမှာ အလုပ်လုပ်သူတွေက အဲလောက်ထောက်ပံ့ကြေးနဲ့ မလုံလောက်ဘူးလို့ ပြောပါတယ်။

အင်တာနက်ကြောင့် လူတွေဟာ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ သဘာဝ ပတ်ဝန်းကျင်အရေးတွေကို ပိုမို သိခွင့်ရလာပြီမို့ သူတို့ ယုံကြည်ရာအတွက် ပိုပြီး လုပ်အားပေးကြလိမ့်မယ်လို့ ယူဆလို့ ရပါတယ်။

ဒါပေမဲ့ လူတွေက ကပ်ရောဂါအလွန်နောက်ပိုင်းမှာ သူတို့အားလပ်တဲ့အချိန်မှာ ဘာဖြစ်လို့ လုပ်အားပေးတာမျိုး သိပ်မလုပ်ကြတော့တာလဲ ဆိုတာ တွေးစရာ ဖြစ်လာပါတယ်။

ဩစ‌တြေးလျနိုင်ငံ စာရင်းအင်းဌာန Australian Bureau of Statistics ရဲ့ အချက်အလက်တွေက ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်အကြားမှာ ဩစတြေးလျနိုင်ငံက အသက်ပြည့်သူ ၃ ပုံ တစ်ပုံဟာ သူတို့ အားလပ်ချိန်အတွင်းမှာ အရာတစ်ခုခုအတွက် လုပ်အားပေးခဲ့ကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလနောက်ပိုင်းမှာ လုပ်အားပေးသူ ဦးရေက ၂၄.၈ ရာခိုင်နှုန်း ထိုးကျသွားခဲ့ပါတယ်။

အချက်အလက်တွေကို ဆန်းစစ်ကြည့်တဲ့အခါမှာ အသက် ၄၀ နဲ့ ၅၄ နှစ်ကြား လူ ၃ ပုံ တစ်ပုံက လုပ်အားပေးကြတာကို တွေ့ရပေမယ့် အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်အကြား လူငယ်တွေအကြားမှာ လုပ်အားပေးမှုန်းက ကျဆင်းသွားတာကို တွေ့ရပါတယ်။ လူငယ် ၅ ယောက်ထဲမှာ တစ်ယောက်နှုန်းသာ လုပ်အားပေးတာ ဒါမှမဟုတ် လူငယ် ၁၉ ရာခိုင်နှုန်းလောက်သာ လုပ်အားပေးကြတာ ဖြစ်ပါတယ်။

ဒီလို အချက်အလက်တွေကို ကြည့်လိုက်ရင် စိုးရိမ်စရာတွေပဲလို့ Volunteering Queensland အဖွဲ့က Simone Hasker က ပြောပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now